သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသဆံုးသူ ၃၉ ဦးေတြ႔ အေအးခန္း ကုန္တင္ကားယာဥ္ေမာင္း စြဲခ်က္ ၃၉ ခု ရင္ဆိုင္ေနရ


ေသဆံုးသူ ၃၉ ဦးအတြက္ ဆုေတာင္းပြဲအတြင္း ဆႏၵျပသူမ်ား ေထာင္ထားသည့္ ပိုစတာတခု။ ေအာက္တိုဘာ ၂၄၊ ၂၀၁၉။

(Zawgyi/Unicode)

အဂၤလန္ကၽြန္းအေရွ႕ေတာင္ပိုင္းက အေအးခန္း ကုန္တင္ကားထဲမွာ လူ ၃၉ ေယာက္ ေသဆံုးမႈအတြက္ အသက္ ၂၅ ႏွစ္အရြယ္ ယာဥ္ေမာင္းျဖစ္သူ Maurice Robinson ဆိုသူကို ျပစ္မႈ ၃၉ မႈနဲ႔ ရဲတပ္ဖြဲ႔က တရားစြဲလိုက္ၿပီး သူ႔ကို တနလၤာေန႔က်ရင္ တရား႐ံုး စထုတ္မွာျဖစ္ပါတယ္။

လူသတ္မႈနဲ႔ လူေမွာင္ခိုကူးဖို႔ ၾကံစည္မႈအပါအဝင္ တျခားျပစ္မႈေတြကို က်ဴးလြန္တယ္ဆိုၿပီး သူ႔ကို ရဲက တရားစြဲထားတာပါ။ ဒါ့အျပင္ ေနာက္ထပ္ လူေလးေယာက္ကိုလည္း ဒီျဖစ္ရပ္မွာ ဆက္စပ္ပါဝင္တယ္ဆုိတဲ့ သံသယနဲ႔ ဖမ္းဆီးထားပါတယ္။

ေသဆံုးသြားတဲ့ အမ်ဳိးသား ၃၁ ဦးနဲ႔ အမ်ဳိးသမီး ၈ ဦးတို႔ဟာ ဘယ္ႏုိင္ငံသားေတြဆိုတာ ရဲတပ္ဖြဲ႔က ရွင္းရွင္းလင္းလင္း ထုတ္မေျပာေသးဘဲ ရင္ခြဲစစ္ေဆးေနတယ္လို႔ ေျပာထားပါ တယ္။

အေစာပိုင္းတုန္းကေတာ့ ေသဆံုးသူေတြဟာ တ႐ုတ္ႏုိင္ငံသားေတြျဖစ္မယ္လုိ႔ ရဲတပ္ဖြဲ႔က ယူဆခဲ့ပါေသးတယ္။ ဒါေပမယ့္ ေသဆံုးသူေတြထဲမွာ ဗီယက္နမ္ႏုိင္ငံသားေတြလည္း ပါႏုိ္င္ေျခရွိတယ္ဆိုတဲ့သတင္းေတြ ေနာက္ပိုုင္းမွာ ထြက္လာပါတယ္။

လူေမွာင္ခိုကူးမႈလို႔ သံသယရွိတဲ့ ဒီျဖစ္ရပ္ကို စံုစမ္းစစ္ေဆးဖို႔ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc က ၫႊန္ၾကားထားတယ္လုိ႔ ဗီယက္နမ္အစိုးရရဲ႕ စေနေန႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ေသဆံုးသူေတြထဲမွာ ဗီယက္နမ္ႏုိ္င္ငံ သားေတြ ပါသလားဆိုတာ စစ္ေဆးေဖာ္ထုတ္တဲ့ေနရာမွာ ၿဗိတိန္္တာဝန္ရွိသူေတြနဲ႔ အနီးကပ္ ပူးေပါင္းလုပ္ေဆာင္ဖို႔ လန္ဒန္မွာရွိတဲ့ ဗီယက္နမ္သံ႐ံုးကိုလည္း ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္က ၫႊန္ၾကားထားပါတယ္။

ဒီျဖစ္ရပ္ဟာ ၿဗိတိန္ႏုိင္ငံထဲကို လူေတြခိုိးသြင္းတာကေန ေသဆံုးတဲ့ျဖစ္ရပ္ေတြထဲမွာ လူအမ်ားဆံုးေသဆံုးတဲ့ျဖစ္ရပ္အျဖစ္ ၿဗိတိန္ တာဝန္ရွိသူေတြက သတ္မွတ္ၾကပါတယ္။

-------------------------------------------

(Unicode)

သေဆုံးသူ ၃၉ ဦးတွေ့ အအေးခန်း ကုန်တင်ကားယာဉ်မောင်း စွဲချက် ၃၉ ခု ရင်ဆိုင်နေရ

အင်္ဂလန်ကျွန်းအရှေ့တောင်ပိုင်းက အအေးခန်း ကုန်တင်ကားထဲမှာ လူ ၃၉ ယောက် သေဆုံးမှုအတွက် အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ Maurice Robinson ဆိုသူကို ပြစ်မှု ၃၉ မှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲလိုက်ပြီး သူ့ကို တနင်္လာနေ့ကျရင် တရားရုံး စထုတ်မှာဖြစ်ပါတယ်။

လူသတ်မှုနဲ့ လူမှောင်ခိုကူးဖို့ ကြံစည်မှုအပါအဝင် တခြားပြစ်မှုတွေကို ကျူးလွန်တယ်ဆိုပြီး သူ့ကို ရဲက တရားစွဲထားတာပါ။ ဒါ့အပြင် နောက်ထပ် လူလေးယောက်ကိုလည်း ဒီဖြစ်ရပ်မှာ ဆက်စပ်ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဟာ ဘယ်နိုင်ငံသားတွေဆိုတာ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ထုတ် မပြောသေးဘဲ ရင်ခွဲစစ်ဆေးနေတယ်လို့ ပြောထားပါတယ်။

အစောပိုင်းတုန်းကတော့ သေဆုံးသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါသေးတယ်။ ဒါပေမယ့် သေဆုံးသူတွေထဲမှာ ဗီယက်နမ်နိုင်ငံသားတွေလည်း ပါနို်င်ခြေရှိတယ်ဆိုတဲ့သတင်းတွေ နောက်ပိုုင်းမှာ ထွက်လာပါတယ်။

လူမှောင်ခိုကူးမှုလို့ သံသယရှိတဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ညွှန်ကြားထား တယ်လို့ ဗီယက်နမ်အစိုးရရဲ့ စနေနေ့ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သေဆုံးသူတွေထဲမှာ ဗီယက်နမ်နို်င်ငံ သားတွေ ပါသလားဆိုတာ စစ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဗြိတိန််တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ဖို့ လန်ဒန်မှာ ရှိတဲ့ ဗီယက်နမ်သံရုံးကိုလည်း ဗီယက်နမ်ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။

ဒီဖြစ်ရပ်ဟာ ဗြိတိန်နိုင်ငံထဲကို လူတွေခိိုးသွင်းတာကနေ သေဆုံးတဲ့ဖြစ်ရပ်တွေထဲမှာ လူအများဆုံးသေဆုံးတဲ့ဖြစ်ရပ်အဖြစ် ဗြိတိန် တာဝန်ရှိသူတွေက သတ်မှတ်ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG