သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမားအရေး မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားဆွေးနွေး


MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ
MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းကုန်တဲ့အခါ လွယ်လွယ်ကူကူ သက်တမ်းတိုးနိုင်အောင် လုပ်ကိုင်ပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူထားတဲ့အကြောင်း ထိုင်း အလုပ်အကိုင်ရေးရာ ဌာန ညွန်ကြားရေးမှုးချုပ်က ပြောပါတယ်။ ကမ္ဘောဒီယားနိုင်ငံသား အလုပ်သမား လေးသောင်းရဲ့ အလုပ်လုပ်ခွင့်တွေ သက်တမ်းတိုးရာမှာ အွန်လိုင်းကနေ အချက်အလက်တွေ လျှောက်ထားနိုင်ပြီး နှစ်ဖက် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကိုဗစ် ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလ ရွေ့ပြောင်းအလုပ်သမားတွေ အတော်များများ နေရပ်နိုင်ငံတွေကို ပြန်သွားကြတဲ့အတွက် အလုပ်သမား လျော့နည်းတဲ့ ပြဿနာကို ဖြေရှင်းနိုင်အောင် ထိုင်းနိုင်ငံက ကြိုးစားနေပါတယ်။ လက်ရှိ နားလည်မှု သဘောတူစာချွှန်လွှာအရ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာ လေးနှစ် အလုပ်လုပ်ခွင့် တရားဝင် ခွင့်ပြုထားပြီး သက်တမ်းကုန်သွားရင်၊ ရက် ၃၀ အတွင်း ပြန်သက်တမ်းတိုးထာတယ်ဆိုတဲ့ အထောက်အထားနဲ့ ဆက်လက်နေခွင့်ရမှာဖြစ်ပါတယ်။

အလားတူ သဘောတူညီချက်မျိုး မြန်မာနိုင်ငံဘက်နဲ့လည်း သဘောတူထားတယ်လို့ ထိုင်း အလုပ်အကိုင်ရေးရာ ဌာန အကြီးအကဲက ပြောဆိုတာပါ။ ဒါပေမဲ့လည်း မြန်မာရွေ့ပြောင်းအလုပ်သမားရေး လုပ်ကိုင်သူတွေကတော့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေဘက်က ရေရေရာရာ အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ VOA ကို ‌ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို နောက်ပိုင်းမှာ ရှုစားနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG