သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် မိန့်ခွန်းပြော


ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် မိန့်ခွန်းပြော။ (ဇူလိုင် ၂၈၊ ၂၀၁၆)
ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် မိန့်ခွန်းပြော။ (ဇူလိုင် ၂၈၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီးတခုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းဖြစ်လာတဲ့ ဟီလာရီ ကလင်တန်က ပါတီညီလာခံ နောက်ဆုံးနေ့ ကြာသပတေးနေ့ညမှာ မိန့်ခွန်းပြောတဲ့အထဲ နိုင်ငံရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညွတ် ဖို့လိုတယ်ဆိုတာ အလေးထားပြောသွားပါတယ်။

ဒါဟာ မိမိတို့ပေါ်မှာပဲ လုံး၀ မူတည်နေကြောင်း၊ အားလုံး အတူူတကွ အောင်မြင်နိုင်ဖို့ အားလုံး လက်တွဲလုပ်ဆောင်ကြမလား ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် ဟီလာရီ ကလင်တန်ဟာ ပြည်နယ်တခုချင်းစီအလိုက် ပါတီတွင်း အကြိုရွေးချယ်ပွဲတွေမှာ သူ့ရဲ့ အဓိက ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို အနိုင်ရပြီး သမ္မလောင်းဖြစ်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီညီလာခံမှာ မစ္စတာ Sanders ကိုယ်တိုင်က မစ္စစ်ကလင်တန်ကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မစ္စတာ Sanders ကို ထောက်ခံသူတွေထဲမှာ မစ္စစ်ကလင်တန်ကို မဲမပေးဘူးလို့ပြော ထားသူတွေ ရှိနေတာကြောင့် နိုဝင်ဘာလရွေးကောက်ပွဲမှာ အဲဒီလူတွေကို ဆွဲဆောင်စည်းရုံးဖို့ကိစ္စဟာ မစ္စစ်ကလင်တန်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တခု ဖြစ်ပါတယ်။ မစ္စတာ Sanders က လူငယ်တွေကို စည်းရုံးနိုင်ခဲ့တာ၊ စီးပွားရေးနဲ့ လူမှု တရားမျှတရေး ရှိလာဖို့ တွန်းအားပေးတာ တွေကိုလည်း မစ္စစ်ကလင်တန်က ချီးကျူး ပြောဆိုသွားပါတယ်။

နိုင်ငံမှာ လူလတ်တန်းစားတွေ အဆင်ပြေရင် တိုင်းပြည်လည်း တိုးတက်တာမို့ လစာကောင်းတဲ့ အလုပ်အကိုင်တွေ ပိုပြီးဖန်တီး ပေးမယ်လို့ မစ္စစ်ကလင်တန်က ကတိပေးသွားပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် မိန့်ခွန်းပြော
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG