သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ်ရှုတ်ချ 


ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ်ရှုတ်ချ
ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ်ရှုတ်ချ

ကလေးငယ် ၁၁ ဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ်ရှုတ်ချ

{{Zawgyi/Unicode}}
ကလေးငယ် ၁၁ ဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ အပေါ် တိုက်ခိုက်မှုတွေဟာ ဆိုရင် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်သလိုပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ လက်နက်ကိုင် ပဋိပက္ခ ကာလတွင်း ကလေးငယ်တွေ အပေါ် ဆိုးဆိုးရွားရွား အကြမ်းဖက်မှု ၆ ခုထဲက တခုနဲ့လည်း ကိုက်ညီနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စား ပြောခွင့်ရ Stéphane Dujarric ရဲ့ အင်္ဂါနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စွပ်စွဲချက်ကိုတော့ မြန်မာစစ်အာဏာပိုင်တွေက ငြင်းဆန်ထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ ဒေသခံ PDF လက်နက်ကိုင်တွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့ရာက သေဆုံးခဲ့ရတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မှာလည်း ကျောင်းတွေဟာ ဆိုရင် ကလေးတွေကို အကာကွယ်ပေးနိုင်တဲ့ အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်တဲ့ နေရာ ဖြစ်နေရမယ်လို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံတကာ ဥပဒေတွေ အရ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေဟာ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ဒါမှမဟုတ်လည်း အရပ်ဘက် ဆိုင်ရာတွေကို မတိုက်ခိုက်ရဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောဆိုပါတယ်။ ထိခိုက် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................


{{Zawgyi/Unicode}}






XS
SM
MD
LG