သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွါးရေးလုပ်ငန်းရှင်တဦးကို မူးယစ်ဆေးရောင်းချမှု နဲ့ ကန်အရေးယူ


မူးယစ်ဆေး Opioids အမျိုးအစား
မူးယစ်ဆေး Opioids အမျိုးအစား

မူးယစ်ဆေး Opioidsတင်သွင်းဖြန့်ချီမှု ကျူးလွန်ခဲ့တဲ့ အကြောင်း တရုတ် စီးပွါးရေး လုပ်ငန်းရှင် တဦးက အမေရိကန် ဗဟိုအစိုးရ တရားရုံးမှာ အင်္ဂါနေ့က ဝန်ခံလိုက်ပါတယ်။

Boston မြို့ပြင်ရှိ ဂိုဒေါင်တခုကနေ Bin Wang ဟာ ကုမ္ပဏီတွေကို ဖွင့်လှစ်ပြီး အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့မြောက်ပိုင်း Ohio ပြည်နယ်မှာ မူးယစ်ဆေး သုံးစွဲမှုကြောင်း သေဆုံးသူ ဦးရေ များလာပြ့ီးတဲ့နောက် ၂၀၁၆ မှာ အမေရိကန် ဗဟိုထောက်လှန်းရေး အရာရှိတွေက စတင် စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

FBI အရာရှိတွေက ဆေးသုံးစွဲသူ အယောင်ဆောင်ပြီး တရုတ် ဝက်ဘ်ဆိုက်တွေကနေ တဆင့် မူးယစ်ဆေးတွေကို မှာယူခဲ့ရာမှာ တရုတ်နိုင်ငံရှိ ရောင်းချသူ တဦးက Wang ကို မူးယစ်ဆေးတွေ ပေးပို့ခဲ့တာ ဖြစ်ပြီး သူကတဆင့် Ohio ရှိ တခြား မှာယူသူတွေထံ စာတိုက်ကနေတဆင့် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ မှာ Ohio မှာ အခုလို တရုတ် ဝက်ဘ်ဆိုက်တွေကနေ တဆင့် မူးယစ်ဆေး မှာယူသုံးစွဲရာမှ ဆေးလွန်ပြီးသေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့ အစိုးရ ရှေ့နေတွေကပြောပါတယ်။

Wang ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စီရင်ချက် ချမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သေဆုံးရသူပေါင်း တနှစ်ကို ၆ သောင်းကျော်ရှိနေပြီး တရုတ်က တင်သွင်းတဲ့ မူးယစ်ဆေးနဲ့ စိတ်ကြွဆေးတွေဟာ အမေရိကန်ရဲ့မူးယစ်ဆေး သုံးစွဲမှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG