သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းလုပ်သားတွေ ဘေးအန္တရာယ်ကင်းရေး ဝဒေသမှာလုပ်ဆောင်မည်


‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မိုင်းတွင်း အလုပ်သမားတွေ (Photo: C J)
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မိုင်းတွင်း အလုပ်သမားတွေ (Photo: C J)

မိုင်းလုပ်သားတွေ ဘေးအန္တရာယ်ကင်းရေး ဝဒေသမှာလုပ်ဆောင်မည်

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မိုင်းတွင်းတွေက အလုပ်သမားတွေရဲ့ ဘေးကင်းရေးအစီအမံတွေနဲ့ လစာ ကိစ္စ အငြင်းပွားမှုတွေကို ဖြေရှင်းပေးမယ်လို့ ‘ဝ’ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ အရင်လတုန်းကတော့ လာမယ့် ဩဂုတ်လကစပြီး သတ္တုတူးဖော်ရေး လုပ်ငန်းတွေတွေအားလုံးကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ့် အစီအစဉ်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် အဲဒီဒေသတွင်းမှာ တရားဝင်သတ္တုတူးဖေါ်မှု ရှိလာစေမှာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ သံဖြူအသင်း ITA က အသင်းက ပြောပါတယ်။ ဒါ့အပြင် ဒါဟာ အနာဂတ်အတွက် သံဖြူ သတ္တု အရန်ထားရှိမှု အတွက်ပါ ထိန်းသိမ်းရာရောက်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း သံဖြူထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ၉၅ ရာခိုင်နှုန်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထွက်တာ ဖြစ်ပါတယ်။ ဒါက ကမ္ဘာ့သံဖြူ ထုတ်လုပ်မှုရဲ့ ၁၀ % လောက် ရှိနိုင်တယ်လို့ ITA က ခန့်မှန်းပါတယ်။

၂၀၂၂ ခုနှစ် မေလတုန်းက ‘ဝ’ ဒေသ မန်မော်မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ၉ ဦးသေဆုံးကာ အလုပ်သမား ၃၀ ဦး ဒဏ်ရာရရှိခဲ့တဲ့ နောက်ပိုင်းမှာ ဒေသ အာဏာပိုင်တွေက စစ်ဆေးမှုကာလအတွင်း စံနှုန်းမမီတဲ့ မိုင်းတွေကို ပိတ်ထားပြီး၊ ဘေးကင်းရေး ဆိုင်ရာ ပြန်လည်သုံးသပ်ဖို့ အမိန့်ထုတ်ခဲ့ တာ ဖြစ်ပါတယ်။

‘ဝ’ ဒေသမှာ သတ္တုတူးဖော်မှု ရပ်ဆိုင်းလိုက်တာက တရုတ်နိုင်ငံအတွက် ထိခိုက်နိုင်မယ်လို့လည်း ခန့်မှန်း ရပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကနေ သံဖြူ ၄၀,၀၀၀ ကျော် ဝယ်ယူ တင်သွင်းနေပြီး ၇၀ ရာခိုင်နှုန်းမှာ ‘ဝ’ ဒေသက တင်သွင်းနေတာပါ။ ထူးဖော်မှု ရပ်ဆိုင်ကြောင်း ကနဦးကြေညာပြီးနောက် သုံးလတာအတွင်း သံဖြူဈေးကလည်း ၉% ခုန်တက်သွားပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေက ဒေသတွင်းက သတ္တုတူးဖော်ရေး ကုမ္ပဏီများဆီ ပေးပို့တဲ့ ထုတ်ပြန်ချက်မှာတော့ မိုးရာသီမတိုင်မီ မိုင်းတွင်းတွေ ဘေးကင်းရေး မြှင့်တင်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။ မိုင်းလုပ်သားတွေကို ပေးဖို့ ရှိတဲ့ လုပ်ခလစာနှင့် အကြွေးတွေနဲ့ ပတ်သက်ပြိး အငြင်းပွားမှုများ ဖြေရှင်းရာမှာ စက်မှုနဲ့ သတ္တုတွင်းဗျူရိုနဲ့ ကူညီဖြေရှင်းပေးရမယ်လို့ ဆိုပါတယ်။ မိုင်းပျက်စီးခြင်းက ကာကွယ်ဖို့ မိုင်းတွင်းထဲက ရေစုပ်ယူတာကို ဆက်လက်ခွင့်ပြုမှာ ဖြစ်ပေမယ့် ဓာတ်သတ္တုရှာဖွေတာကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG