သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ပြဲလႊမ္းမိုးေနတဲ့ G-20 ညီလာခံစတင္ 


အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ က်င္းေနတဲ့ G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ညီလာခံအတြင္း မိန္႔ခြန္းေျပာၾကားေနတဲ့ အိႏိၵယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar (မတ္ ၂၊ ၂၀၂၃)

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ ဒီေန႔ စတင္တဲ့ G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ညီလာခံ ပထမေန႔မွာ ယူကရိန္းစစ္ပြဲ၊ တ႐ုတ္ရဲ႕ ၾသဇာေညာင္းမႈ ကမာၻမွာ က်ယ္ျပန္႔လာတဲ့ကိစၥရပ္ေတြကို အဓိကေဆြးေႏြးခဲ့ၾကေပမယ့္ ယူကရိန္းစစ္နဲ႔ ပါတ္သက္လို႔ အမ်ားသေဘာတူညီမႈ မရခဲ့ဘူးလို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားလိုက္ပါတယ္။ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္နဲ႕စစ္နဲ႔ပါတ္သက္လို႔ သေဘာထားအျမင္ေတြ ေတာ္ေတာ္ေလးကြဲေနတဲ့အတြက္ ေစ့စပ္လို႔ မရႏိုင္ခဲ့ဘူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar ကေျပာၾကားပါတယ္။ G-20 ညီလာခံဖြင့္ပြဲတုန္းကေတာ့ သေဘာထားကြဲမႈေတြ ရွိႏိုင္ေပမယ့္ အားလံုးအတူ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ နရိန္ဒါမိုဒီက ဗြီဒီယိုမိန႔္ခြန္းမွာ ခုလိုေျပာၾကားခဲ့တာပါ။

“ကမာၻတဝန္း ကြဲလြဲမႈေတြ အႀကီးအက်ယ္ရွိေနခ်ိန္မွာ ခုလိုေတြ႕ဆုံၾကတာျဖစ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးေတြအေနနဲ႔ ဒီကေန႔ ႀကဳံေနရတဲ့ ပထဝီႏိုင္ငံေရးအရ တင္းမာမႈေတြကို ေဆြးေႏြးၾကတဲ့ေနရာမွာ အလယ္အလတ္က်ဖို႔ သမာသမတ္က်ဖို႔ လိုပါတယ္။” ဆိုၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ေျပာသြားတာပါ။ ႏိုင္ငံတခုခ်င္းစီမွာ ကိုယ္ပိုင္အျမင္၊ ရပ္တည္ခ်က္ေတြ မတူတာေတြ ရွိေပမယ့္ ကမာၻ႔ႏိုင္ငံေတြ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ရမွာ ျဖစ္တဲ့အေၾကာင္းနဲ႔ စီးပြားေရးအင္အားႀကီး ႏိုင္ငံႀကီးေတြအေနနဲ႔ ဒီေဆြးေႏြးပြဲမွာ မပါတဲ့ႏိုင္ငံေတြအတြက္ပါ ထည့္သြင္း စဥ္းစားလုပ္ေဆာင္ရမယ့္ တာဝန္ရွိတယ္လို႔လည္း အိႏၵိယဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္နဲ႔ပါတ္သက္လို႔ အေနာက္ႏိုင္ငံေတြကို ႐ုရွားအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ျခင္း မရွိေသးတဲ့ ဝန္ႀကီးခ်ဳပ္မိုဒီက G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ားညီလာခံမွာ ယူကရိန္းစစ္ပြဲအေၾကာင္းကို အဓိကထား ေဆြးေႏြးမွာမ်ဳိး သူကမလိုလားလွပါဘူး။

ကမာၻႀကီးရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ စီးပြားေရး ခိုင္မာအားေကာင္းဖို႔နဲ႔ သဘာဝေဘးဒဏ္ ႀကံ့ႀကံ့ခံႏိုင္ေရး၊ ဘ႑ာေရးေငြေၾကးအရ တည္ၿငိမ္မႈရွိေရး၊ အက်င့္ပ်က္ျခစားမႈ၊ အၾကမ္းဖက္ဝါဒ၊ စားနပ္ရိကၡာနဲ႔ ေလာင္စာစြမ္းအင္ဖူလုံေရးစတဲ့ ကိစၥရပ္ေတြကို G 20 ႏိုင္ငံေတြက ဦးေဆာင္ကိုင္တြယ္ေျဖရွင္းဖို႔ တျခားကမာၻ႔ႏိုင္ငံေတြက လိုလားေနတာလို႔ အိႏိၵယဝန္ႀကီးခ်ဳပ္က မိန္႔ခြန္းထဲမွာ ေျပာၾကားပါတယ္။ ဒါေၾကာင့္ ဒီလို အေျခအေနေတြကို ကိုင္တြယ္ရာမွာ သေဘာထားကြဲလြဲမႈေတြကို ေရွ႕တန္းမတင္ဘဲ တူညီတဲ့အရာေတြမွာ အတူတကြ ပူးေပါင္းေဆာင္႐ြက္ၾကရမွာ ျဖစ္တယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္က ဒီကေန႔ G-20 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲမွာ ဗီဒီယိုမိန႔္ခြန္းအတြင္း ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းစစ္ပြဲလႊမ္းမိုးေနတဲ့ G-20 ညီလာခံစတင္
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းစစ်ပွဲလွှမ်းမိုးနေတဲ့ G-20 ညီလာခံစတင်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ဒီနေ့ စတင်တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံ ပထမနေ့မှာ ယူကရိန်းစစ်ပွဲ၊ တရုတ်ရဲ့ သြဇာညောင်းမှု ကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ကိစ္စရပ်တွေကို အဓိကဆွေးနွေးခဲ့ကြပေမယ့် ယူကရိန်းစစ်နဲ့ ပါတ်သက်လို့ အများသဘောတူညီမှု မရခဲ့ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်နဲ့စစ်နဲ့ပါတ်သက်လို့ သဘောထားအမြင်တွေ တော်တော်လေးကွဲနေတဲ့အတွက် စေ့စပ်လို့ မရနိုင်ခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ကပြောကြားပါတယ်။ G-20 ညီလာခံဖွင့်ပွဲတုန်းကတော့ သဘောထားကွဲမှုတွေ ရှိနိုင်ပေမယ့် အားလုံးအတူ ပူးပေါင်းဆောင်ရွက်ကြဖို့ နရိန်ဒါမိုဒီက ဗွီဒီယိုမိန့်ခွန်းမှာ ခုလိုပြောကြားခဲ့တာပါ။

“ကမ္ဘာတဝန်း ကွဲလွဲမှုတွေ အကြီးအကျယ်ရှိနေချိန်မှာ ခုလိုတွေ့ဆုံကြတာဖြစ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ဒီကနေ့ ကြုံနေရတဲ့ ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေကို ဆွေးနွေးကြတဲ့နေရာမှာ အလယ်အလတ်ကျဖို့ သမာသမတ်ကျဖို့ လိုပါတယ်။” ဆိုပြီး အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက ပြောသွားတာပါ။ နိုင်ငံတခုချင်းစီမှာ ကိုယ်ပိုင်အမြင်၊ ရပ်တည်ချက်တွေ မတူတာတွေ ရှိပေမယ့် ကမ္ဘာ့နိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်းနဲ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီးတွေအနေနဲ့ ဒီဆွေးနွေးပွဲမှာ မပါတဲ့နိုင်ငံတွေအတွက်ပါ ထည့်သွင်း စဉ်းစားလုပ်ဆောင်ရမယ့် တာဝန်ရှိတယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပါတ်သက်လို့ အနောက်နိုင်ငံတွေကို ရုရှားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း မရှိသေးတဲ့ ဝန်ကြီးချုပ်မိုဒီက G-20 နိုင်ငံခြားရေးဝန်ကြီးများညီလာခံမှာ ယူကရိန်းစစ်ပွဲအကြောင်းကို အဓိကထား ဆွေးနွေးမှာမျိုး သူကမလိုလားလှပါဘူး။

ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး ခိုင်မာအားကောင်းဖို့နဲ့ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေး၊ ဘဏ္ဍာရေးငွေကြေးအရ တည်ငြိမ်မှုရှိရေး၊ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်ဝါဒ၊ စားနပ်ရိက္ခာနဲ့ လောင်စာစွမ်းအင်ဖူလုံရေးစတဲ့ ကိစ္စရပ်တွေကို G 20 နိုင်ငံတွေက ဦးဆောင်ကိုင်တွယ်ဖြေရှင်းဖို့ တခြားကမ္ဘာ့နိုင်ငံတွေက လိုလားနေတာလို့ အိန္ဒိယဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ ပြောကြားပါတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို ကိုင်တွယ်ရာမှာ သဘောထားကွဲလွဲမှုတွေကို ရှေ့တန်းမတင်ဘဲ တူညီတဲ့အရာတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ဒီကနေ့ G-20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ဗီဒီယိုမိန့်ခွန်းအတွင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG