သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ဝ'ဒေသ ထုတ်လုပ်မှုတားမြစ်ချက်ကြောင့် ကမ္ဘာ့ဈေးကွက်မှာ သံဖြူဈေးတက်


သံဖြူ
သံဖြူ

မြန်မာနိုင်ငံ ၀ဒေသမှာ သံဖြူထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ အတည်ပြုချက် ထွက်လာပြီးနောက်၊ သံဖြူဈေးဟာ ကမ္ဘာ့ဈေးကွက်မှာ သိသိသာသာ မြင့်တက် သွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဝဒေသက သံဖြူ သတ္တုတူးဖော်မှုတွေကို ပြဌာန်းထားတဲ့ထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်နေ့က စပြီး ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံတကာသံဖြူ ထုတ်လုပ်ရေးအဖွဲ့က မနေ့ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနကို အတည်ပြုလိုက်ပြီးတဲ့နောက် ဈေးတွေ တက်သွားတာဖြစ်ပါတယ်။

အစောပိုင်း အာရှဈေးကွက်ဖွင့်တဲ့အချိန် လန်ဒန်သတ္တုအစုရှယ်ယာဈေးကွက် CMSN3 မှာ သံဖြူဈေးဟာ ၃.၈ % တက်သွားပြီး၊ လန်ဒန်က မနက်ပိုင်းဈေးကွက်ဖွင့်ချိန်မှာတော့ ၁ မက်ထရစ်တန်ကို မူလဈေးထက် ဝ.၇% တက်ပြီး အမေရိကန်ဒေါ်လာ ၂၇၅၉၅ အထိ ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွက် ကြိုပွိုင့်နဲ့ ရောင်းတဲ့ ရှန်ဟိုင်းအနာဂတ်ဈေးညွှန်းမှာတော့ ၊ နေ့ခင်ပိုင်းအရောင်းအဝယ်တွေက ၁.၃ % တက်ပြီး၊ မက်ထရစ်တန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၁ ၉၆၃.၅၂ ဒေါ်လာ ရှိခဲ့ပါတယ်။

ဝဒေသက သံဖြူထုတ်လုပ်မှုတွေကို ပိတ်တော့မယ်လို့ ပြီးခဲ့တဲ့လက စတင်ကြေညာလိုက်ချိန်မှာလည်း ဈေးတွေတက်သွားပြီး၊ ဒါနဲ့ ဆက်စပ်ပြီး အသုံးပြုနေတဲ့ အီလက်ထရောနစ်နဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေလည်း ဈေးတွေချက်ချင်းတက်သွားခဲ့ပါတယ်။ ထုတ်လုပ်မှုတွေကို ဘယ်လောက်အထိ ပိတ်သွားမယ်ဆိုတာတော့ မသိရသေးပဲ၊ ၁လကနေ ၃ လအထိကြာနိုင်တယ်လို့ ဈေးကွက်မှာခန့်မှန်းနေတာတွေဟာ သိပ်ကိုအကောင်းမြင်လွန်းပြီး၊ အဲဒီထက်လည်း ပိုကြာနိုင်တယ်လို့ ITA က ဒီနေ့ ကြေညာချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သံဖြူတတိယအများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ဝဒေသက ထုတ်လုပ်တဲ့ သံဖြူပမာဏဟာ တနိုင်ငံလုံးရဲ့ ၇၀ % ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG