သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီအကြီးအကဲ ရာထူးကနုတ်ထွက်


 ဒီမိုကရက်ပါတီရဲ့ အကြီးအကဲ Debbie Wasserman Schultz
ဒီမိုကရက်ပါတီရဲ့ အကြီးအကဲ Debbie Wasserman Schultz

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို ၂၀၁၆ ခုနှစ်အတွက် ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် အတည်ပြု ရွေးချယ်ဖို့ တရက်အလိုမှာပဲ ဒီမိုကရက်ပါတီဥက္ကဋ္ဌဟာ တနင်္ဂနွေနေ့က ရာထူးကနေ အနားယူသွားပြီ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်မှုတွေအတွင်း Clinton အတွက် မမျှော်လင့်ပဲ ခက်ခဲတဲ့ ပြိုင်ဖက်တဦး ဖြစ်လာခဲ့တဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ရွေးကောက်ပွဲမှာ စတင် ဝင်ရောက် ယှဉ်ပြိုင်မှုနဲ့ပတ်သက်လို့ ပါတီခေါင်းဆောင် တချို့က လှောင်ပြောင်၊ ဝေဖန်ထားတဲ့ အီးမေးလ်တွေ အပြင်ကို ပေါက်ကြားခဲ့ပြီးတဲ့နောက်မှာ DNC လို့ခေါ်တဲ့ ဒီမိုကရက်ပါတီရဲ့ အကြီးအကဲ Debbie Wasserman Schultz နုတ်ထွက်သွားတာ ဖြစ်ပါတယ်။

Wasserman Schultz အနေနဲ့ အခုသီတင်းပတ်အတွင်း Philadelphia မြို့မှာ ကျင်းပမယ့် ဒီမိုကရက်ပါတီ ညီလာခံအပြီးမှာ ရာထူးကနေ တရားဝင် အနားယူမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခွဲကျော် ကာလအတွင်းက အီးမေးလ်ပေါင်း နှစ်သောင်းကျော်ကို WikiLeaks က ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ Wasserman Schultz အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် Sanders က တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG