သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု ၃၅ ရာခိုင်နှုန်းတိုး (UNODC)


ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်ထဲက ဘိန်းစိုက်ခင်းတခုကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄) ဓာတ်ပုံ -AFP
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်ထဲက ဘိန်းစိုက်ခင်းတခုကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄) ဓာတ်ပုံ -AFP

မြန်မာနိုင်ငံက ဘိန်း စိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ် ၂၀၂၃ ခုနှစ်အတွင်း ၃၅% တိုးလာခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာတော့ တာလီဘန်အဖွဲ့က ၂၀၂၂ ခုနှစ်မှာ ပိတ်ပင် တားမြစ်တဲ့အမိန့် ထုတ်ပြန်ပြီးတဲ့နောက် မနှစ်က ဘိန်း စိုက်ပျိုးထုတ်လုပ်မှု ၉၅% ကျဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စစ်တမ်း ဖော်ပြထားပါတယ်။

လတ်တလော နိုင်ငံအတွင်းမှာ ပဋိပက္ခတွေဖြစ်နေတဲ့အတွက် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို မလုပ်နိုင်ကြောင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ရာပြည့်က UNODC က ဒီကနေ့ ထုတ်ပြန်တဲ့ စစ်တမ်းအပေါ် ကြေညာချက်ထုတ် တုံ့ပြန်ပါတယ်။ မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှု အနည်းငယ် တက်လာတယ်ဆိုတာကိုတော့ ဗိုလ်ချုပ် ရာပြည့်ရဲ့ ကြေညာချက်မှာ ဝန်ခံ ပြောဆိုထားပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်ထဲက ဘိန်းစိုက်ခင်းတခုကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄) ဓာတ်ပုံ -AFP
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်ထဲက ဘိန်းစိုက်ခင်းတခုကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄) ဓာတ်ပုံ -AFP

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပြီကြောင်း UNODC ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာပြီးတဲ့နောက် မနှစ်က အာဖဂန်နစ္စတန်ကို ကျော်တက်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုက မက်ထရစ်တန်ချိန် ၇၉၀ ရှိခဲ့ရာက မနှစ် ၂၀၂၃ ခုနှစ်မှာတော့ မက်ထရစ်တန်ချိန် ၁,၀၈၀ အထိ တက်သွားခဲ့ကြောင်း မနှစ်က ထုတ်ပြန်တဲ့ UNODC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဘိန်းဖြူထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းဖြစ်တဲ့ ဘိန်းမဲထုတ်လုပ်မှု အာဖဂန်နစ္စတန်နိုင်ငံမှာ သိသိသာသာ ကျဆင်းလာတဲ့အတွက် တခြားနိုင်ငံတွေကို တင်ပို့ရောင်းချမှုတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်သလို ဘိန်းဖြူ အရည်အသွေးလည်း ကျဆင်းလာနိုင်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ UNODC ရုံးရဲ့ ၂၀၂၄ ခုနှစ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

TNLA.စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေကြား ဒေသခံတချို့ ထိခိုက်သေဆုံး 
please wait

No media source currently available

0:00 0:04:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG