သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂို စစ်အာဏာရှင်ဟောင်း ICC ပြစ်ဒဏ်ပေးပြီ


ကွန်ဂိုနိုင်ငံ စစ်အာဏာရှင်ဟောင်း Bosco Ntaganda
ကွန်ဂိုနိုင်ငံ စစ်အာဏာရှင်ဟောင်း Bosco Ntaganda

(Zawgyi/Unicode)

ကွန်ဂိုနိုင်ငံ စစ်အာဏာရှင်ဟောင်းတယောက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုခုံရုံး ICC က အင်္ဂါနေ့မှာ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မစ္စတာ Bosco Ntaganda ရဲ့ မူလကြားနာ စစ်ဆေးမှုမှာ တရားရေးဆိုင်ရာ အမှားအယွင်းတွေ ရှိခဲ့တာကြောင့် နစ်နာစရာတွေ ရှိခဲ့တယ်ဆိုပြီး သူ့ရှေ့နေဘက်က ချေပလျှောက်ထားချက်ကို တရားရုံးက ပယ်ချပြီး ပြစ်ဒဏ်ချမှတ် လိုက်တာဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသတ်မှု၊ မုဒိမ်းကျင့်မှု အပါအဝင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ကလေးစစ်သား အသုံးပြုမှုစွဲချက်တွေမှာ ပြစ်မှုထင်ရှားကြောင်း ICC ကတွေ့ရှိခဲ့တာကြောင့် မစ္စတာ Ntaganda ကို နှစ်၃၀ ထောင်ဒဏ် အပြစ်ပေးလိုက်တာပါ။

ကွန်ဂိုနိုင်ငံထဲက ဓာတ်သတ္တုတွေ ပေါ်ကြွယ်ဝတဲ့ ဒေသတွေမှာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ လူမျိုးစုပဋိပက္ခတွေအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကျူးလွန်ခဲ့တဲ့ ကွန်ဂိုမျိုးချစ်တပ်ဖွဲ့ Union of Congolese Patriots တွေကို မစ္စတာ Ntaganda က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်မှုတွေမှာ ရာနဲ့ချီတဲ့ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ လူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့အပြင် ကွန်ဂိုပြည်သူသန်း ၉၀ လောက် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါတယ်။ မတ်လ ဆန်းပိုင်းတုန်းကတော့ Ntaganda ကြောင့်ထိခိုက်နစ်နာခဲ့ရသူတွေအတွက် စစ်လျော်ကြေးငွေအဖြစ် ဒေါ်လာသန်း ၃၀ ပေးလျော်ဖို့ ICC က အမိန့်ချမှတ်ခဲ့ပါတယ်။

အယူခံတရားရုံး တရားသူကြီး Howard Morrison က ပြစ်မှုဆိုင်ရာ တွေ့ရှိချက် အနှစ်ချုပ်ကို ဖတ်ပြတဲ့အချိန်မှာ အသက် ၄၇ နှစ်အရွယ် Ntaganda ဆီက စိတ်လှုပ်ရှားတဲ့ အပြုအမူမျိုး မတွေ့ရပါဘူး။ ICC က ပြစ်ဒဏ်ချမှတ် လိုက်သူတွေထဲမှာ Ntaganda ဟာပြစ်ဒဏ်အများဆုံးကျခံရသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ အပြစ်ပေးအရေးယူခံရတဲ့ ပထမဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

ကွန်ဂို စစ်အာဏာရှင်ဟောင်း ICC ပြစ်ဒဏ်ပေးပြီ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်


...........


(Unicode)





XS
SM
MD
LG