သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းယှဉ်ပြိုင်သူ Sanders ဒီမိုကရက်တစ် ပါတီတွင်းပိုမိုနေရာရ

Muslim Shi'ite women mourn during the holy day of Ashoura, at the Sadat Akhavi Mosque in Tehran, Iran.
Muslim Shi'ite women mourn during the holy day of Ashoura, at the Sadat Akhavi Mosque in Tehran, Iran.

အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လထဲကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီညီလာခံကျရင် ပါတီရဲ့ အရေးကြီးတဲ့ မူဝါတွေကို ချမှတ်တဲ့နေရာမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်လာဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ဗားမောက်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။

အစောပိုင်း လူထုစစ်တမ်းတွေမှာ သူနဲ့ပြိုင်ဘက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အောက် အမှတ် ၄၀ လောက် လျော့ပြီး စခဲ့ရာက အခုအချိန်မှာတော့ မစ္စစ် ကလင်တန်နဲ့ ထောက်ခံမှု အတူတူနီးပါးလောက် ရလာနေတာပါ။ ပါတီရဲ့ မူဝါဒတွေ ရေးဆွဲတဲ့ကော်မတီမှာ Sanders ရွေးချယ်တဲ့ ကိုယ်စားလှယ် ၅ ဦး ပါဝင်မှာဖြစ်ပြီး၊ မစ္စစ်ကလင်တန် ရွေးချယ်တဲ့ ကိုယ်စားလှယ်ကတော့ ၆ ဦးနဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ Debbie Wasserman Schultz ကရွေးချယ်သူ ၄ ဦး ပါဝင်မယ့်အကြောင်း ကော်မတီက တနင်္လာနေ့ကပဲ ကြေညာသွားပါတယ်။

လူထုအားလုံး အတွက် အကျိုးရှိမယ့် စီးပွားရေးမူဝါဒတွေ ချမှတ်နိုင်တဲ့ အနေအထားကို အခိုင်အမာရရှိလာမှာဖြစ်တယ်လို့ မစ္စတာ Sanders က တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောဆိုလိုက်သလို သူ့ မဲဆွယ်စည်းရုံးမှုတွေမှာ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မီးမှောင်းထိုး ပြောသွားခဲ့ပါတယ်။ သူ့ကိုယ့်သူ ဆိုရှယ်ဒီမိုကရက် တယောက်လို့ ပြောထားတဲ့ မစ္စတာ Sanders ဟာ စီးပွားရေး တန်းတူညီမျှမှုရှိရေး၊ လူတိုင်းကောလိပ်ကျောင်း ပညာသင်ယူနိုင်ရေး၊ နိုင်ငံရေးအရိပ်မိုးထားတဲ့ အကျိုးစီးပွားတွေကို ဖယ်ရှားပြီး လူမှုဖူလုံရေး အထောက်အပံ့တွေ တိုးမြင့်ပေးသွားနိုင်ရေး ဆောင်ရွက်မယ်ဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ အထူးသဖြင့် လူငယ်တွေကြားမှာ ထောက်ခံမှု အကြီးအကျယ် ရလာခဲ့သူ ဖြစ်ပါတယ်။

သမ္မတလောင်းယှဉ်ပြိုင်သူ Sanders ဒီမိုကရက်တစ် ပါတီတွင်းပိုမိုနေရာရ
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG