သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား


Russian President Vladimir Putin speaks during his annual end-of-year news conference in Moscow, Russia, December 14, 2017. REUTERS/Sergei Karpukhin
Russian President Vladimir Putin speaks during his annual end-of-year news conference in Moscow, Russia, December 14, 2017. REUTERS/Sergei Karpukhin

မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား

{{Zawgyi/Unicode}}

မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေဝင်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာဖြေရှင်းသင့်ပြီး ပြည်ပကနေဝင်ရောက်ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ နိုင်ငံခြားသံတမန်တွေကိုလက်ခံတဲ့ အခမ်းအနားမှာ ရုရှား သမတပူတင်က ပြောဆိုခဲ့တာပါ။

နိုင်ငံရေးအရတွေ့ဆုံးဆွေးနွေးအဖြေရှာရေးအပေါ်မှာ အခြေခံ ပြီးမြန်မာပြည်သူတွေကဘဲ ဖြေရှင်းသင့်တယ်လို့ဆိုပါတယ်။

ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာ အစဉ်အလာအရ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်လာအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့လည်း ရုရှား သမတ ဗလာဒီမာ ပူတင်ကပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကပြဿနာတွေကိုငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အရှေ့တောင်အာရှအသင်း ASEAN က လုပ်ငန်းစဉ် ၅ ရပ်နဲ့ကြားဝင်ဆောင်ရွက် ပေးဖို့ ကျိုးပမ်းခဲ့ပေမယ့် မြန်မာစစ်အာဏာပိုင်တွေကအပြည့်အဝပူးပေါင်း ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အာစီယံကမြန်မာစစ်ခေါင်းဆောင်တွေအပေါ်အရေးယူ ဆောင်ရွက်မှုတွေလုပ် ထားပါတယ်။ ဒါ့အပြင် အရပ်သားတွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရ သူတွေသိန်းနဲ့ချီရှိလာနေကြောင်း ကုလသမဂ္ဂတာဝန် ရှိသူတွေကတော့ ပြောဆိုထားပါတယ်။

..............................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}






XS
SM
MD
LG