သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet နေရာ အစားထိုး တာဝန်ပေး


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကိုတွေ့ရစဉ် (မတ် ၂၂၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကိုတွေ့ရစဉ် (မတ် ၂၂၊ ၂၀၂၃)

အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ လက်ရှိရာထူးက အနားယူပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

Derek Chollet ဟာ နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံအဖြစ်နဲ့ ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့အရေးအပါအဝင် ဘော်ကန်ဒေသ၊ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်နဲ့ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံကိစ္စရပ်တွေမှာ အင်မတန် အားကိုးရတဲ့သူတဦးဖြစ်ပြီး သူ့ရဲ့ အကြံဉာဏ်တွေကို အများကြီး ယူရခဲ့ရကြောင်းလည်း ဝန်ကြီး Blinken က ထုတ်ဖော် ပြောဆိုထားပါတယ်။

Derek Chollet ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူတဦးဖြစ်ပြီး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို အိမ်နီးချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မြန်မာ့အရေးကို မကြာခဏ သွားရောက် ဆွေးနွေးလေ့ရှိသူတဦး ဖြစ်ပါတယ်။

Derek Chollet ရဲ့ နေရာမှာ လက်ထောက် မူဝါဒရေးရာ အကြံပေးအဖြစ် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်နေတဲ့ Tom Sullivan နဲ့ အစားထိုး ခန့်အပ်သွားမှာဖြစ်ကြောင်းလည်း ဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG