သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြန္ဂို ဆႏၵျပပဲြ ကုလတပ္ဖဲြ႕ဝင္နဲ႔ အရပ္သားတခ်ိဳ႕ေသဆံုး


Protesters ransack UN peacekeepers' offices in eastern DR Congo

အာဖရိကတိုက္ Congo ႏိုင္ငံ အေရွ႕ပိုင္း မွာ အဂၤါေန႔က ကုလသမဂၢကို ဆန႔္က်င္ဆႏၵျပရာက အၾကမ္းဖက္ အဓိက႐ုန္းေတြျဖစ္ပြားၿပီး ကုလသမဂၢၿငိမ္းခ်မ္းေရး ထိန္းသိမ္းတဲ့တပ္ဖြဲ႕ဝင္ သုံးဦး ေသဆုံးကာ အရပ္သားေတြ အေတာ္မ်ားမ်ားလည္း ေသဆုံးကုန္ပါတယ္။

ကြန္ဂို ဆႏၵျပပဲြ ကုလတပ္ဖဲြ႕ဝင္နဲ႔ အရပ္သားတခ်ိဳ႕ေသဆံုး

{{Zawgyi/Unicode}}
အာဖရိကတိုက္ Congo ႏိုင္ငံ အေရွ႕ပိုင္း မွာ အဂၤါေန႔က ကုလသမဂၢကို ဆန႔္က်င္ဆႏၵျပရာက အၾကမ္းဖက္ အဓိက႐ုန္းေတြျဖစ္ပြားၿပီး ကုလသမဂၢၿငိမ္းခ်မ္းေရး ထိန္းသိမ္းတဲ့တပ္ဖြဲ႕ဝင္ သုံးဦး ေသဆုံးကာ အရပ္သားေတြ အေတာ္မ်ားမ်ားလည္း ေသဆုံးကုန္ပါတယ္။

Butembo ၿမိဳ႕မွာရွိၾကတဲ့ ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈတပ္ဖြဲ႕ MONUSCO အေျခစိုက္စခန္းကို အၾကမ္းဖက္ လူအုပ္ႀကီးက ကြန္ဂိုရဲတပ္ဖြဲ႕ဝင္ေတြ ဆီက လက္နက္ေတြ လု႔ယူၿပီး ပစ္ခတ္ၾကတယ္လို႔ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က နယူးေယာက္ၿမိဳ႕ဌာနခ်ဳပ္မွာ သတင္းသမားေတြကို ေျပာပါတယ္။

မိမိတို႔ ကုလတပ္ဖြဲ႕ေတြ နဲ႔ အေဆာက္အဦေတြ တိုက္ခိုက္ခံရတဲ့အခါမွာ သတိေပးပစ္ခတ္တာပဲလုပ္ဖို႔ နဲ႔ လူစုကြဲေအာင္အတြက္ အလြန္ဆုံး မ်က္ရည္ယိုဗုံးကို အသုံးျပဳဖို႔ ေလ့က်င္ထား၊ အႀကံေပးထားေၾကာင္း သူကေျပာပါတယ္။

ဒါအျပင္ ကုလ အေဆာက္အဦေတြကို ကာကြယ္ဖို႔အတြက္ အိမ္ရွင္ ကြန္ဂိုလက္နက္ကိုင္တပ္ဖြဲ႔ေတြက အကူအညီေပးတယ္လို႔လည္း သူကေျပာပါတယ္။ အဲဒီျဖစ္စဥ္မွာ ကုလသမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိ္မ္းေရးတပ္ဖြဲ႔ ဝင္တဦး နဲ႔ ကုလရဲ ၂ ဦး ေသဆုံးခဲ့ၿပီး တဦးလည္း ဒဏ္ရာရွိခဲ့တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................

ကွန်ဂို ဆန္ဒပြပွဲ ကုလတပ်ဖွဲ့ဝင်နဲ့ အရပ်သားတချို့သေဆုံး

{{Zawgyi/Unicode}}
အာဖရိကတိုက် Congo နိုင်ငံ အရှေ့ပိုင်း မှာ အင်္ဂါနေ့က ကုလသမဂ္ဂကို ဆန့်ကျင်ဆန္ဒပြရာက အကြမ်းဖက် အဓိကရုန်းတွေဖြစ်ပွားပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ အရပ်သားတွေ အတော်များများလည်း သေဆုံးကုန်ပါတယ်။

Butembo မြို့မှာရှိကြတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ MONUSCO အခြေစိုက်စခန်းကို အကြမ်းဖက် လူအုပ်ကြီးက ကွန်ဂိုရဲတပ်ဖွဲ့ဝင်တွေ ဆီက လက်နက်တွေ လု့ယူပြီး ပစ်ခတ်ကြတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က နယူးယောက်မြို့ဌာနချုပ်မှာ သတင်းသမားတွေကို ပြောပါတယ်။

မိမိတို့ ကုလတပ်ဖွဲ့တွေ နဲ့ အဆောက်အဦတွေ တိုက်ခိုက်ခံရတဲ့အခါမှာ သတိပေးပစ်ခတ်တာပဲလုပ်ဖို့ နဲ့ လူစုကွဲအောင်အတွက် အလွန်ဆုံး မျက်ရည်ယိုဗုံးကို အသုံးပြုဖို့ လေ့ကျင်ထား၊ အကြံပေးထားကြောင်း သူကပြောပါတယ်။

ဒါအပြင် ကုလ အဆောက်အဦတွေကို ကာကွယ်ဖို့အတွက် အိမ်ရှင် ကွန်ဂိုလက်နက်ကိုင်တပ်ဖွဲ့တွေက အကူအညီပေးတယ်လို့လည်း သူကပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တဦး နဲ့ ကုလရဲ ၂ ဦး သေဆုံးခဲ့ပြီး တဦးလည်း ဒဏ်ရာရှိခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG