စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္းက ရက္ဆက္တိုက္ပြဲေတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာေနၾကဆဲျဖစ္တယ္လို႔ စစ္ေရွာင္ေတြက VOA ကို ေျပာပါတယ္။ လြိဳင္ေကာ္ဘက္ တိမ္းေရွာင္လာတဲ့ ေဒသခံတခ်ိဳ႕က စစ္ေကာင္စီဂိတ္မွာ စစ္ေဆးဖမ္းဆီခံရတယ္လို႔ စစ္ေရွာင္တစ္ဦးက ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ အလြန္အကြၽံပစ္ခတ္တဲ့အျပင္ မေန႔က ေဒါသမႀကီးေက်း႐ြာအုပ္စုမွာ ေလယာဥ္နဲ႔ပါ ဗုံးႀကဲတိုက္ခိုက္တယ္လို႔ စစ္ေရွာင္ေတြက ေျပာပါတယ္။ ဒီေန႔မနက္ပိုင္းထိ လက္နက္ႀကီးပစ္ခတ္သံေတြ ရပ္တန႔္မသြားဘဲ ၾကားေနရတယ္လို႔ ဆိုပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။
စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္နီေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြအၾကား ရက္ဆက္တိုက္ပြဲျဖစ္ေနတယ္လို႔ ဒီးေမာ့ဆိုအေရွ႕ျခမ္း စစ္ေရွာင္တစ္ဦးက VOA ကို ေျပာပါတယ္။ မေန႔က ေဒါသမႀကီးေက်း႐ြာဘက္မွာ ေလယာဥ္နဲ႔ ဗုံးႀကဲခံရတယ္လို႔ ဆိုပါတယ္။ ဒီေန႔မနက္ပိုင္းအထိ လက္နက္ႀကီးပစ္ခတ္သံေတြ ၾကားေနရတယ္လို႔ အဲဒီ စစ္ေရွာင္က ခုလို ေျပာပါတယ္။
“တိုက္ပြဲျဖစ္တာ အနည္းဆုံးေတာ့ ၅ရက္၊ ၆ရက္ေလာက္ ရွိၿပီ။ မေန႔က ေလယာဥ္နဲ႔ လာႀကဲတယ္ေလ။ ေဒါသမႀကီးမွာ ေလယာဥ္နဲ႔ လာႀကဲေတာ့ စစ္ေရွာင္ေတြ ဘယ္လိုမွ ေနလို႔မရေတာ့ဘူး အဲ့ဖက္ အေရွ႕ဖက္ျခမ္းမွာ။ ဒီေန႔လည္း အသံေတြ ၾကားေနရေသးတာပဲ။ ဒါေပမယ့္ ဒီရက္အထိ တိုက္ပြဲျဖစ္မလား၊ မျဖစ္လားဆိုတာေတာ့ မေသခ်ာဘူးေပါ့။ ဒါေပမယ့္ အသံေတြေတာ့ ၾကားေနရတယ္။ တိုက္ပြဲျဖစ္တာလား၊ ဒါမွ သူတို႔ကပဲ လွမ္းထုေနတာလားဆိုတာေတာ့ မေသခ်ာဘူးေပါ့။ အလုံးႀကီးအသံေတြပဲ ၾကားရတာ။”
ဒီးေမာ့ဆိုနယ္က လတ္တေလာ တိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။
တိုက္ပြဲေၾကာင့္ ေဒါသမႀကီးေက်း႐ြာအုပ္စု၊ ထီးပိုကလိုး ေက်း႐ြာအုပ္စုထဲက ႐ြာေပါင္း ၁၀ ႐ြာထက္မနည္းက ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေျပးလႊားေနၾကၿပီး အမ်ားစုက ဒီးေမာ့ဆိုအေနာက္ျခမ္း လြိဳင္ေကာ္ၿမိဳ႕ စတဲ့ နီးစပ္ရာေတြကို တိမ္းေရွာင္လာၾကတာလို႔ စစ္ေရွာင္ေတြက ေျပာပါတယ္။
လြိဳင္ေကာ္ၿမိဳ႕ဘက္ကို စစ္ေရွာင္လာတဲ့ ေဒသခံေတြ သူတို႔ လာရာလမ္းေတြမွာ စစ္ေကာင္စီဂိတ္ေတြနဲ႔တိုးၿပီး စစ္ေဆးခံရၿပီး ဖမ္းဆီးခံရသူတခ်ိဳ႕လည္း ရွိေနတယ္လို႔ ေနာက္ထပ္ စစ္ေရွာင္တစ္ဦးက ေျပာပါတယ္။
“ဒီေန႔လည္း ေရွာင္ေျပးေနတုန္း။ လူေတြလည္း ရွိေသးတယ္ေပါ့ေနာ္။ တခ်ိဳ႕ကေတာ့ လြိဳင္ေကာ္လာတဲ့လူက ပိုၿပီးေတာ့ အစစ္ေဆးခံရတာေပါ့။ တခ်ိဳ႕ဆိုရင္လည္း အဖမ္းခံရတဲ့ဟာဆိုလည္း တခ်ိဳ႕ၾကားတယ္ ေရွာင္လာတဲ့အထဲမွာ။ အဲ့ဒါ အစစ္ေဆးခံရရင္နဲ႔ အဖမ္းခံရတဲ့ တခ်ိဳ႕ေတြ ရွိတယ္လို႔လည္း ၾကားတယ္။ သူတို႔ လြိဳင္ေကာ္ေရာက္လာတဲ့ အဖြဲ႕ေတြကေတာ့ အဲ့လို အခက္အခဲေတြက ရွိတာေပါ့။ ေနာက္ တခ်ိဳ႕ကေတာ့ ဒီအေနာက္ဖက္ျခမ္းမွာပဲ စစ္ေရွာင္တယ္။ ေျပးတဲ့အခါမွာလည္း ဘာမွမယူမိတဲ့လူေတြလည္း ရွိတယ္။ အခုက ပိုလိုအပ္တာကေတာ့ သူတို႔အတြက္ ပိုခက္ခဲတာေတာ့ အစားအေသာက္ေပါ့။ ေနာက္ၿပီး ႐ြာမွာပဲ စစ္မေရွာင္ဘဲနဲ႔ ဒီတိုင္းပဲ ၿငိမ္ေနတဲ့ ႐ြာသားတခ်ိဳ႕ လည္းရွိေနတယ္။ ဘာလို႔ဆို သူတို႔လည္း ေျပးစရာလည္း မရွိဘူး။”
တိုက္ပြဲေၾကာင့္ ေဒသခံေတြ မၾကာခဏ ေဘးလြတ္ရာကို ေျပာင္းေ႐ြ႕ ေနထိုင္ေနရၿပီး ယာယီတဲတည္ေဆာက္ဖို႔ အမိုးအကာေတြလည္း အရမ္းလိုအပ္ေနတယ္လို႔ စစ္ေရွာင္က ေျပာပါတယ္။
“အခက္အခဲကေတာ့ မ်ိဳးစုံပဲေပါ့။ ဘာလို႔ဆို တစ္ေနရာၿပီး တစ္ေနရာ ေျပာင္းေ႐ြ႕ရတာရယ္၊ အဓိကအခက္အခဲဆုံးက အမိုးအကာပဲ။ ဘာလို႔ဆို ေနာက္တစ္ေနရာ တစ္ေနရာၿပီးတစ္ေနရာ သြားရေတာ့ ကိုယ္ေနဖို႔အတြက္ အေဆာက္အဦး၊ တဲေတြကို တစ္ခါၿပီးတခါ ျပန္လုပ္ေနရတာေပါ့ေနာ္။”
တိုက္ပြဲျဖစ္တဲ့ေနရာ ပိုက်ယ္ျပန႔္လာၿပီး ျပင္းထန္လာတဲ့ တိုက္ပြဲေၾကာင့္ ဒီးေမာ့ဆိုနယ္ အေရွ႕ျခမ္းကေန အေနာက္ျခမ္းဖက္ကို ေဒသခံ ၅,၀၀၀ ေလာက္ ေရာက္လာၾကတာလို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရး တာဝန္ခံတစ္ဦးက VOA ကို ေျပာပါတယ္။
စစ္ေကာင္စီတပ္ေတြ အဖက္ဖက္က စစ္ေၾကာင္းထိုးေနတာေၾကာင့္ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားလာတာလို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရး တာဝန္ခံက ခုလို ေျပာပါတယ္။
“အမ်ားအားျဖင့္ စစ္ေကာင္စီက စစ္ေၾကာင္းထိုးလာလို႔ ျဖစ္ၾကတာေပါ့ေနာ္။ ဒီးေမာ့ဆိုအေနာက္ဖက္ကို သူတို႔က ၾကားညႇပ္ တိုက္တဲ့အေနအထားေပါ့ေနာ္၊ က်ေနာ္တို႔ ျမင္တယ္။ ဘာျဖစ္လဲဆိုေတာ့ အခုက ေတာင္မဲသင္းတို႔ဖက္မွာလည္း ပင္ေလာင္းကို ေစာင္းေျပာင္းတို႔ဖက္မွာ သူတို႔ တစ္ေၾကာင္းထိုးလာတယ္။ ဖယ္ခုံရဲ႕ အေနာက္ေပါ့ေနာ္၊ ေခါင္းအိတို႔ဖက္မွာ တစ္ေၾကာင္းလာတယ္။ ဒီဖယ္ခုံအေနာက္ဖက္ကို ႏွစ္ေၾကာင္းထိုးလာတယ္။ တစ္ေၾကာင္းေတာ့ က်ေနာ္တို႔ PDF ေတြနဲ႔ ထိေတြ႕ မႈရွိတယ္ေပါ့ေနာ္။ ေနာက္ ဒီေဒါေညးခူတို႔ဖက္မွာ တစ္ေၾကာင္း။ ခုနက်ေနာ္တို႔ေျပာတဲ့ ေဒါစဲတို႔၊ ထီးပိုကလိုးတို႔ဖက္မွာလည္း တစ္ေၾကာင္းေပါ့ေနာ္။”
ဒီးေမာ့ဆိုၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီရဲ႕ တပ္မ ၆၆၊ တပ္မ ၇၇ ေတြ အရင္ထဲက လႈပ္ရွားေနတာပါ။ အခု ဒီေဒသမွာ ေရာက္ေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ အေတာ္မ်ားမ်ားဟာ အရင္လို တပ္ရင္း၊ တပ္ခြဲတံဆိပ္နဲ႔ နံပါတ္ေတြ အတိအက်မပါေတာ့ဘဲ ေနၾကာပန္းတံဆိပ္ေတြ တပ္ထားတာကို ေတြ႕ရတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္က ေျပာပါတယ္။
{Unicode}
တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအနီး စစ်ဘေးရှောင်တွေ ပိုများလာ
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ရက်ဆက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောနေကြဆဲဖြစ်တယ်လို့ စစ်ရှောင်တွေက VOA ကို ပြောပါတယ်။ လွိုင်ကော်ဘက် တိမ်းရှောင်လာတဲ့ ဒေသခံတချို့က စစ်ကောင်စီဂိတ်မှာ စစ်ဆေးဖမ်းဆီခံရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်တဲ့အပြင် မနေ့က ဒေါသမကြီးကျေးရွာအုပ်စုမှာ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းထိ လက်နက်ကြီးပစ်ခတ်သံတွေ ရပ်တန့်မသွားဘဲ ကြားနေရတယ်လို့ ဆိုပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ရက်ဆက်တိုက်ပွဲဖြစ်နေတယ်လို့ ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တစ်ဦးက VOA ကို ပြောပါတယ်။ မနေ့က ဒေါသမကြီးကျေးရွာဘက်မှာ လေယာဉ်နဲ့ ဗုံးကြဲခံရတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ အဲဒီ စစ်ရှောင်က ခုလို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာ အနည်းဆုံးတော့ ၅ရက်၊ ၆ရက်လောက် ရှိပြီ။ မနေ့က လေယာဉ်နဲ့ လာကြဲတယ်လေ။ ဒေါသမကြီးမှာ လေယာဉ်နဲ့ လာကြဲတော့ စစ်ရှောင်တွေ ဘယ်လိုမှ နေလို့မရတော့ဘူး အဲ့ဖက် အရှေ့ဖက်ခြမ်းမှာ။ ဒီနေ့လည်း အသံတွေ ကြားနေရသေးတာပဲ။ ဒါပေမယ့် ဒီရက်အထိ တိုက်ပွဲဖြစ်မလား၊ မဖြစ်လားဆိုတာတော့ မသေချာဘူးပေါ့။ ဒါပေမယ့် အသံတွေတော့ ကြားနေရတယ်။ တိုက်ပွဲဖြစ်တာလား၊ ဒါမှ သူတို့ကပဲ လှမ်းထုနေတာလားဆိုတာတော့ မသေချာဘူးပေါ့။ အလုံးကြီးအသံတွေပဲ ကြားရတာ။”
ဒီးမော့ဆိုနယ်က လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
တိုက်ပွဲကြောင့် ဒေါသမကြီးကျေးရွာအုပ်စု၊ ထီးပိုကလိုး ကျေးရွာအုပ်စုထဲက ရွာပေါင်း ၁၀ ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ပြေးလွှားနေကြပြီး အများစုက ဒီးမော့ဆိုအနောက်ခြမ်း လွိုင်ကော်မြို့ စတဲ့ နီးစပ်ရာတွေကို တိမ်းရှောင်လာကြတာလို့ စစ်ရှောင်တွေက ပြောပါတယ်။
လွိုင်ကော်မြို့ဘက်ကို စစ်ရှောင်လာတဲ့ ဒေသခံတွေ သူတို့ လာရာလမ်းတွေမှာ စစ်ကောင်စီဂိတ်တွေနဲ့တိုးပြီး စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူတချို့လည်း ရှိနေတယ်လို့ နောက်ထပ် စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“ဒီနေ့လည်း ရှောင်ပြေးနေတုန်း။ လူတွေလည်း ရှိသေးတယ်ပေါ့နော်။ တချို့ကတော့ လွိုင်ကော်လာတဲ့လူက ပိုပြီးတော့ အစစ်ဆေးခံရတာပေါ့။ တချို့ဆိုရင်လည်း အဖမ်းခံရတဲ့ဟာဆိုလည်း တချို့ကြားတယ် ရှောင်လာတဲ့အထဲမှာ။ အဲ့ဒါ အစစ်ဆေးခံရရင်နဲ့ အဖမ်းခံရတဲ့ တချို့တွေ ရှိတယ်လို့လည်း ကြားတယ်။ သူတို့ လွိုင်ကော်ရောက်လာတဲ့ အဖွဲ့တွေကတော့ အဲ့လို အခက်အခဲတွေက ရှိတာပေါ့။ နောက် တချို့ကတော့ ဒီအနောက်ဖက်ခြမ်းမှာပဲ စစ်ရှောင်တယ်။ ပြေးတဲ့အခါမှာလည်း ဘာမှမယူမိတဲ့လူတွေလည်း ရှိတယ်။ အခုက ပိုလိုအပ်တာကတော့ သူတို့အတွက် ပိုခက်ခဲတာတော့ အစားအသောက်ပေါ့။ နောက်ပြီး ရွာမှာပဲ စစ်မရှောင်ဘဲနဲ့ ဒီတိုင်းပဲ ငြိမ်နေတဲ့ ရွာသားတချို့ လည်းရှိနေတယ်။ ဘာလို့ဆို သူတို့လည်း ပြေးစရာလည်း မရှိဘူး။”
တိုက်ပွဲကြောင့် ဒေသခံတွေ မကြာခဏ ဘေးလွတ်ရာကို ပြောင်းရွေ့ နေထိုင်နေရပြီး ယာယီတဲတည်ဆောက်ဖို့ အမိုးအကာတွေလည်း အရမ်းလိုအပ်နေတယ်လို့ စစ်ရှောင်က ပြောပါတယ်။
“အခက်အခဲကတော့ မျိုးစုံပဲပေါ့။ ဘာလို့ဆို တစ်နေရာပြီး တစ်နေရာ ပြောင်းရွေ့ရတာရယ်၊ အဓိကအခက်အခဲဆုံးက အမိုးအကာပဲ။ ဘာလို့ဆို နောက်တစ်နေရာ တစ်နေရာပြီးတစ်နေရာ သွားရတော့ ကိုယ်နေဖို့အတွက် အဆောက်အဦး၊ တဲတွေကို တစ်ခါပြီးတခါ ပြန်လုပ်နေရတာပေါ့နော်။”
တိုက်ပွဲဖြစ်တဲ့နေရာ ပိုကျယ်ပြန့်လာပြီး ပြင်းထန်လာတဲ့ တိုက်ပွဲကြောင့် ဒီးမော့ဆိုနယ် အရှေ့ခြမ်းကနေ အနောက်ခြမ်းဖက်ကို ဒေသခံ ၅,၀၀၀ လောက် ရောက်လာကြတာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံတစ်ဦးက VOA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အဖက်ဖက်က စစ်ကြောင်းထိုးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားလာတာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံက ခုလို ပြောပါတယ်။
“အများအားဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ဖြစ်ကြတာပေါ့နော်။ ဒီးမော့ဆိုအနောက်ဖက်ကို သူတို့က ကြားညှပ် တိုက်တဲ့အနေအထားပေါ့နော်၊ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လဲဆိုတော့ အခုက တောင်မဲသင်းတို့ဖက်မှာလည်း ပင်လောင်းကို စောင်းပြောင်းတို့ဖက်မှာ သူတို့ တစ်ကြောင်းထိုးလာတယ်။ ဖယ်ခုံရဲ့ အနောက်ပေါ့နော်၊ ခေါင်းအိတို့ဖက်မှာ တစ်ကြောင်းလာတယ်။ ဒီဖယ်ခုံအနောက်ဖက်ကို နှစ်ကြောင်းထိုးလာတယ်။ တစ်ကြောင်းတော့ ကျနော်တို့ PDF တွေနဲ့ ထိတွေ့ မှုရှိတယ်ပေါ့နော်။ နောက် ဒီဒေါညေးခူတို့ဖက်မှာ တစ်ကြောင်း။ ခုနကျနော်တို့ပြောတဲ့ ဒေါစဲတို့၊ ထီးပိုကလိုးတို့ဖက်မှာလည်း တစ်ကြောင်းပေါ့နော်။”
ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၇၇ တွေ အရင်ထဲက လှုပ်ရှားနေတာပါ။ အခု ဒီဒေသမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အတော်များများဟာ အရင်လို တပ်ရင်း၊ တပ်ခွဲတံဆိပ်နဲ့ နံပါတ်တွေ အတိအကျမပါတော့ဘဲ နေကြာပန်းတံဆိပ်တွေ တပ်ထားတာကို တွေ့ရတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ •