Zawgyi
ကြန္ဂို ေရႊတြင္းတူးေဖာ္ေရးလုပ္ငန္းက တ႐ုတ္အလုပ္သမားတခ်ိဳ႕ သတ္ျဖတ္ျပန္ေပးဆဲြခံရ
ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ အေရွ႕ပိုင္းက သယံဇာတ တူးေဖာ္ေရး လုပ္ငန္းတခုကို CODECO လက္နက္ကိုင္အဖဲြ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသား ၂ ဦး ေသဆုံးၿပီး၊ အမ်ားအျပား ျပန္ေပးဆဲြ ဖမ္းဆီးခံခဲ့ရေၾကာင္း စစ္တပ္ေျပာခြင့္ရက ၾကာသပေတးေန႔မွာ ေျပာလိုက္ပါတယ္။
ေဒသခံအရပ္ဖက္အဖဲြ႕ ေခါင္းေဆာင္ တေယာက္ကလည္း ေသဆုံးမႈနဲ႔ ပတ္သက္လို႔ အတည္ျပဳခဲ့ၿပီး၊ ေနာက္ထပ္ တ႐ုတ္ႏိုင္ငံသား ၈ ေယာက္ ေပ်ာက္ဆုံးေနေၾကာင္း ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြ ေရႊတူးေဖာ္ေရး လုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ Ituri ျပည္နယ္၊ Djugu ေဒသက ဗုဒၶဟူးေန႔ တိုက္ခိုက္မႈဟာ ေဒသတြင္းမွာ အေျခစိုက္ လႈပ္ရွားေနတဲ့ ကြန္ဂိုႏိုင္ငံ ဖြံ႔ၿဖိဳးေရး ပူးေပါင္းေဆာင္ရြက္မႈအဖဲြ႕ CODECO လက္နက္ကိုင္အဖဲြ႕ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
Djugu ေဒသမွာ အစိုးရစခန္းတခုအျပင္၊ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ စခန္းတခုလည္း တိုက္ခိုက္ခံခဲ့ရၿပီး ၂ ဦးေသ၊ အမ်ားအျပား ဖမ္းဆီးခံခဲ့ရေၾကာင္း ေဒသခံစစ္တပ္ ေျပာခြင့္ရအရာရွိ Jules Ngongo ကို ကိုးကားၿပီး Reuters သတင္းက ေဖာ္ျပခဲ့တာပါ။ တိုက္ခိုက္မႈ က်ဳးလြန္ေၾကာင္း စြပ္စဲြထားတဲ့ CODECO အဖဲြ႕နဲ႔ Kinshasa ၿမိဳ႕ေတာ္က တ႐ုတ္သံ႐ုံးတို႔ကေတာ့ လတ္တေလာ တုံ႔ျပန္တာ မရွိေသးပါဘူး။
Djugu ေဒသမွာ ၂၀၁၇ ခုႏွစ္ကစလို႔ CODECO အဖဲြ႕ရဲ႕ အႀကိမ္ႀကိမ္ တိုက္ခိုက္မႈေတြေၾကာင့္ အရပ္သား ရာခ်ီ ေသဆုံးခဲ့ရၿပီး၊ ေထာင္နဲ႔ခ်ီ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရေၾကာင္းလည္း ကုလသမဂၢက ေျပာဆိုထားတာပါ။ Djugu ေဒသက ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ အရပ္သားေတြကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက တိုက္ခိုက္ခံရမႈေၾကာင့္ လူ ၂၀ ေလာက္ ေသဆုံးခဲ့ရၿပီး၊ တိုက္ခိုက္မႈဟာ CODECO အဖဲြ႕ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း အစိုးရက စြပ္စဲြထားပါတယ္။
###
Unicode
ကွန်ဂို ရွှေတွင်းတူးဖော်ရေးလုပ်ငန်းက တရုတ်အလုပ်သမားတချို့ သတ်ဖြတ်ပြန်ပေးဆွဲခံရ
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းက သယံဇာတ တူးဖော်ရေး လုပ်ငန်းတခုကို CODECO လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၂ ဦး သေဆုံးပြီး၊ အများအပြား ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း စစ်တပ်ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဒေသခံအရပ်ဖက်အဖွဲ့ ခေါင်းဆောင် တယောက်ကလည်း သေဆုံးမှုနဲ့ ပတ်သက်လို့ အတည်ပြုခဲ့ပြီး၊ နောက်ထပ် တရုတ်နိုင်ငံသား ၈ ယောက် ပျောက်ဆုံးနေကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံသားတွေ ရွှေတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Ituri ပြည်နယ်၊ Djugu ဒေသက ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုဟာ ဒေသတွင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကွန်ဂိုနိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ CODECO လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းလည်း ပြောပါတယ်။
Djugu ဒေသမှာ အစိုးရစခန်းတခုအပြင်၊ တရုတ်နိုင်ငံသားတွေရဲ့ စခန်းတခုလည်း တိုက်ခိုက်ခံခဲ့ရပြီး ၂ ဦးသေ၊ အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံစစ်တပ် ပြောခွင့်ရအရာရှိ Jules Ngongo ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။ တိုက်ခိုက်မှု ကျုးလွန်ကြောင်း စွပ်စွဲထားတဲ့ CODECO အဖွဲ့နဲ့ Kinshasa မြို့တော်က တရုတ်သံရုံးတို့ကတော့ လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။
Djugu ဒေသမှာ ၂၀၁၇ ခုနှစ်ကစလို့ CODECO အဖွဲ့ရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ရာချီ သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။ Djugu ဒေသက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သားတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက တိုက်ခိုက်ခံရမှုကြောင့် လူ ၂၀ လောက် သေဆုံးခဲ့ရပြီး၊ တိုက်ခိုက်မှုဟာ CODECO အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း အစိုးရက စွပ်စွဲထားပါတယ်။