သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်ပါတီ ညီလာခံနောက်ဆုံးနေ့ Trump မိန့်ခွန်းပြောမည်

ဒေါ်နယ်ထရမ့်ဂျူနီယာ RNC ညီလာခံမှာ ဗုဒ္ဓဟူးနေ့က တက်ရောက်စကားပြောစဥ်။ (ဇူလိုင် ၁၇၊ ၂၀၂၄)
ဒေါ်နယ်ထရမ့်ဂျူနီယာ RNC ညီလာခံမှာ ဗုဒ္ဓဟူးနေ့က တက်ရောက်စကားပြောစဥ်။ (ဇူလိုင် ၁၇၊ ၂၀၂၄)

RNC ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံနောက်ဆုံးရက်ဖြစ်တဲ့ အခု ကြာသပတေးနေ့ ညပိုင်း၊ မြန်မာစံတော်ချိန် သောကြာနေ့မနက် ၉ နာရီဝန်းကျင်မှာ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ပါတီညီလာခံကနေ မိန့်ခွန်းပြောဆိုဖို့ရှိပါတယ်။

ရီပတ်ဘလီကန် နိုင်ငံလုံးဆိုင်ရာညီလာခံကနေ သူ့ကို ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် တရားဝင် လက်ခံမိန့်ခွန်းစကား ပြောကြားမှာဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီညီလာခံရဲ့ လေးရက်မြောက် အခုနောက်ဆုံးနေ့မှာတော့ သမ္မတလောင်း Trump ရဲ့ "Make American Great Once Again" (အမေရိကန်ပြည်ထောင်စုကို ပြန်ပြီးကြီးမြတ်စေရမယ်) ဆိုတဲ့ အနဂတ်ရှုမြင်ချက်ကို အဓိကထားဆွေးနွေးကြတယ်လို့ သိရပါတယ်။

ညီလာခံအတွင်း ရီပတ်ဘလီကန်ပါတီက ပြည်နယ်အလိုက်ကိုယ်စားလှယ်တွေအပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေ တတ်ရောက်ခဲ့ပြီး စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒ၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသားလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတလောင်း Trump ကို လုပ်ကြံဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက် ကျင်းပခဲ့တဲ့ ဒီညီလာခံမှာပဲ သမ္မတလောင်း Trump က သူနဲ့တွဲဖက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းကိုလည်း ရွေးချယ်ခဲ့ပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း Trump မိန့်ခွန်းပြောကြားချိန် မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ ဗွီအိုအေမြန်မာပိုင်းဝက်ဆိုဒ်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ တိုက်ရိုက်လွှင့်ထုတ်မှာဖြစ်ပါတယ်။ ဒီအပေါ် တုံ့ပြန်ချက်တွေကိုလည်း နောက်ရက်တွေမှာ ဗွီအိုအေက ထုတ်လွှင့်သွားပါမယ်။

ရီပတ်ပလင်ကန်ပါတီညီလာခံနောက်ဆုံးနေ့ Trump မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG