သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး G-20 မွာ ဘဂၤလားေဒ့ရွ္ တိုက္တြန္း


Bangladesh Foreign minister Dr. A. K. Abdul Momen

အိႏၵိယက ကမကထလုပ္က်င္းပတဲ့ ကမာၻ႔စီးပြါးေရးအင္အားႀကီးႏိုင္ငံ G20 အစည္းအေဝးမွာ ဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္က ႏိုင္ငံျခားေရးဝန္ႀကီး A K Abdul Momen က ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ G20 အပါအဝင္ ႏိုင္ငံတကာ အသိုင္းဝိုင္းက အခ်ိန္မဆိုင္းပဲ အကူအညီေတြေပးၾကဖို႔ ၾကာသပေတးေန႔မွာ ပန္ၾကားလိုက္ပါတယ္။

=== [[ ZAWGYI ]] ===

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး G-20 မွာ ဘဂၤလားေဒ့ရွ္ တိုက္တြန္း

အိႏၵိယက ကမကထလုပ္ က်င္းပတဲ့ ကမာၻ႔စီးပြါးေရးအင္အားႀကီးႏိုင္ငံ ၂၀ ရဲ႕ G20 အစည္းအေဝးမွာ ဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္က ႏိုင္ငံျခားေရးဝန္ႀကီး A K Abdul Momen က ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ G20 အပါအဝင္ ႏိုင္ငံတကာ အသိုင္းဝိုင္းက အခ်ိန္မဆိုင္းပဲ အကူအညီေတြ ေပးၾကဖို႔ ၾကာသပေတးေန႔မွာ ပန္ၾကားလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြ ထြက္ေျပးခိုလႈံေနတာ ကာလၾကာျမင့္လာတာနဲ႔အမွ် ေဒသတလႊားမွာ ႀကီးမားတဲ့ လုံၿခဳံေရးျပႆနာေတြ ေပၚေပါက္လာသလို သူတို႔ေတြကို အၾကမ္းဖက္အဖြဲ႕ေတြက အစြန္းေရာက္မႈနဲ႔ လူသစ္ စုေဆာင္းမႈေတြအတြက္ ပစ္မွတ္ထားတာမ်ိဳး ျဖစ္လာႏိုင္တယ္လို႔လည္း G20 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းေဝးမွာ ေျပာၾကားခဲ့တာပါ။

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး အကူညီေတြေပးၾကဖို႔ ပန္ၾကားေနခ်ိန္မွာပဲ လူသားစာနာမႈျပႆနာ မႀကဳံရေအာင္ ဘဂၤလာေဒ့ရွ္အစိုးရက အကာကြယ္ေပးေနသလို အသက္ကယ္ဖို႔လိုအပ္တဲ့ ဘယ္လို အေရးေပၚကိစၥကိုမဆို တုန႔္ျပန္ေဆာင္႐ြက္ဖို႔ ဆက္ၿပီး အသင့္ျပင္ထားေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ အၾကမ္းဖက္သမားကိုမွ ဘဂၤလားေဒ့ရွ္ေျမကို အသုံးခ်ၿပီး တျခားႏိုင္ငံေတြကို တိုက္ခိုက္ခြင့္ေပးမွာ မဟုတ္ဖူးလို႔လည္း ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ ထြက္ေျပးသြားခဲ့ၾကတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက မြတ္စလင္ ၁,၀၀၀ နီးပါးကို ျပန္လည္လက္ခံမွာ ျဖစ္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မၾကာေသးခင္ကပဲ VOA ကို အတည္ျပဳ ေျပာခဲ့ပါတယ္။ လွဖိုးေခါင္၊ ေတာင္ၿပိဳလက္ဝဲ၊ ႀကိမ္ေခ်ာင္း စတဲ့ လက္ခံေရးစခန္းေတြကေန ျပန္လည္လက္ခံဖို႔ ျပင္ဆင္ထားၿပီလို႔လည္း ေျပာပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္း ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ျခမ္း ထြက္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာေတြ ျပန္လက္ခံေရးကို အရင္ NLD အစိုးရလက္ထက္ထဲက ႀကိဳးပမ္းခဲ့တာပါ။ အဲဒီတုန္းက ၂ ႏိုင္ငံဘက္မွာ စိစစ္ၿပီးသား ဒုကၡသည္ ၃,၄၅၀ ကို ၂၀၁၉ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ လက္ခံဖို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား သေဘာတူထားခဲ့ၾကေပမယ့္ သတ္မွတ္ထားတဲ့ေန႔မွာ ဒုကၡသည္ တဦးတေယာက္မွ ျပန္မလာႏိုင္ခဲ့ၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး G-20 မှာ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

အိန္ဒိယက ကမကထလုပ် ကျင်းပတဲ့ ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ G20 အစည်းအဝေးမှာ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံခြားရေးဝန်ကြီး A K Abdul Momen က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် G20 အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက အချိန်မဆိုင်းပဲ အကူအညီတွေ ပေးကြဖို့ ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေတာ ကာလကြာမြင့်လာတာနဲ့အမျှ ဒေသတလွှားမှာ ကြီးမားတဲ့ လုံခြုံရေးပြဿနာတွေ ပေါ်ပေါက်လာသလို သူတို့တွေကို အကြမ်းဖက်အဖွဲ့တွေက အစွန်းရောက်မှုနဲ့ လူသစ် စုဆောင်းမှုတွေအတွက် ပစ်မှတ်ထားတာမျိုး ဖြစ်လာနိုင်တယ်လို့လည်း G20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးမှာ ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အကူညီတွေပေးကြဖို့ ပန်ကြားနေချိန်မှာပဲ လူသားစာနာမှုပြဿနာ မကြုံရအောင် ဘင်္ဂလာဒေ့ရှ်အစိုးရက အကာကွယ်ပေးနေသလို အသက်ကယ်ဖို့လိုအပ်တဲ့ ဘယ်လို အရေးပေါ်ကိစ္စကိုမဆို တုန့်ပြန်ဆောင်ရွက်ဖို့ ဆက်ပြီး အသင့်ပြင်ထားကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားကိုမှ ဘင်္ဂလားဒေ့ရှ်မြေကို အသုံးချပြီး တခြားနိုင်ငံတွေကို တိုက်ခိုက်ခွင့်ပေးမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင် ၁,၀၀၀ နီးပါးကို ပြန်လည်လက်ခံမှာ ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မကြာသေးခင်ကပဲ VOA ကို အတည်ပြု ပြောခဲ့ပါတယ်။ လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲ၊ ကြိမ်ချောင်း စတဲ့ လက်ခံရေးစခန်းတွေကနေ ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားပြီလို့လည်း ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးကို အရင် NLD အစိုးရလက်ထက်ထဲက ကြိုးပမ်းခဲ့တာပါ။ အဲဒီတုန်းက ၂ နိုင်ငံဘက်မှာ စိစစ်ပြီးသား ဒုက္ခသည် ၃,၄၅၀ ကို ၂၀၁၉ သြဂုတ်လ ၂၂ ရက်နေ့မှာ လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တဦးတယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။

XS
SM
MD
LG