သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 စစ္အာဏာသိမ္းၿပီး ျမန္မာႏုိင္ငံမွာ ေနရပ္စြန္႔ခြာရသူ ၂ ဆတုိး (UNHCR) 


Karen IDP in the forest

ျမန္မာႏုိင္ငံမွာ ပဋိကၡေတြေၾကာင့္ ျပည္တြင္းအုိးအိပ္စြန့္ခြါထြက္ေျပးရသူ ဒုကၡသည္ အေရအတြက္ဟာ ၂ ဆတုိးလာတာေၾကာင့္ ျမန္မာႏုိင္ငံမွာ အေရးေပၚ လူသားျခင္းစာနာမႈ အေထာက္အပံေတြလည္း ပုိမုိလုိအပ္လာတယ္လုိ့ UNHCR က ေသာၾကာေန႔မွာေျပာဆုိလုိက္ပါတယ္။

စစ္အာဏာသိမ္းၿပီး ျမန္မာႏုိင္ငံမွာ ေနရပ္စြန္႔ခြာရသူ ၂ ဆတုိး (UNHCR)

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ ပဋိကၡေတြေၾကာင့္ ျပည္တြင္းအုိးအိပ္စြန့္ခြါထြက္ေျပးရသူ ဒုကၡသည္ အေရအတြက္ဟာ ၂ ဆတုိးလာၿပီး ၈ သိန္းေက်ာ္ေလာက္ျဖစ္လာတာေၾကာင့္ ျမန္မာႏုိင္ငံမွာ အေရးေပၚ လူသားျခင္းစာနာမႈ အေထာက္အပံေတြလည္း ပုိမုိလုိအပ္လာတယ္လုိ႔ UNHCR ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီးရုံးက ေသာၾကာေန႔မွာေျပာဆုိလုိက္ပါတယ္။ အျပည့္အစုံကုိေတာ့ ကိုေဇာ္မုိးေက်ာ္က ဆက္လက္ေျပာျပေပးပါလိမ့္မယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ တုိင္းျပည္အႏွံ႔ လက္ႏွက္ကုိင္ပဋိပကၡေတြ ပုိမုိျပင္းထန္လာခဲ့ၿပီး၊ လုံၿခဳံေရးေျခအေနေတြဟာ တျဖည့္ျဖည္းဆုိးဝါးလာေၾကာင္း နဲ႔ ဒီအေျခအေနေတြဟာ ေလ်ာ့က်သက္သာလာမယ့္ လကၡဏာမရွိဘူးလုိ့ UNHCR ရဲ့ေျပာေရးဆုိခြင့္ရွိသူ Matthew Saltmarsh က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ့ မွာရွိတဲ့ ကုလသမဂၢအေဆာက္အအုံမွာ ျပဳ႕လုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ထုတ္ေဖၚေျပာဆုိခဲ့ပါတယ္။

"၂ဝ၂၁ ခုႏွစ္ ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အုိးအိမ္စြန့္ခြါထြက္ေျပးရသူေတြ ေနရာအေတာ္မ်ားမ်ားမွာ ျဖစ္လာခဲ့ၿပီး ေနာက္ထပ္ ၄ သိန္း ၄ ေသာင္းေက်ာ္ ေလာက္တုိးလာခဲ့ပါတယ္။ အရင္က ၃ သိန္း ၇ ေသာင္းေက်ာ္ေလာက္ရွိေနခဲ့တဲ့အတြက္ စုစုေပါင္း ၈ သိန္းေက်ာ္ေလာက္ျဖစ္လာခဲ့တယ္လုိ့ Matthew ကေျပာဆုိသြားတာပါ"

အဲဒီ ၄ သိန္း ၄ ေသာင္းထဲက တဝက္ေက်ာ္ေလာက္ျဖစ္တဲ့ ၂ သိန္းေက်ာ္ေလာက္ဟာ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္ေတာင္ပုိင္း၊ ပဲခူးတုိင္း အေရွ့ျခမ္း၊ နဲတနသၤာရီေဒသေတြကျဖစ္တယ္လုိ့ဆုိပါတယ္။

က်န္တဲ့ ျပည္တြင္းဒုကၡသည္ ၁ သိန္း ၉ ေသာင္းေက်ာ္ဟာ ခ်င္းျပည္နယ္၊ မေကြးတုိင္းနဲ့ စစ္ကုိင္းတုိင္း ေတြထဲမွာ ရွိေနတယ္လုိ့ ေျပာခြင့္ရ ပုဂၢိဳလ္ကေျပာဆုိသြားတာပါ။

စစ္ပဲြေတြနဲ႔ ပဋိပကၡေတြေၾကာင့္ အုိးအိမ္စြန္႔ခြာထြက္ေျပးေနရသူေတြဟာ တခ်ိဳ့ကနီးစပ္ရာေနရာေတြ ခုိေအာင္းေနရၿပီး ျဖစ္သလုိေနေနၾကရပါတယ္။ တခ်ိဳ့ကေတာ့ ထုိင္း နဲ႔ အိႏၵိယနယ္စပ္ေတြကိုျဖတ္ေက်ာ္ၿပီး ေနေနၾကရသလုိ၊ တခ်ိဳ႕ကလည္းေတာေတာင္ေတြထဲမွာေနေနၾကရပါတယ္။ ျပည္တြင္းစစ္ေျပး ဒုကၡသည္ေတြမွာ လုံေလာက္တဲ့ေဆးဝါး၊ အမုိးအကာနဲ႔ အစားအစာေတြမရွိသလုိ သန္႔ရွင္းမႈ၊ လုံၿခဳံမႈလည္းမရွိတဲ့ အေျခအေနမွာ ေနေနရတယ္လုိ႔ ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီးရုံး UNHCR ရဲ့ေျပာေရး ဆုိခြင့္ရွိသူကေျပာဆုိပါတယ္။

ဒါေၾကာင့္ UNHCR အေနနဲ့ လုိအပ္တဲ့ပစၥည္းေတြျဖစ္တဲ့ ေစာင္၊ ျခင္ေထာင္၊ အမုိးအကာ၊ အိပ္ယာခင္း၊ ေဆးဝါး၊ အသုံးအေဆာင္ပစၥည္းေတြနဲ႔ ကုိဗစ္ကာကြယ္ေရး ပစၥည္းေတြေထာက္ပံ့ေဝေပးေနတယ္လို႔ လည္းေျပာပါတယ္။

လူသားျခင္းစာနာမႈ အေထာက္အပံေတြ ေပးေဝဖုိ႔ကိစၥမွာ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြနဲ႔ ရင္ဆုိင္ေနရာဆဲျဖစ္ပါတယ္။ လမ္းေတြကုိပိတ္ဆုိ႔ထားတာ၊ သြားလာဖုိ႔ခြင့္ျပဳခ်က္ေတာင္းရတာ ဒီအခက္ခဲေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒါေၾကာင့္ ဒုကၡသည္ေတြဆီကုိ အေထာက္အပံ့ပစၥည္းေတြေရာက္ဖုိ႔က ေဒသခံျပည္သူေတြကုိပဲ အားထားေနရာပါတယ္လုိ႔ UNHCR ေျပာေရးဆုိခြင့္ရွိသူ Matthew ကေျပာဆုိသြားတာပါ။

ဒါ့အျပင္ျမန္မာႏုိင္ငံမွာ ကုန္ေစ်းႏွုန္းႀကီးျမင့္တာ၊ အလုပ္အကုိင္မရွိတာ၊ ဝင္ေငြမရွိတာ၊ အေျခခံဝန္ေဆာင္မႈလုပ္ငန္းေတြဖ်က္စီးေႏွာက္ယွက္ခံရတာ၊ အခ်ိန္ရွည္ၾကာစြာ လုံၿခဳံမႈကင္းမဲ့ေနတာေတြေၾကာင့္ ျမန္မာႏုိင္ငံရဲ့လူသားျခင္းစာနာမႈ အေျခအေနေတြဟာ စုိးရိမ္ေနရဆဲျဖစ္တယ္လုိ႔ေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ တုိင္းျပည္မဲ့ ရုိဟင္ဂ်ာ ၆ သိန္းေလာက္ဟာလည္း ရခုိင္ျပည္နယ္ထဲမွာရွိေနၿပီး၊ ၁ သိန္း ၄ ေသာင္း ၈ ေထာင္ေက်ာ္ေလာက္ကေတာ့ ဒုကၡသည္စခန္းေတြ၊ ရြာေတြ၊ နဲ႔ တခ်ိဳ႕ေနရာေတြမွာျဖစ္သလုိ ေနေနၾကရတယ္လုိ႔ဆုိပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံက ျပည္တြင္း အုိးအိမ္စြန့္ခြါထြက္ေျပးရသူေတြကုိ ကူညီေထာက္ပံဖုိ႔ အေမရိကန္ေဒၚလာ ၅၇ သန္းနီးပါးေလာက္လုိအပ္မယ္လို႔ ကုလသမဂၢဒုကၡသည္မ်ား ဆုိင္ရာမဟာမင္းႀကီးရုံး UNHCR ရဲ့ေျပာေရးဆုိခြင့္ရွိသူ Matthew Saltmarsh ကေျပာဆုိခဲ့ေၾကာင္းပါခင္ဗ်ာ။

............................................

တိုက္႐ိုက္ လင့္ခ္

စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၂ ဆတိုး (UNHCR)

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိက္ခတွေကြောင့် ပြည်တွင်းအိုးအိပ်စွန့်ခွါထွက်ပြေးရသူ ဒုက္ခသည် အရေအတွက်ဟာ ၂ ဆတိုးလာပြီး ၈ သိန်းကျော်လောက်ဖြစ်လာတာကြောင့် မြန်မာနိုင်ငံမှာ အရေးပေါ် လူသားခြင်းစာနာမှု အထောက်အပံတွေလည်း ပိုမိုလိုအပ်လာတယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့မှာပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က ဆက်လက်ပြောပြပေးပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်အနှံ့ လက်နှက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လုံခြုံရေးခြေအနေတွေဟာ တဖြည့်ဖြည်းဆိုးဝါးလာကြောင်း နဲ့ ဒီအခြေအနေတွေဟာ လျော့ကျသက်သာလာမယ့် လက္ခဏာမရှိဘူးလို့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာရှိတဲ့ ကုလသမဂ္ဂအဆောက်အအုံမှာ ပြု့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

"၂ဝ၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွါထွက်ပြေးရသူတွေ နေရာအတော်များများမှာ ဖြစ်လာခဲ့ပြီး နောက်ထပ် ၄ သိန်း ၄ သောင်းကျော် လောက်တိုးလာခဲ့ပါတယ်။ အရင်က ၃ သိန်း ၇ သောင်းကျော်လောက်ရှိနေခဲ့တဲ့အတွက် စုစုပေါင်း ၈ သိန်းကျော်လောက်ဖြစ်လာခဲ့တယ်လို့ Matthew ကပြောဆိုသွားတာပါ"

အဲဒီ ၄ သိန်း ၄ သောင်းထဲက တဝက်ကျော်လောက်ဖြစ်တဲ့ ၂ သိန်းကျော်လောက်ဟာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ နဲ့တနင်္သာရီဒေသတွေကဖြစ်တယ်လို့ဆိုပါတယ်။

ကျန်တဲ့ ပြည်တွင်းဒုက္ခသည် ၁ သိန်း ၉ သောင်းကျော်ဟာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တွေထဲမှာ ရှိနေတယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောဆိုသွားတာပါ။

စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ တချို့ကနီးစပ်ရာနေရာတွေ ခိုအောင်းနေရပြီး ဖြစ်သလိုနေနေကြရပါတယ်။ တချို့ကတော့ ထိုင်း နဲ့ အိန္ဒိယနယ်စပ်တွေကိုဖြတ်ကျော်ပြီး နေနေကြရသလို၊ တချို့ကလည်းတောတောင်တွေထဲမှာနေနေကြရပါတယ်။ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေမှာ လုံလောက်တဲ့ဆေးဝါး၊ အမိုးအကာနဲ့ အစားအစာတွေမရှိသလို သန့်ရှင်းမှု၊ လုံခြုံမှုလည်းမရှိတဲ့ အခြေအနေမှာ နေနေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ပြောရေး ဆိုခွင့်ရှိသူကပြောဆိုပါတယ်။

ဒါကြောင့် UNHCR အနေနဲ့ လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ စောင်၊ ခြင်ထောင်၊ အမိုးအကာ၊ အိပ်ယာခင်း၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေထောက်ပံ့ဝေပေးနေတယ်လို့ လည်းပြောပါတယ်။

လူသားခြင်းစာနာမှု အထောက်အပံတွေ ပေးဝေဖို့ကိစ္စမှာ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်နေရာဆဲဖြစ်ပါတယ်။ လမ်းတွေကိုပိတ်ဆို့ထားတာ၊ သွားလာဖို့ခွင့်ပြုချက်တောင်းရတာ ဒီအခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေဆီကို အထောက်အပံ့ပစ္စည်းတွေရောက်ဖို့က ဒေသခံပြည်သူတွေကိုပဲ အားထားနေရာပါတယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူ Matthew ကပြောဆိုသွားတာပါ။

ဒါ့အပြင်မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်မရှိတာ၊ ဝင်ငွေမရှိတာ၊ အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေဖျက်စီးနှောက်ယှက်ခံရတာ၊ အချိန်ရှည်ကြာစွာ လုံခြုံမှုကင်းမဲ့နေတာတွေကြောင့် မြန်မာနိုင်ငံရဲ့လူသားခြင်းစာနာမှု အခြေအနေတွေဟာ စိုးရိမ်နေရဆဲဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်မဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာလည်း ရခိုင်ပြည်နယ်ထဲမှာရှိနေပြီး၊ ၁ သိန်း ၄ သောင်း ၈ ထောင်ကျော်လောက်ကတော့ ဒုက္ခသည်စခန်းတွေ၊ ရွာတွေ၊ နဲ့ တချို့နေရာတွေမှာဖြစ်သလို နေနေကြရတယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက ပြည်တွင်း အိုးအိမ်စွန့်ခွါထွက်ပြေးရသူတွေကို ကူညီထောက်ပံဖို့ အမေရိကန်ဒေါ်လာ ၅၇ သန်းနီးပါးလောက်လိုအပ်မယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh ကပြောဆိုခဲ့ကြောင်းပါခင်ဗျာ။

XS
SM
MD
LG