=== [[ ZAWGYI ]] ===
႐ိုဟင္ဂ်ာေတြ အပါအဝင္ ျမန္မာႏိုင္ငံက အေထာက္အထားမဲ့ ဝင္လာသူ ၁၀၀ ေက်ာ္ ထိုင္းဖမ္းဆီး
႐ိုဟင္ဂ်ာေတြ အပါအဝင္ ျမန္မာႏိုင္ငံက အေထာက္အထားမဲ့ ဝင္ေရာက္လာသူ ၁၀၀ ေက်ာ္ကို ထိုင္းႏိုင္ငံ အေနာက္ပိုင္း၊ ပရကြၽတ္ခီရီကန္ျပည္နယ္မွာ ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီး လိုက္ပါတယ္။ လူေမွာင္ခိုေတြ ကားနဲ႔တင္ေဆာင္လာသူေတြထဲမွာ အ႐ြယ္မေရာက္ေသးသူ ကေလး ၂၀ ေက်ာ္လည္း ပါဝင္တယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။
ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ကေနတဆင့္ အဆင့္ဆင္လာၾကၿပီး ပရာကြၽတ္ ခီရီကန္ျပည္နယ္က ထိုင္းမေလးနယ္စပ္ထိ သြားၿပီး မေလးရွားႏိုင္ငံကို သြားၾကမယ့္ ႐ိုဟင္ဂ်ာေတြအပါအဝင္ ျမန္မာ ၁၀၀ ေက်ာ္ကို ေဖေဖၚဝါရီလ ၂၈ ရက္ေန႔က ဖမ္းမိခဲ့တာျဖစ္ပါတယ္။ သူတို႔ေတြကို လူကုန္ကူးသူေတြက ၆ ဘီးကားႀကီးနဲ႔ သယ္ေဆာင္လာၿပီး ကားပ်က္တာေၾကာင့္ ရပ္နားေနစဥ္မွာပဲ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း ထိုင္းမေလးနယ္စပ္ ဟတ္႐ိုင္ၿမိဳ႕က ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္က ဦးဘရီက အခုလိုေျပာပါတယ္။
" ၁၁၈ ေယာက္ကို တင္လာတဲ့ ၆ ဘီးကားက လမ္းမွာ စက္ပ်က္သြားေတာ့ အထဲကေန လူေတြကလည္း ႐ုန္းရင္းဆန္ခတ္ ျဖစ္ေန ေတာ့ အသံေတြ ထြက္လာတာ အနားကလူေတြက မသၤကာျဖစ္ၿပီးေတာ့ အနီးနားရပ္႐ြာက ဝိုင္းတိုင္ၾကားလိုက္တာေၾကာင့္ ပရာကြၽတ္ခီရီကန္မွာပဲ အဖမ္းခံထိတာပါ။"
သူတို႔ေတြဟာ ျမန္မာႏိုင္ငံ ရခိုင္ျပည္ကေန ထိုင္းျမန္မာနယ္စပ္ ျမဝတီမဲေဆာက္ထိ လာခဲ့ၾကတာပါ။ အဲဒီကေနတဆင့္ ထိုင္းႏိုင္ငံအတြင္းကို လူပြဲစားေတြက အဆင့္ဆင့္ ပို႔ေဆာင္ေပးခဲ့တာျဖစ္ေၾကာင္း ေျပာျပပါတယ္။
" မူဆလင္႐ိုဟင္ဂ်ာေတြအပါအဝင္ အားလုံး ၁၁၈ ေယာက္ပါ။ သူတို႔က မဲေဆာက္ကေန တက္လာၿပီး မေလးရွားဘက္ကို ဆက္သြားမယ့္ လူေတြပါ သူတို႔ေတြကေတာ့ ရခိုင္ဘက္က လာတဲ့သူေတြမ်ားၿပီး မြတ္ဆလင္ေတြလည္း အမ်ားအျပားပါပါတယ္။ ျမန္မာျပည္ေနရာအႏွံ႔ကပါ မြတ္ဆလင္ေတြလည္း အေတာ္မ်ားတယ္။ "
ပရကြၽတ္ခီရီကန္ျပည္နယ္ ဘန႔္ဆဖန္းၿမိဳ႕နယ္ ဖတ္ကဆန္ လမ္းမႀကီးေပၚမွာ ၆ ဘီးကားတစီး ပ်က္ေနၿပီး အဲဒီကားေပၚမွာ ကြန္တိန္နာႀကီးတခု သယ္ေဆာင္လာပါတယ္။ ဒီကြန္တိန္နာႀကီးထဲမွာ အသက္မျပည္ေသးတဲ့ ကေလး ၂၁ ေယာက္အပါအဝင္ လူ ၁၂၀ နီးပါး လိုက္ပါလာတာ ျဖစ္ပါတယ္ရွင္။
=== {{ UNICODE }} ===
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်လာသူ ၁၀၀ ကျော် ထိုင်းဖမ်းဆီး
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀၀ ကျော်ကို ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ပရကျွတ်ခီရီကန်ပြည်နယ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။ လူမှောင်ခိုတွေ ကားနဲ့တင်ဆောင်လာသူတွေထဲမှာ အရွယ်မရောက်သေးသူ ကလေး ၂၀ ကျော်လည်း ပါဝင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်ကနေတဆင့် အဆင့်ဆင်လာကြပြီး ပရာကျွတ် ခီရီကန်ပြည်နယ်က ထိုင်းမလေးနယ်စပ်ထိ သွားပြီး မလေးရှားနိုင်ငံကို သွားကြမယ့် ရိုဟင်ဂျာတွေအပါအဝင် မြန်မာ ၁၀၀ ကျော်ကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့တွေကို လူကုန်ကူးသူတွေက ၆ ဘီးကားကြီးနဲ့ သယ်ဆောင်လာပြီး ကားပျက်တာကြောင့် ရပ်နားနေစဉ်မှာပဲ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းမလေးနယ်စပ် ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်က ဦးဘရီက အခုလိုပြောပါတယ်။
" ၁၁၈ ယောက်ကို တင်လာတဲ့ ၆ ဘီးကားက လမ်းမှာ စက်ပျက်သွားတော့ အထဲကနေ လူတွေကလည်း ရုန်းရင်းဆန်ခတ် ဖြစ်နေ တော့ အသံတွေ ထွက်လာတာ အနားကလူတွေက မင်္သကာဖြစ်ပြီးတော့ အနီးနားရပ်ရွာက ဝိုင်းတိုင်ကြားလိုက်တာကြောင့် ပရာကျွတ်ခီရီကန်မှာပဲ အဖမ်းခံထိတာပါ။"
သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကနေ ထိုင်းမြန်မာနယ်စပ် မြဝတီမဲဆောက်ထိ လာခဲ့ကြတာပါ။ အဲဒီကနေတဆင့် ထိုင်းနိုင်ငံအတွင်းကို လူပွဲစားတွေက အဆင့်ဆင့် ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။
" မူဆလင်ရိုဟင်ဂျာတွေအပါအဝင် အားလုံး ၁၁၈ ယောက်ပါ။ သူတို့က မဲဆောက်ကနေ တက်လာပြီး မလေးရှားဘက်ကို ဆက်သွားမယ့် လူတွေပါ သူတို့တွေကတော့ ရခိုင်ဘက်က လာတဲ့သူတွေများပြီး မွတ်ဆလင်တွေလည်း အများအပြားပါပါတယ်။ မြန်မာပြည်နေရာအနှံ့ကပါ မွတ်ဆလင်တွေလည်း အတော်များတယ်။ "
ပရကျွတ်ခီရီကန်ပြည်နယ် ဘန့်ဆဖန်းမြို့နယ် ဖတ်ကဆန် လမ်းမကြီးပေါ်မှာ ၆ ဘီးကားတစီး ပျက်နေပြီး အဲဒီကားပေါ်မှာ ကွန်တိန်နာကြီးတခု သယ်ဆောင်လာပါတယ်။ ဒီကွန်တိန်နာကြီးထဲမှာ အသက်မပြည်သေးတဲ့ ကလေး ၂၁ ယောက်အပါအဝင် လူ ၁၂၀ နီးပါး လိုက်ပါလာတာ ဖြစ်ပါတယ်ရှင်။