သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းေထာက္ မေကဇြန္ေႏြး RSF ဆု ဆန္ကာတင္စာရင္း ပါဝင္


RSF သတင္းလြတ္လပ္ခြင့္ဆုအတြက္ အဆုိျပဳခံရတဲ့ မေကဇြန္ေႏြး(ယာေအာက္) အပါအဝင္ အဆုိျပဳခံရသူမ်ား။ (ဓာတ္ပုံ - RSF)

(Zawgyi / Unicode)

နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔၊ အဂၤလိပ္လို အတိုအားျဖင့္ RSF အဖြဲ႔က Myanmar Now သတင္းေထာက္ မေကဇင္ေႏြးကို သတင္းလြတ္လပ္ခြင့္ဆုအတြက္ အဆိုျပဳလိုက္ပါတယ္။

မေကဇင္ေႏြးနဲ႔အတူ အဆိုျပဳစာရင္းမွာ ႏိုင္ငံ ၁၁ ႏိုင္ငံက လူနဲ႔ အဖြဲ႔အစည္း စုစုေပါင္း ၁၂ ေယာက္ ဒါမွမဟုတ္ အဖြဲ႔ ပါဝင္ၾကပါတယ္။

သတင္းဆိုင္ရာ သတၱိ၊ သက္ေရာက္မႈနဲ႔ သီးျခား လြတ္လပ္စြာ ‌ေဆာင္ရြက္မႈဆိုၿပီး က႑ ၃ ခုခြဲ လူပုဂၢိဳလ္ကိုျဖစ္ေစ၊ သတင္းဌာနကိုျဖစ္ေစ၊ အဖြဲ႔အစည္းကိုျဖစ္ေစ ဆုခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

အဆိုျပဳစာရင္းမွာ သတင္းေထာက္ ၆ ေယာက္ ပါဝင္ၿပီး သတင္းဌာနနဲ႔ သတင္းေထာက္မ်ား အဖြဲ႔ ၆ ဖြဲ႔ ပါဝင္ၾကပါတယ္။ သတင္းေထာက္ ၆ ေယာက္မွာ ၄ ေယာက္က အမ်ိဳးသမီးေတြ ျဖစ္ၾကၿပီး မေကဇင္ေႏြးက တေယာက္ အပါအဝင္ပါ။

ျမန္မာႏိုင္ငံမွာ ေျမျပင္သတင္းေတြကို ေပးႏိုင္ေအာင္ ေဆာင္ရြက္ခဲ့တဲ့ မေကဇင္ေႏြးရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ သတင္းလြတ္လပ္ခြင့္အတြက္ သတၱိရွိရွိ တိုက္ပြဲဝင္တဲ့ သေကၤတ ျဖစ္တယ္လို႔ RSF ရဲ႕ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အာဏာသိမ္းအၿပီး ေဖေဖာ္ဝါရီလ ၂၆ ရက္မွာ အဖမ္းခံခဲ့ရၿပီး သူ႔ကို ျပန္လႊတ္လိုက္တဲ့ ဇူလိုင္ ၁ ရက္ေန႔အထိ ရက္ေပါင္း ၁၂၄ ရက္ အက်ဥ္းက်ခံခဲ့ရပါတယ္။

မေကဇင္ေႏြး အလုပ္လုပ္ခဲ့တဲ့ Myanmar Now အဖြဲ႔နဲ႔အတူ DVB, 7 Days, Mizzima, ေခတ္သစ္မီဒီယာနဲ႔ အျခားအဖြဲ႔ေတြ အပါအဝင္ စုစုေပါင္း ၉ ဖြဲ႔ကို စစ္ေကာင္စီက လိုင္စင္႐ုပ္သိမ္း ပိတ္ပင္ခဲ့ပါတယ္။

အေမရိကန္ သတင္းစာဆရာ Danny Fernster ကို Myanmar Now အဖြဲ႔နဲ႔ ဆက္စပ္ၿပီး ဖမ္းဆီး တရားစြဲဆိုထားပါတယ္။ ဗြီအိုေအရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ အပါအဝင္ သတင္းစာဆရာ ၅၀ ေက်ာ္ဟာ အက်ဥ္းက်ခံေနရဆဲပါ။

သတင္းလြတ္လပ္ခြင့္ဆုကို ေရြးခ်ယ္တဲ့အဖြဲ႔ကို အိႏၵိယ၊ ျပင္သစ္၊ ဆီးရီးယား၊ တန္ဇန္းနီးယား၊ ပါကစၥတန္၊ ဂ်ာမနီနဲ႔ ႐ုရွားတို႔က အထင္ကရ သတင္းစာဆရာ ဒါမွမဟုတ္ မီဒီယာလြတ္လပ္ခြင့္အတြက္ ေဆာင္ရြက္ေနၾကတဲ့ အထင္ကရ ပုဂၢိဳလ္ေတြနဲ႔ ဖြဲ႔စည္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာသတင်းထောက် မကေဇွန်နွေး RSF ဆု ဆန်ကာတင်စာရင်း ပါဝင်

နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အင်္ဂလိပ်လို အတိုအားဖြင့် RSF အဖွဲ့က Myanmar Now သတင်းထောက် မကေဇင်နွေးကို သတင်းလွတ်လပ်ခွင့်ဆုအတွက် အဆိုပြုလိုက်ပါတယ်။

မကေဇင်နွေးနဲ့အတူ အဆိုပြုစာရင်းမှာ နိုင်ငံ ၁၁ နိုင်ငံက လူနဲ့ အဖွဲ့အစည်း စုစုပေါင်း ၁၂ ယောက် ဒါမှမဟုတ် အဖွဲ့ ပါဝင်ကြပါတယ်။

သတင်းဆိုင်ရာ သတ္တိ၊ သက်ရောက်မှုနဲ့ သီးခြား လွတ်လပ်စွာ ‌ဆောင်ရွက်မှုဆိုပြီး ကဏ္ဍ ၃ ခုခွဲ လူပုဂ္ဂိုလ်ကိုဖြစ်စေ၊ သတင်းဌာနကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

အဆိုပြုစာရင်းမှာ သတင်းထောက် ၆ ယောက် ပါဝင်ပြီး သတင်းဌာနနဲ့ သတင်းထောက်များ အဖွဲ့ ၆ ဖွဲ့ ပါဝင်ကြပါတယ်။ သတင်းထောက် ၆ ယောက်မှာ ၄ ယောက်က အမျိုးသမီးတွေ ဖြစ်ကြပြီး မကေဇင်နွေးက တယောက် အပါအဝင်ပါ။

မြန်မာနိုင်ငံမှာ မြေပြင်သတင်းတွေကို ပေးနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ မကေဇင်နွေးရဲ့ လုပ်ဆောင်ချက်တွေဟာ သတင်းလွတ်လပ်ခွင့်အတွက် သတ္တိရှိရှိ တိုက်ပွဲဝင်တဲ့ သင်္ကေတ ဖြစ်တယ်လို့ RSF ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၂၆ ရက်မှာ အဖမ်းခံခဲ့ရပြီး သူ့ကို ပြန်လွှတ်လိုက်တဲ့ ဇူလိုင် ၁ ရက်နေ့အထိ ရက်ပေါင်း ၁၂၄ ရက် အကျဉ်းကျခံခဲ့ရပါတယ်။

မကေဇင်နွေး အလုပ်လုပ်ခဲ့တဲ့ Myanmar Now အဖွဲ့နဲ့အတူ DVB, 7 Days, Mizzima, ခေတ်သစ်မီဒီယာနဲ့ အခြားအဖွဲ့တွေ အပါအဝင် စုစုပေါင်း ၉ ဖွဲ့ကို စစ်ကောင်စီက လိုင်စင်ရုပ်သိမ်း ပိတ်ပင်ခဲ့ပါတယ်။

အမေရိကန် သတင်းစာဆရာ Danny Fernster ကို Myanmar Now အဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ ဗွီအိုအေရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် အပါအဝင် သတင်းစာဆရာ ၅၀ ကျော်ဟာ အကျဉ်းကျခံနေရဆဲပါ။

သတင်းလွတ်လပ်ခွင့်ဆုကို ရွေးချယ်တဲ့အဖွဲ့ကို အိန္ဒိယ၊ ပြင်သစ်၊ ဆီးရီးယား၊ တန်ဇန်းနီးယား၊ ပါကစ္စတန်၊ ဂျာမနီနဲ့ ရုရှားတို့က အထင်ကရ သတင်းစာဆရာ ဒါမှမဟုတ် မီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေကြတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG