သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ငလျင်ကြောင့်သေဆုံးသူ ၄၈ ဦးအထိ တိုးလာ


ဂျပန်နိုင်ငံ တိုကျိုမြို့တော် အနောက်မြောက်ဘက်မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့ လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)
ဂျပန်နိုင်ငံ တိုကျိုမြို့တော် အနောက်မြောက်ဘက်မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့ လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)

ဂျပန်နိုင်ငံ အနောက်ဖက်ကမ်းလွန် ဒေသမှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၄၈ ယောက် ရှိခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ဂျပန်ဘူမိဗေဒဌာနရဲ့ တိုင်းတာချက်အရ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်ကြောင့် Honshu ကျွန်း Ishikawa ခရိုင်မှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့တာပါ။ ငလျင်ကြောင့် ဒေသတွင်းမှာ အမြင့် ၁ မီတာကျော် ဆူနာမီရေလှိုင်းတွေ ပေါ်ပေါက်ခဲ့ပြီး၊ ကားတွေ၊ အိမ်တွေ ရေထဲမျောပါခဲ့သလို၊ ငါးဖမ်းသင်္ဘောတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။

ဒီကနေ့အင်ဂါနေ့မှာတော့ တိုကျို HANEDA လေဆိပ်အဆင်းမှာ လေယာဉ် ၂ စင်း တိုက်မိပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၄၀၀ လောက် လိုက်ပါလာတဲ့ ဂျပန်လေကြောင်းလိုင်းက လေယာဉ်နဲ့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က လေယာဉ်တို့ ပြေးလမ်းပေါ်မှာ တိုက်မိကြတာပါ။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ လေယာဉ်မှူးတို့ ဆက်သွယ်ရာမှာ နားလည်မှုလွဲမှားတာကြောင့် ခုလိုတိုက်မိတာဖြစ်မယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ နှစ်သစ်ကူးကာလ ခရီးသွားလာမှု အများဆုံးအချိန်မှာ ခုလို လေယာဉ်တိုက်မိတာဖြစ်ပေမယ့် မီးလောင်သွားတဲ့ ခရီးသည်တင်လေယာဉ်ပေါ်ကနေ အသက်ရှင်လျက် အားလုံး ထွက်ခွာလာနိုင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG