သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးအတုနဲ့ လေယာဉ်မောင်းခန်းထဲ ဝင်ဖို့ ကြိုးပမ်းမှု


မလေးရှား လေကြောင်းလိုင်း လေယာဉ်တွေ ကွာလာလမ်ပူ လေဆိပ်မှာ ဆိုက်ကပ်ထားစဉ်။ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၅။
မလေးရှား လေကြောင်းလိုင်း လေယာဉ်တွေ ကွာလာလမ်ပူ လေဆိပ်မှာ ဆိုက်ကပ်ထားစဉ်။ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၅။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူကို ဦးတည် ပျံသန်းမယ့် မလေးရှား လေယာဉ်တစင်းမှာ ခရီးသည် တဦးက လေယာဉ်မောင်းခန်းထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး တဲ့နောက် ထွက်ခွာခဲ့ရာ သြစတေးလျ နိုင်ငံ Melbourne လေဆိပ်ကို ဘေးကင်းစွာ ပြန်ဆင်းသက် နိုင်ခဲ့ပါတယ်။

လေကြောင်း ထိန်းသိမ်းရေးဌာနက အသံဖိုင်တခု အွန်လိုင်းမှာ တင်ခဲ့တာမှာ အမျိုးသားတဦးရဲ့ အသံနဲ့ ဖောက်ခွဲ ပစ္စည်းတွေ ပါကြောင်း ပြောသူဟာ လေယာဉ်မောင်းခန်း ထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြောင်းနဲ့ ခရီးသည်တွေက သူ့ကို ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကြားကြရပါတယ်။

အဲဒီ ခရီးသည်ဟာ သီရိလင်္ကာ နိုင်ငံသားဖြစ်ပြီး မူးနေပုံ ရကြောင်းနဲ့ သူ့မှာ ဗုံးပါတယ်လို့ ပြောပေမယ့် အဲဒါဟာ ဖုန်းအားသွင်းတဲ့ လျှပ်စစ်ပစ္စည်း Powerbank ဖြစ်တဲ့ အကြောင်း ဒုတိယ ပို့ဆောင်ရေးဝန်ကြီး Abdul Aziz Kaprawi က ပြင်သစ် သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီ ခရီးသည်ကို လေဆိပ်မှာပဲ ထိန်းသိမ်းထားပြီး သြစတြေးလျ အာဏာပိုင်တွေနဲ့ မလေးရှား လေကြောင်းလိုင်း တို့က ပူးပေါင်း စစ်ဆေးမှာ ဖြစ်ကြောင်း ကုမ္ပဏီက ပြောပြီး အခုလို အဆင်မပြေ ဖြစ်ရမှုအတွက် ကိုလည်း တောင်းပန်ခဲ့ပါတယ်။

"ဒါဟာ လေယာဉ် ပြန်ပေးဆွဲခြင်း လုံး၀ မဟုတ်ဘူး လို့လဲ မလေးရှား လေကြောင်းက ဆိုပါတယ်။ ဒီထက်ပိုပြီး အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။"

မဲလ်ဘုန်း လေဆိပ်ရဲ့အဝင်အထွက် လေယာဉ်ခရီးစဉ် အားလုံးကတော့ နှောင့်နှေး သွားခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG