သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G20 နိုင်ငံများကြား ယူကရိန်းအရေး သဘောထားကွဲလွဲ


India G20 Meetings
India G20 Meetings

အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ G20 စက်မှုထိပ်သီး နိုင်ငံများရဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ တိုးတက်မှုတွေ သိသိသာသာမရရှိဘဲ အင်္ဂါနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

"ပူးတွဲထုတ်ပြန်ချက်မှာ ရုရှား-ယူကရိန်းစစ်ပွဲအရေး အားလုံးသဘောတူညီနိုင်မယ့် စကားလုံးအသုံးအနှုန်း ညှိနှိုင်းမရဖြစ်ခဲ့ပေမယ့် အဓိကကိစ္စရပ်တွေမှာ တိုးတက်မှုရှိလာခဲ့ကြောင်း” အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က Gandhinagar မှာ နှစ်ရက်ကြာကျင်းပတဲ့ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ ထိပ်သီးအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီအစည်းအဝေးမှာ G20 ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ် ပြုပြင်ပြောင်း လဲရေး၊ အခွန်အခ၊ ဒစ်ဂျစ်တဲလ် crypto ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ဥတုရာသီပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေမယ့် ဘဏ္ဍာရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။

ဝင်ငွေနည်းနိုင်ငံတွေအတွက် ကြွေးမြီပြင်ဆင်ချက်ရဖို့လည်း အဓိကထားဆွေးနွေးခဲ့ကြပေမယ့်
ဒါကို တရုတ်နိုင်ငံက တွန့်ဆုတ်နေကြောင်း G20 အဖွဲ့ဝင်နိုင်ငံအများအပြားက ထောက်ပြခဲ့ကြပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်ဟာအာရှနဲ့ အာဖရိကရှိဝင်ငွေနည်းနိုင်ငံအများအပြားမှာ အဓိက ငွေထုတ်ချေးနေတဲ့နိုင်ငံ ဖြစ်ပြီးကြွေးမြီပြန်ဆပ်ရေး အစီအစဥ်အသစ် ပြင်ဆင်ဖို့ကို ဆန့်ကျင်နေတာပါ။

ဒီအစည်းအဝေးမှာ ချမ်းသာ၊ ဆင်းရဲ နိုင်ငံများအကြား ကွဲလွဲမှုတွေကြောင့် ဆင်းရဲတွင်းနက်စေမယ့် အန္တရာယ်ရှိကြောင်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့သလို "ယနေ့ကမ္ဘာကြီးဟာ ရာသီဥတုဖောက်ပြန်မှု၊ ကပ်ရောဂါတွေကြောင့် ပိုမိုထိခိုက်လွယ်နေချိန်မှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကမောက်ကမ ဖြစ်စေတယ်" လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ Kristalina Georgieva ကသတိပေးခဲ့ပါတယ်။

G20 နိုင်ငံများကြား ယူကရိန်းအရေး သဘောထားကွဲလွဲ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG