သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်နယ်က သယ်လာတဲ့ မူးယစ်တွေ ထိုင်းနိုင်ငံမှာ ဖမ်းမိ


၂၀၁၇ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံနယ်စပ်တွင် မူးယစ်ဆေးဝါးဖမ်းမိစဉ်
၂၀၁၇ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံနယ်စပ်တွင် မူးယစ်ဆေးဝါးဖမ်းမိစဉ်

ထိုင်းနိုင်ငံ နုံထဘူရီ ပြည်နယ် ခရိုင်အတွင်းက နေအိမ်တလုံးမှာ ဒီဇင်ဘာလ ၁၅ရက်နေ့ကဖမ်းမိခဲ့တဲ့စိတ်ကြွဆေး ငါးသန်းလေးသိန်း၊ ICE မူယစ်ဆေး ကီလို ၁၂၀ ဟာ မြန်မာနိုင်ငံ ဝ ကိုးကန် ့ဒေသကနေသယ်ဆောင်လာတာလို့ယူဆရတယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။ ဘယ်လိုကြောင့် ခုလိုပြောနိုင်ရသလဲဆိုတာကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ နုံထဘူရီခရိုင်အတွင်းမှာ ဒီရက်ပိုင်းအတွင်းစိတ်ကြွဆေးပြား ငါးသန်းခွဲနီးပါးကို ဖမ်းဆီးမိခဲ့တာကြောင့် ဒီဇင်ဘာလအတွင်း စိတ်ကြွဆေးဖမ်းဆီးမူတွေဟာ တခြားနှစ်တွေထက်စာရင် စံချိန်တင်ဖမ်းဆီးနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုနေတာပါ။ ဒီဇင်ဘာလအတွင်းမှာ စိတ်ကြွဆေးပေါင်း သန်း၂၀လောက် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးမိနေတာဖြစ်ပါတယ်။ အခုလိုဖမ်းဆီးမူတွေတိုင်းမှာ နယ်စပ်အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်းဘက်ကပြောဆိုလေ့ရှိတာပါ။ အခု နုံထဘူရီခရိုင်မှာဖမ်းဆီးမိတဲ့စိတ်ကြွဆေး ၅သန်း ၄သိန်းဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဝဒေသဘက်ကလာတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ကပြောဆိုမူတွေနဲ့ ပတ်သက်လို့ ရှမ်းသတင်းစဉ် အယ်ဒီတာဦးစိုင်းမိန်းကလည်း ရှမ်းပြည်နယ် အတွင်းကမူယစ်ဆေးဝါးနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်သူများကလည်း ထိုင်းထဲမှာထုတ်လုပ်တယ်လို့မယူဆကြောင်းနဲ့ အလားတူ သုံးသပ်မူတွေရှိနေတယ်လို့ပြောဆိုသွားပါတယ်။

"ကျနော်တို့မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာတဲ့သူတွေ အဖွဲ့တွေကြည့်တာက အများအားဖြင့် ဒီထိုင်းထဲမှာ ထုတ်လုပ်နိုင်တယ်ဆိုတာ အလားအလားနေရာက ရှိတယ်လို့ တခါမှမကြားမိဘူး။ အများအားဖြင့် ရှမ်းပြည်ထဲမှာတော့ကြားသိရတယ်။ အများအားဖြင့်လားဟူပြည်သူ့ စစ်တွေ၊ ဝတပ်ဖွဲတွေကပြောဆိုကြတယ် နယ်ခြားကော်မတီဆွေးနွေးပွဲတွေမှာလဲ ၀ တပ်စခန်း ရခုလောက်ကမူယစ်ဆေးဝါးထုတ်လုပ်တယ်ဆိုပြီး ဆုတ်ပေးဖို့အတွက် ထိုင်းဘက်က တောင်းဆိုတာတွေတော့ရှိတယ်။"

ဒီရက်ပိုင်းအတွင်းမှာပဲ ချင်းရိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေး တသိန်း ၅သောင်းကျော်ကို သယ်ဆောင်လာတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံသား၂ဦးပါဝင်ကြောင်းထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ ဒါ့အပြင်ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အနီးချင်းရိုင်မြို့နယ် အတွင်းမှာ မူယစ်းဆေးဝါးသယ်ဆောင်လာတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ ထိုင်းစစ်တပ်တို့ဒီဇင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာတိုက်ပွဲဖြစ်ခဲ့ပြီး စိတ်ကြွဆေးသယ်ဆောင်လာသူ ၅ ဦးသေဆုံးခဲ့သလို စိတ်ကြွဆေး တသန်း ၉သိန်းဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ တခြားသူတွေကတော့နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လည်း ပြီးခဲ့တဲ့ရက်ကပဲစိတ်ကြွဆေး ၁၀ သန်း ၅ သိန်းနဲ့ ဘိန်းဖြူတွေ ဖမ်းမိခဲ့ကြောင်း ဒီစိတ်ကြွဆေးတွေဟာ ချင်းမိုင် ချင်းရိုင်ခရိုင်တွေကို ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကလာတဲ့စိတ်ကြွဆေးတွေဖြစ်ကြောင်း ထိုင်းရဲချုပ် ဦးဆောင်ပြီး ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၄ရက်နေတုန်းကလည်း ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG