သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်းငလျင်ကြောင့် ဂျပန်မှာ ဆူနာမီသတိပေးချက်ထုတ်ပြန်


ဂျပန်နိုင်ငံ Ishikawa စီရင်စု Wajima မြို့မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၊ ၂၀၂၄)
ဂျပန်နိုင်ငံ Ishikawa စီရင်စု Wajima မြို့မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၊ ၂၀၂၄)

ဂျပန်နိုင်ငံ Ishikawa (အိုင်ရှီကာဝါ) ကမ်းရိုးတန်းဒေသမှာ တနင်္လာနေ့က ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းဒေသမှာနေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက နှိုးဆော်တိုက်တွန်းထားပါတယ်။ ဒီနေ့ တနင်္လာနေ့ အိုင်ရှီကာဝါ ကမ်းရိုးတန်းဒေသမှာ ခန့်မှန်းခြေ ၇.၆ ရစ်ခ်ျတာစကေး အဆင့်ရှိငလျင်တခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်းအနည်းဆုံး နောက်ဆက်တွဲငလျင် ၈ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့တာပါ။

ဂျပန်နိုင်ငံ Ishikawa စီရင်စု Wajima မြို့မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၊ ၂၀၂၄)
ဂျပန်နိုင်ငံ Ishikawa စီရင်စု Wajima မြို့မှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့လမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၊ ၂၀၂၄)

ငလျင်လှုပ်ခတ်ခဲ့တဲ့ အိုင်ရှီကာဝါဒေသ Wajima (ဝါဂျီမာ) ဆိပ်ကမ်းကို ၄ ပေလောက်အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတခုရိုက်ခတ်ခဲ့ပြီးတဲ့နောက် အိုင်ရှီကာဝါ၊ Niigata (နီဂါတာ) နဲ့ Toyama (တိုရာမာ) ဒေသတွေမှာ ဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့တာပါ။ ငလျင်ကြောင့် အိမ်ခြေ ထောင်သောင်းချီ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ငလျင်လှုပ်ခဲ့တဲ့ ဒေသတဝိုက် နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာတော့ ချို့ယွင်းချက် တစုံတရာရှိတဲ့ သတင်းမရဘူးလို့ အစိုးရ ပြောခွင့်ရတဦးကပြောပါတယ်။ လတ်တလောမှာတော့ ငလျင်လှုပ်ခတ်ရာ ဒေသတဝိုက် အဓိကအဝေးပြေးလမ်းတချို့ကိုပိတ်ထားပြီး တိုကျိုနဲ့ အိုင်ရှီကာဝါကြား ကျည်ဆန်ရထားပြေးဆွဲတဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားပါတယ်။

XS
SM
MD
LG