သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အာဆီယံရဲ့ စိန်ခေါ်မှုတွေ ဆွေးနွေး


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေမျာ စီးပွားရေးတိုးတက်မှုဟာ ရည်မှန်းထားတာထက် နှေးနေပြီး ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား ကွာဟချက် ကြီးမားလာနေတာနဲ့အမျှ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတွေကို ဘယ်လို ရင်ဆိုင် ကြမယ်ဆိုတာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ခေါင်းဆောင်တွေ ဆွေးနွေးကြပါတယ်။

“ကျနော်တို့ ဘာဆိုတာကို ကျနော်တို့သိပါတယ်၊ ကျနော်တို့ ဘာဖြစ်နိုင်တယ် ဆိုတာကို ကျနော်တို့သိပါတယ်၊ အခုမေးခွန်းက - အဲဒီရည်မှန်းချက်ကိုရဖို့ လုပ်ဖို့လိုအပ်တာတွေကို လုပ်ကြမလားဆိုတာပါပဲ။ ကျနော်တို့မှာ လုပ်ချင်စိတ် ရှိပါရဲ့လား၊ အဲဒီအိပ်မက် လက်တွေ့ဖြစ်လာအောင်လုပ်ဖို့ ကျနော်တို့မှာ ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိပါရဲ့ လား” ဆိုပြီး အိမ်ရှင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်က် က မေးခွန်းထုတ် ပြောဆိုပါတယ်။

အခုဖိုရမ်မှာ ထပ်ပြီးဆွေးနွေးကြတဲ့ကိစ္စကတော့ အာဆီယံနိုင်ငံတွေမှာ ပညာရေး တိုးတက်အောင်လုပ်ဖို့ လိုအပ်တာ၊ တီထွင် ဖန်တီးမှုတွေကို အားပေးတာနဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကိစ္စတွေပါပဲ။ စတုတ္ထမြောက် စက်မှုတော်လှန်ရေး တနည်းအားဖြင့် ဒစ်ဂျစ်တယ် တော်လှန်ရေးမှာ အာဆီယံနိုင်ငံတွေ ပါဝင်နိုင်ဖို့ဖြစ်ပါတယ်။

ဆွေးနွေးတာသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်တဲ့ဘက် ပိုရောက်ဖို့ မျှော်လင့်တဲ့ အကြောင်း၊ ဘာကြောင့်လဲဆိုတော့ အာဆီယံ ဟာ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အလန်းတွေကို လက်လွတ်ဆုံးရှုံးနေသလားဆိုတာ စိုးရိမ်မိလို့ပါလို့ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောအုပ်စုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Sigve Brekke ကပြောပါတယ်။

ဒါပေမဲ့လည်း ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေအနေနဲ့ စက်မှုဖွံ့ဖြိုးရေးရဲ့ အဆင့်တွေကို ကျော်သွားလို့ ရတယ်ဆိုတာ မြန်မာနိုင်ငံကို ဥပမာ ပေးပြီး သူကပြောသွားပါတယ်။ မြန်မာနိုင်ငံဟာ အင်တာနက်ဆက်သွယ်ရေး လုံးဝမရှိတဲ့အဆင့်ကနေ နှစ်နှစ်တောင်မရှိသေးတဲ့ အချိန်အတွင်းမှာပဲ ၆၀% ထိ ဖြစ်လာတာကို တယ်လီနော CEO က နမူနာပေး ထောက်ပြသွားတာပါ။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG