သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါ ေျဖရွင္းေရး အားနည္းမႈအတြက္ မေလးရွားဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ဖို႔ဆႏၵျပေတာင္းဆို


(Zawgyi/ Unicode)

မေလးရွားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ကြာလာလာမ္ပူၿမိဳ႕လယ္မွာ ရာေပါင္းမ်ားစြာေသာ လူငယ္ေတြ စေနေန႔က စုေဝးခဲ့ၾကၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးအေပၚ ညံ့ဖ်င္းတဲ့စီမံေဆာင္႐ြက္မႈေတြအတြက္ ဝန္ႀကီးခ်ဳပ္ ရာထူးကႏုတ္ထြက္ေပးဖို႔ ေတာင္းဆို ဆႏၵျပခဲ့ၾကပါတယ္။ ဒီအေၾကာင္း ေအပီသတင္း တပုဒ္ကို မခြာညိဳ ေျပာျပေပးမွာပါ။

အေရးေပၚအေျခအေနေၾကညာၿပီး ပိတ္ဆို႔ကန႔္သတ္မႈေတြခ်ထားတဲ့ၾကားကပဲ လူေပါင္း တသန္းေက်ာ္ ကူးစက္ခံလာေနရတဲ့အေပၚ စိတ္ဆိုး ေဒါသထြက္ေနၾကတဲ့လူငယ္ေတြက ၂၀၂၀ မတ္လ ၂၀ ရက္ေန႔ က ျပည္သူ႔ဆႏၵမဲနဲ႔မဟုတ္ဘဲ ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ မူေဟဒင္ ရာဆင္း ကို ႏုတ္ထြက္ေပးဖို႔ ဆႏၵျပခဲ့ ၾကတာပါ။ ဇန္နဝါရီလဆန္းပိုင္းက ကပ္ေရာဂါအေရးေပၚအေျခအေနေၾကညာခဲ့ၿပီး ဇြန္လ ၁ ရက္ေန႔မွာသြားလာမႈကန႔္သတ္မိန႔္ေတြ ထုတ္ခဲ့တဲ့ၾကားမွာပဲ လူတသန္းေက်ာ္အထိ ကူးစက္မႈေတြအဆမတန္တိုးလာခဲ့တာပါ။

ႏိုင္ငံေရးဆိုင္ရာသုေတသီတဦးျဖစ္တဲ့ Imran Rasid လည္း ဆႏၵျပသူေတြထဲမွာ ပါဝင္ခဲ့ပါတယ္။

“အစိုးရဘက္က လုပ္ေပးရမယ့္အပိုင္းေတြ ပ်က္ကြက္ခဲ့လို႔ က်ေနာ္တို႔ စိတ္ပ်က္ ေဒါသထြက္ခဲ့ၾကရၿပီး ဒီေန႔ ဒီေနရာကို ေရာက္လာၾကတာပါ။”

မေလးရွားႏိုင္ငံမွာ ေသဆုံးသူေပါင္းလည္း ၉ ေထာင္ နီးပါးအထိ ရွိလာပါတယ္။ Johns Hopkins ကိုဗစ္မွတ္တမ္းဌာနရဲ႕စာရင္းေတြအရ မေလးရွားႏိုင္ငံမွာ ေန႔စဥ္ကူးစက္အတည္ျပဳလူနာေတြဟာ ဇူလိုင္ ၁၃ ရက္ေန႔မွာ ပထမဆုံးအေနနဲ႔ ၁ ေသာင္းေက်ာ္အထိ ျဖစ္လာၿပီး ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ကေတာ့ ၁ ေသာင္း၊၇ ေထာင္အထိ စံခ်ိန္က်ိဳးေအာင္ တက္သြားခဲ့တယ္လို႔ေဖာ္ျပထားပါတယ္။

မူဟီဒင္နဲ႔သူ႔အစိုးရအဖြဲ႕ရဲ႕ အေရးေပၚေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ကို အသုံးခ်ခဲ့တဲ့အေပၚ မေလးရွားဘုရင္က ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ အဲဒီေနာက္မွာ အခုလို ဆႏၵျပမႈေတြနဲ႔ ဝန္ႀကီးခ်ဳပ္ကို ဖိအားေတြ တိုးလာပါတယ္။
ဆႏၵျပသူေတြဟာ ႏွာေခါင္းစည္း၊ မ်က္ႏွာကာေတြ ဝတ္ဆင္ၿပီး အနက္ေရာင္အလံေတြနဲ႔ ဆိုင္းဘုတ္ေတြကို ကိုင္ရင္း မူဟီဒင္ႏုတ္ထြက္ေပး” လို႔ ေအာ္ဟစ္ေတာင္းဆိုခဲ့ၾကပါတယ္။
တကၠသိုလ္ေက်ာင္းသူ Nurul Rifayah ကလည္း အခုလို ေျပာပါတယ္။

“ဒီရထားဘူတာ႐ုံနားက ဆႏၵျပလူအုပ္ႀကီးကေတာ့ ျမင္တဲ့အတိုင္းပါပဲ။ ဒါက ဝန္ႀကီးခ်ဳပ္ကို အျမန္ ဆုံး ႏုတ္ထြက္သြားေစခ်င္တဲ့ လူေတြ ေတာ္ေတာ္မ်ားမ်ားရွိတာကို ျပေနတာပါ။ ေနာက္ၿပီးေတာ့ လႊတ္ေတာ္ကို ပုံမွန္အတိုင္း ဆက္ဖြင့္ေစခ်င္တာလည္း ထင္ရွားပါတယ္။ ေနာက္ၿပီး လႊတ္ေတာ္ထဲ စကားေတြခ်ည့္ ေျပာေနၾကတာ မလိုခ်င္ၾကပါဘူး။ လူေတြအကုန္လုံးကလည္း ေစာင့္ၾကည့္ေနၾကၿပီး ဒါေၾကာင့္ ဒီအစိုးရကို က်မတို႔ မလိုခ်င္ေတာ့ဘူးဆိုတာ ထင္ရွားပါတယ္။”

ဆႏၵျပသူတခ်ိဳ႕ကေတာ့ ဗိုင္းရပ္စ္ကူးစက္မႈတိုးမ်ားလာေနၿပီး ေသဆုံးသူအေရအတြက္ျမင့္တက္လာ ေနတာကို ေလွာင္ေျပာင္ေဖာ္ျပထားတဲ့ အျဖဴေရာင္အဝတ္စေတြပတ္ထားတဲ့ အေလာင္းပုံစံေတြကို သယ္လာၾကပါတယ္။

ခ်ီတက္ဆႏၵျပသူေတြ လြတ္လပ္ေရး ရင္ျပင္ဆီမေရာက္ေအာင္ ရဲတပ္ဖြဲ႕က ပိတ္ဆို႔ထားလိုက္တဲ့အခါ ဆႏၵျပသူေတြက က်ရႈံးအစိုးရ ဆိုတဲ့ စာတမ္းဆိုင္းဘုတ္ႀကီးကို လမ္းေပၚမွာ ျဖန႔္ခ်ၿပီး တမီတာအကြာအေဝးနဲ႔ လမ္းေပၚမွာ ထိုင္ေနခဲ့ၾကပါတယ္။

ဆႏၵျပေခါင္းေဆာင္က ေတာင္းဆိုခ်က္သုံးခုကို တိုင္ေပးတဲ့အခါမွာ လူငယ္ေတြက ေထာက္ခံ ေအာ္ဟစ္ၾကပါတယ္။ သူတို႔ေတာင္းဆိုခ်က္ေတြကေတာ့ ဝန္ႀကီးခ်ဳပ္ မူဟစ္ဒင္ ရာထူးကဆင္းေပးဖို႔၊ လႊတ္ေတာ္ပုံမွန္အစည္းအေဝးေတြ ခ်က္ျခင္းျပန္စဖို႔နဲ႔ ကပ္ေရာဂါဒဏ္ခံစားေနၾကရသူေတြကို အကူအညီေပးေရး အလိုအေလ်ာက္ေခ်းေငြ တားျမစ္ပိတ္ပင္ထားတဲ့ကိစၥ (လႊတ္ေတာ္မွာ ျပန္ေဆြးေႏြးေရး) ေတြ ျဖစ္ပါတယ္။ ၂ နာရီနီးပါးၾကာ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ ေအးေအးခ်မ္းခ်မ္းပဲ လူစုခြဲခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကပ်ရောဂါ ဖြေရှင်းရေး အားနည်းမှုအတွက် မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ဖို့ဆန္ဒပြတောင်းဆို

မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလာမ်ပူမြို့လယ်မှာ ရာပေါင်းများစွာသော လူငယ်တွေ စနေနေ့က စုဝေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအပေါ် ညံ့ဖျင်းတဲ့စီမံဆောင်ရွက်မှုတွေအတွက် ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း အေပီသတင်း တပုဒ်ကို မခွာညို ပြောပြပေးမှာပါ။

အရေးပေါ်အခြေအနေကြေညာပြီး ပိတ်ဆို့ကန့်သတ်မှုတွေချထားတဲ့ကြားကပဲ လူပေါင်း တသန်းကျော် ကူးစက်ခံလာနေရတဲ့အပေါ် စိတ်ဆိုး ဒေါသထွက်နေကြတဲ့လူငယ်တွေက ၂၀၂၀ မတ်လ ၂၀ ရက်နေ့ က ပြည်သူ့ဆန္ဒမဲနဲ့မဟုတ်ဘဲ ဝန်ကြီးချုပ်ဖြစ်လာတဲ့ မူဟေဒင် ရာဆင်း ကို နုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့ ကြတာပါ။ ဇန်နဝါရီလဆန်းပိုင်းက ကပ်ရောဂါအရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာသွားလာမှုကန့်သတ်မိန့်တွေ ထုတ်ခဲ့တဲ့ကြားမှာပဲ လူတသန်းကျော်အထိ ကူးစက်မှုတွေအဆမတန်တိုးလာခဲ့တာပါ။

နိုင်ငံရေးဆိုင်ရာသုတေသီတဦးဖြစ်တဲ့ Imran Rasid လည်း ဆန္ဒပြသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

“အစိုးရဘက်က လုပ်ပေးရမယ့်အပိုင်းတွေ ပျက်ကွက်ခဲ့လို့ ကျနော်တို့ စိတ်ပျက် ဒေါသထွက်ခဲ့ကြရပြီး ဒီနေ့ ဒီနေရာကို ရောက်လာကြတာပါ။”

မလေးရှားနိုင်ငံမှာ သေဆုံးသူပေါင်းလည်း ၉ ထောင် နီးပါးအထိ ရှိလာပါတယ်။ Johns Hopkins ကိုဗစ်မှတ်တမ်းဌာနရဲ့စာရင်းတွေအရ မလေးရှားနိုင်ငံမှာ နေ့စဉ်ကူးစက်အတည်ပြုလူနာတွေဟာ ဇူလိုင် ၁၃ ရက်နေ့မှာ ပထမဆုံးအနေနဲ့ ၁ သောင်းကျော်အထိ ဖြစ်လာပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကတော့ ၁ သောင်း၊၇ ထောင်အထိ စံချိန်ကျိုးအောင် တက်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။

မူဟီဒင်နဲ့သူ့အစိုးရအဖွဲ့ရဲ့ အရေးပေါ်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်ကို အသုံးချခဲ့တဲ့အပေါ် မလေးရှားဘုရင်က ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလို ဆန္ဒပြမှုတွေနဲ့ ဝန်ကြီးချုပ်ကို ဖိအားတွေ တိုးလာပါတယ်။
ဆန္ဒပြသူတွေဟာ နှာခေါင်းစည်း၊ မျက်နှာကာတွေ ဝတ်ဆင်ပြီး အနက်ရောင်အလံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ရင်း မူဟီဒင်နုတ်ထွက်ပေး” လို့ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းသူ Nurul Rifayah ကလည်း အခုလို ပြောပါတယ်။

“ဒီရထားဘူတာရုံနားက ဆန္ဒပြလူအုပ်ကြီးကတော့ မြင်တဲ့အတိုင်းပါပဲ။ ဒါက ဝန်ကြီးချုပ်ကို အမြန် ဆုံး နုတ်ထွက်သွားစေချင်တဲ့ လူတွေ တော်တော်များများရှိတာကို ပြနေတာပါ။ နောက်ပြီးတော့ လွှတ်တော်ကို ပုံမှန်အတိုင်း ဆက်ဖွင့်စေချင်တာလည်း ထင်ရှားပါတယ်။ နောက်ပြီး လွှတ်တော်ထဲ စကားတွေချည့် ပြောနေကြတာ မလိုချင်ကြပါဘူး။ လူတွေအကုန်လုံးကလည်း စောင့်ကြည့်နေကြပြီး ဒါကြောင့် ဒီအစိုးရကို ကျမတို့ မလိုချင်တော့ဘူးဆိုတာ ထင်ရှားပါတယ်။”

ဆန္ဒပြသူတချို့ကတော့ ဗိုင်းရပ်စ်ကူးစက်မှုတိုးများလာနေပြီး သေဆုံးသူအရေအတွက်မြင့်တက်လာ နေတာကို လှောင်ပြောင်ဖော်ပြထားတဲ့ အဖြူရောင်အဝတ်စတွေပတ်ထားတဲ့ အလောင်းပုံစံတွေကို သယ်လာကြပါတယ်။

ချီတက်ဆန္ဒပြသူတွေ လွတ်လပ်ရေး ရင်ပြင်ဆီမရောက်အောင် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားလိုက်တဲ့အခါ ဆန္ဒပြသူတွေက ကျရှုံးအစိုးရ ဆိုတဲ့ စာတမ်းဆိုင်းဘုတ်ကြီးကို လမ်းပေါ်မှာ ဖြန့်ချပြီး တမီတာအကွာအဝေးနဲ့ လမ်းပေါ်မှာ ထိုင်နေခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်က တောင်းဆိုချက်သုံးခုကို တိုင်ပေးတဲ့အခါမှာ လူငယ်တွေက ထောက်ခံ အော်ဟစ်ကြပါတယ်။ သူတို့တောင်းဆိုချက်တွေကတော့ ဝန်ကြီးချုပ် မူဟစ်ဒင် ရာထူးကဆင်းပေးဖို့၊ လွှတ်တော်ပုံမှန်အစည်းအဝေးတွေ ချက်ခြင်းပြန်စဖို့နဲ့ ကပ်ရောဂါဒဏ်ခံစားနေကြရသူတွေကို အကူအညီပေးရေး အလိုအလျောက်ချေးငွေ တားမြစ်ပိတ်ပင်ထားတဲ့ကိစ္စ (လွှတ်တော်မှာ ပြန်ဆွေးနွေးရေး) တွေ ဖြစ်ပါတယ်။ ၂ နာရီနီးပါးကြာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အေးအေးချမ်းချမ်းပဲ လူစုခွဲခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG