သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အလယ်ပိုင်းငလျင် လူ ၄ ဦးထက်မနည်း သေဆုံး


ဂျပန်နိုင်ငံအလယ်ပိုင်းမှာ နှစ်ဆန်းတရက်မနက်စောမှာ အားပြင်းငလျင်လှုပ်ပြီး မီးလောင်ခဲ့တဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၊ ၂၀၂၄)
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ နှစ်ဆန်းတရက်မနက်စောမှာ အားပြင်းငလျင်လှုပ်ပြီး မီးလောင်ခဲ့တဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၊ ၂၀၂၄)

ဂျပန်နိုင်ငံအလယ်ပိုင်းမှာ မြေငလျင်ကြီး လှုပ်ခဲ့ပြီးတဲ့နောက် အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂျပန်အချိန် အင်္ဂါနေ့အစောပိုင်းက အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် အမြင့်တမီတာရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့သလို အိမ်တွေပျက်စီး မီးတောက်တွေ ထတောက်ခဲ့တယ်လို့ သိရပါတယ်။

လူအသေအပျောက်ကို အီရှီကားဝါးစီရင်စု တာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။

ပြိုကျသွားတဲ့ အဆောက်အဦပျက်တွေကြားမှာ လူ ၆ ယောက် ပိတ်မိနေတဲ့သတင်းတွေ ရရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက (Yoshimasa Hayashi) ပြောပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဟွန်ရှု ပင်မကျွန်း ဂျပန်ပင်လယ်ပြင်ဘက်က အီရှီကာဝါးစီရင်စုမှာ ဒေသအချိန် တနင်္လာနေ့ နေ့လယ်ပိုင်း ၄ နာရီ ဆယ်မိနစ်က ပြင်းအား ၇.၆ ရှိတဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် အနည်းဆုံး အမြင့် ၄ ပေရှိတဲ့ လှိုင်းတွေက ဝါဂျီးမားဆိပ်ကမ်းကို ရိုက်ခတ်ခဲ့သလို မြောက်ပိုင်းမှာရှိတဲ့ ဟိုကိုင်းဒိုးကျွန်း Hokkaido အထိ လှိုင်းငယ်တွေ ရိုက်ခတ်ခဲ့ပါတယ်။

မိုင် ၁၉၀ အကွာ တိုကျိုမှာရှိတဲ့ အဆောက်အဦတွေလည်း လှုပ်ခတ်ခဲ့ပါတယ်။ အပျက်အစီး အတိုင်းအဆ ကို စစ်ဆေးနေဆဲဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) က လူတွေကို မြေမျက်နှာပြင်အမြင့်ပိုင်းကို ရွှေ့ကြဖို့ တိုက်တွန်းခဲ့တာကိုလည်း မနေ့က ရုပ်မြင်သံကြား အစီအစဥ် မှာ ကြားဖြတ် ကြေညာပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG