သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဒီလကုန် နောက်ဆုံးထား နယ်မြေအတွင်းက ထွက်ခွာဖို့ DKBA အမိန့်ထုတ်

ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်  DKBA ကရင်လက်နက်ကိုင်အဖွဲ့ရဲ့  နှစ်ကူးနေ့ စစ်ရေးပြပွဲတခု (ဒီဇင်ဘာ ၁၉၊ ၂၀၀၆)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ နှစ်ကူးနေ့ စစ်ရေးပြပွဲတခု (ဒီဇင်ဘာ ၁၉၊ ၂၀၀၆)

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကရင်လက်နက်ကိုင်အဖွဲ့က အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းအားလုံး ဒီလမကုန်ခင် သူတို့ ထိန်းချုပ်တဲ့ နယ်မြေက ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ပါတယ်။ တနင်္ဂနွေနေ့က ကြေညာချက် ၂ စောင် ထုတ်ပြန်ပြီး မနာခံတဲ့ လုပ်ငန်းအားလုံး တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့ DKBA အဖွဲ့က သတိပေးထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာရေးသားထားပါတယ်။

ဘုရားသုံးဆူအပါအဝင် နေရာလေးခုကို ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ စက်သုံးဆီတင်ပို့တာတွေ ဖြတ်တောက်ပြီးနောက်မှာ DKBA အနေနဲ့ သူ့ပြည်သူတွေ ဒုက္ခမရောက်အောင် လုပ်ဆောင်သွားမယ့်အကြောင်း ပထမ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ တရားမဝင် ငွေကြေးလိမ်လည်တဲ့ ဘုရားသုံးဆူမြို့နယ်အတွင်းက လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လောင်းကစားရုံတွေ၊ ကက်စီနိုနဲ့ စားသောက်ဆိုင်တွေအားလုံး ဒီလမကုန်ခင် ထွက်ပေးဖို့ ဒုတိယ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ကရင်ပြည်နယ်အတွင်း သူတို့ထိန်းချုပ်ရာဒေသကို တရုတ်နိုင်ငံသားတွေ ဝင်မလာနိုင်အောင် DKBA အနေနဲ့ ကင်းလှည့်ကြပ်မတ်သွားမယ်လို့လည်း DKBA ခေါင်းဆောင် ဗိုလ်မှူးကြီး စောအေဝမ်းက ပြောပါတယ်။

ဓါတ်ဆီနဲ့ ဒီဇယ်တွေ ထိုင်းဘက်က တင်ပို့ခွင့်ပြန်ပေးဖို့၊ လျှပ်စစ်မီးပြန်ပေးဖို့ မျှော်လင့်ပြီး ထိုင်းအစိုးရရဲ့ ယုံကြည်မှုရဖို့ အရေးကြီးတယ်ဆိုတာကိုလည်း DKBA အဖွဲ့က အလေးအနက် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG