သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြန္ဂုိမွာ အီဘုိလာကူးစက္မႈ မ်ားျပားေန


(Zawgyi/Unicode)

ကိုဗစ္ ၁၉ ကပ္ေရာဂါဒဏ္ခံေနရခ်ိန္မွာပဲ ကြန္ဂို ဒီမိုကရက္တစ္ သမၼတႏိုင္ငံ အေနာက္ေျမာက္ပိုင္း Equateur ျပည္နယ္မွာ အီဘိုလာေရာဂါ ျဖစ္ပြါးမႈ တိုးလာတာနဲ႔ ရင္ဆိုင္ေနရတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ေျပာပါတယ္။

အဲဒီျပည္နယ္ထဲမွာ အီဘိုလာျဖစ္ပြားသူ ၈၆ ေယာက္ ေတြ႔လာတာဟာ စိုးရိမ္စရာ ျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ၾကာသပေတးေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီေရာဂါျဖစ္ပြါးမႈဟာ ေနရာ အေတာ္မ်ားမ်ားမွ ေတြ႔ေနရၿပီး တခ်ိဳ႕ေနရာေတြဟာ ရဟတ္ယာဥ္ ဒါမွမဟုတ္ ေလွ သေဘၤာေတြနဲ႔ သြားမွ ေရာက္တဲ့ ေနရာေတြ ျဖစ္ေနတဲ့အတြက္ ဒီေရာဂါ နဲ႔ ပတ္သက္ၿပီး စံုစမ္းမႈေတြ တုံ႔ျပန္ေဆာင္ရြက္မႈေတြကို ကြန္ဂိုအစိုးရ အေနနဲ႔ အျမန္ေဆာင္ရြက္ဖို႔ အခက္ေတြ႔ေနရတယ္လို႔လည္း ေျပာပါတယ္။

ကြန္ဂိုက WHO ဝန္ထမ္း အေယာက္ တရာေလာက္ဟာ ကြန္ဂို က်န္းမာေရးဝန္ႀကီးဌာန၊ NGO အဖြဲ႔ေတြနဲ႔ ေဒသခံေတြနဲ႔ လက္တြဲ ေဆာင္ရြက္ေနေၾကာင္းလည္း ေျပာပါတယ္။ အီဘိုလာေရာဂါ အတြက္ အေရးေပၚတံု႔ျပန္ေဆာင္ရြက္ဖုိ႔ ရန္ပံုေငြ ေဒၚလာ ၂ သန္းခြဲWHO က ေပးအပ္ခဲ့တာ ျဖစ္ေပမယ့္ ေနာက္ထပ္ လိုအပ္ေနဆဲ ျဖစ္တဲ့အတြက္ ႏိုင္ငံတကာအသိုင္းဝို္င္းက ေပးအပ္ၾကဖို႔လည္း ပန္ၾကားခဲ့ပါတယ္။

အီဘိုလာ ေရာဂါ ျဖစ္ပြါးမႈဟာ ကိုဗစ္ ၁၉ တို႔ တျခားကူးစက္ျမန္ေရာဂါတို႔လိုပဲ ႏိုင္ငံတႏိုင္ငံ အတြက္ပဲ အႏၱရာယ္ရွိတာမဟုတ္ပဲ တကမာၻလံုး အတြက္ပါ အႏၱရာယ္ရွိတာေၾကာင့္ အျမန္တံု႔ျပန္ေဆာင္ ရြက္ဖို႔နဲ႔ အဆင့္ျမင့္ သတိေပးခ်က္ေတြ ထုတ္ျပန္ဖုိ႔လိုအပ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။

ကြန္ဂုိမွာ အီဘုိလာကူးစက္မႈ မ်ားျပားေန
please wait

No media source currently available

0:00 0:00:31 0:00
တိုက္႐ိုက္ လင့္ခ္


...................

ကွန်ဂိုမှာ အီဘိုလာကူးစက်မှု များပြားနေ

(Unicode)

ကိုဗစ် ၁၉ ကပ်ရောဂါဒဏ်ခံနေရချိန်မှာပဲ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း Equateur ပြည်နယ်မှာ အီဘိုလာရောဂါ ဖြစ်ပွါးမှု တိုးလာတာနဲ့ ရင်ဆိုင်နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

အဲဒီပြည်နယ်ထဲမှာ အီဘိုလာဖြစ်ပွားသူ ၈၆ ယောက် တွေ့လာတာဟာ စိုးရိမ်စရာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကြာသပတေးနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီရောဂါဖြစ်ပွါးမှုဟာ နေရာ အတော်များများမှ တွေ့နေရပြီး တချို့နေရာတွေဟာ ရဟတ်ယာဉ် ဒါမှမဟုတ် လှေ သင်္ဘောတွေနဲ့ သွားမှ ရောက်တဲ့ နေရာတွေ ဖြစ်နေတဲ့အတွက် ဒီရောဂါ နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကွန်ဂိုအစိုးရ အနေနဲ့ အမြန်ဆောင်ရွက်ဖို့ အခက်တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ကွန်ဂိုက WHO ဝန်ထမ်း အယောက် တရာလောက်ဟာ ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာန၊ NGO အဖွဲ့တွေနဲ့ ဒေသခံတွေနဲ့ လက်တွဲ ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။ အီဘိုလာရောဂါ အတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ ရန်ပုံငွေ ဒေါ်လာ ၂ သန်းခွဲWHO က ပေးအပ်ခဲ့တာ ဖြစ်ပေမယ့် နောက်ထပ် လိုအပ်နေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပေးအပ်ကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

အီဘိုလာ ရောဂါ ဖြစ်ပွါးမှုဟာ ကိုဗစ် ၁၉ တို့ တခြားကူးစက်မြန်ရောဂါတို့လိုပဲ နိုင်ငံတနိုင်ငံ အတွက်ပဲ အန္တရာယ်ရှိတာမဟုတ်ပဲ တကမ္ဘာလုံး အတွက်ပါ အန္တရာယ်ရှိတာကြောင့် အမြန်တုံ့ပြန်ဆောင် ရွက်ဖို့နဲ့ အဆင့်မြင့် သတိပေးချက်တွေ ထုတ်ပြန်ဖို့လိုအပ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG