ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာ တိန္ရွီဂြၽန္း (Deng Xijun) ဟာ ဒီရက္ပိုင္းအတြင္းမွာ တ႐ုတ္နယ္စပ္အေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ လိုက္လံ ေတြ႕ဆုံေနပါတယ္။ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ ႐ုံးခန္းဖြင့္လွစ္တဲ့ကိစၥအေပၚ တ႐ုတ္ဘက္က မလိုလားဘူးဆိုတဲ့ ေဆြးေႏြးေျပာဆိုမႈေတြရွိတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔တာကို ကိုၿငိမ္းခ်မ္းက ဆက္ေျပာျပပါမယ္။
တ႐ုတ္အထူးသံတမန္ မစၥတာ တိန္ရွီဂြၽန္း (Deng Xijun) နဲ႔ UWSA ဝတပ္ဖြဲ႕ ေတြ႕ဆုံခဲ့တာနဲ႔ပတ္သက္ၿပီး UWSA လားရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရန္းက အခုလို ေျပာပါတယ္။
“ လာေရာက္ေတြ႕ဆုံတာ မွန္ပါတယ္ေပါ့ေနာ္။ အဓိကက ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ေပါ့ေနာ္။ တိုက္တြန္းေဆြးေႏြးမႈေတြ လုပ္ခဲ့ၾကတယ္လို႔ပဲ သိရပါတယ္။ ”
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ တ႐ုတ္အထူးသံတမန္က အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က အေမရိကန္ႏိုင္ငံ ဝါရွင္တန္မွာ ႐ုံးဖြင့္တာနဲ႔ပတ္သက္ၿပီး မလိုလားတဲ့သေဘာမ်ိဳး ေဆြးေႏြးတာေတြရွိေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ဦးညီရန္းကေတာ့ ဒီအခ်က္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးတာရွိ၊ မရွိ မသိရေၾကာင္း ေျပာပါတယ္။
“ အဲလို ကိစၥမ်ိဳးေတြေတာ့ က်ေနာ္လည္း အေသးစိတ္မသိရဘူးေနာ္။ ”
ဦးညီရန္းက အျခားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံဖို႔ ရွိေၾကာင္း ေျပာဆိုေပမဲ့ NDAA မိုင္းလား၊ SSPP ရွမ္းျပည္တိုးတက္ေရးပါတီ၊ MNDAA ကိုးကန႔္၊ ULA/AA ရခိုင္တပ္ေတာ္ စတဲ့အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံၿပီး၊ မၿပီးကိုေတာ့ မသိရေသးပါဘူး။ မစၥတာ တိန္ရွီဂြၽန္း (Deng Xijun) နဲ႔ UWSA ဝတပ္ဖြဲ႕ေတြ႕ဆုံတဲ့အခ်ိန္နဲ႔ ေနရာကိုေတာ့ သူက ေျပာျပျခင္း မရွိပါဘူး။ ဒီလ ၁၈ ရက္ေန႔ကေတာ့ တ႐ုတ္ အထူးသံတမန္ဟာ KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ ဌာနခ်ဳပ္ လိုင္ဇာကို ေရာက္ရွိခဲ့ေၾကာင္းနဲ႔ ၂ ဘက္ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းကို KIO ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူက ခုလို ေျပာျပပါတယ္။
“ အဓိကကေတာ့ သူက မိတ္ေဟာင္းေဆြေဟာင္းေတြေပါ့။ သူက လာၾကည့္တာ။ သူလည္း အသစ္တက္ တာဝန္ထမ္းေဆာင္တယ္ဆိုေတာ့ မိတ္ဆက္တဲ့သေဘာနဲ႔လာေတြ႕တာ။ အဲဒါ တခ်က္ပါတယ္။ ဒုတိယအခ်က္ကေတာ့ ကိုဗစ္နဲ႔ပတ္သက္တာေပါ့။ ကိုဗစ္ေရာဂါအေျခအေန အခုနယ္စပ္ေဒသမွာ ဘယ္လိုရွိသလဲေပါ့ေနာ္။ အဲဒါေတြ ေဆြးေႏြးသြားတာ။ နံပတ္ ၃ အခ်က္ကေတာ့ ကိုဗစ္ေရာဂါတုံးက က်ေနာ္တို႔ ပိတ္ထားတဲ့ ဒီ ဂိတ္ေတြေပါ့။ ဂိတ္ေပါက္ဝေတြ ျပန္ဖြင့္လို႔ ရမလားေပါ့ေနာ္။ ဒါမ်ိဳးေတြ လာၾကည့္တာပါ။ တျခားကိုဗစ္ေရာဂါေတြ နယ္စပ္ေဒသ ျပည္သူလူထုေတြရဲ႕ က်န္းမာေရး ဘယ္လိုရွိလဲ။ လိုအပ္တဲ့ဟာေတြ သူက လာၾကည့္တာပါ။ က်ေနာ္ ၾကားသိရတာကေတာ့ အဲေလာက္ပဲ သိပါတယ္။ ”
TNLA ပေလာင္အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီးတားအိုက္ေက်ာ္ကလည္း မေန႔က မိုင္းလားမွာ ေတြ႕ဆုံခဲ့ေၾကာင္းနဲ႔ ေဆြးေႏြးမႈအေသးစိတ္ကိုေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။
“ မေန႔က သြားေတြ႕တာျဖစ္တယ္။ မိုင္းလားမွာေနာ္။ ဒါေပမဲ့ ဘာေတြ ေဆြးေႏြးလဲ၊ ဘယ္သူေတြ တက္ေရာက္လဲ အေသးစိတ္ကေတာ့ က်ေနာ္တို႔ မသိရေသးဘူး။ ”
ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ တ႐ုတ္အထူးသံနဲ႔ တိုင္းရင္းသားအဖြဲ႕ေတြရဲ႕ ေဆြးေႏြးမႈမွာ NUG က ဝါရွင္တန္မွာ ႐ုံးဖြင့္တဲ့ ကိစၥပါဝင္ႏိုင္သလို အျခားအခ်က္ေတြလည္း ပါဝင္ႏိုင္ေၾကာင္း ေျပာပါတယ္။
“ ေနာက္တစ္ခ်က္က တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ မၾကာေသးခင္က ေတြ႕ထားတာရွိတယ္။ ေတြ႕ထားၿပီးတဲ့အခါက်ေတာ့ အာဆီယံထဲမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ 5 Point Consensus အေကာင္အထည္ေဖာ္ဖို႔ ကိစၥ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္မယ္ဆိုတာကိုး တ႐ုတ္က သူက အားေပးေထာက္ခံတယ္ဆိုတာ ေျပာတယ္လို႔ သိရတယ္။ အဲလိုဆိုေတာ့ အဲဒါနဲ႔ ဒီဟာနဲ႔ သူတို႔ ခ်ိန္ကိုက္ၿပီးေတာ့ တၿပိဳင္တည္း လုပ္ပုံရတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံတမန္ကလည္း နယ္စပ္မွာရွိတဲ့ သူ ၾသဇာေညာင္းတဲ့အဖြဲ႕အစည္းေတြကို သြားၿပီးေတာ့ အဲဒါကို သြားတိုက္တြန္းတာျဖစ္ပုံရတယ္။ ”
ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ ပါဝင္ပတ္သက္လာမႈကို တ႐ုတ္ႏိုင္ငံဘက္က သတိထား ေဆာင္႐ြက္ေနပုံရေၾကာင္းလည္း သုံးသပ္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာ တိန္ရွီဂြၽန္း (Deng Xijun) ကို အရင္အထူးကိုယ္စားလွယ္ မစၥတာ စြန္းေကာ္ရွန္း (Sun Guoxiang) ေနရာမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ေျပာင္းလဲခန႔္ထားလိုက္တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္းကေတာ့ မစၥတာ တိန္ရွီဂြၽန္း (Deng Xijun) တ႐ုတ္နယ္စပ္ရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံခဲ့သလို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔လည္း ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ပါတယ္။
[Unicode]
အထူးကိုယ်စားလှယ်တိန်ရှီဂျွန်း လက်နက်ကိုင်မြောက်ပိုင်းအဖွဲ့တွေနဲ့ဆွေးနွေး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ဟာ ဒီရက်ပိုင်းအတွင်းမှာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံ တွေ့ဆုံနေပါတယ်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ရုံးခန်းဖွင့်လှစ်တဲ့ကိစ္စအပေါ် တရုတ်ဘက်က မလိုလားဘူးဆိုတဲ့ ဆွေးနွေးပြောဆိုမှုတွေရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို ကိုငြိမ်းချမ်းက ဆက်ပြောပြပါမယ်။
တရုတ်အထူးသံတမန် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) နဲ့ UWSA ဝတပ်ဖွဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။
“ လာရောက်တွေ့ဆုံတာ မှန်ပါတယ်ပေါ့နော်။ အဓိကက မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ပေါ့နော်။ တိုက်တွန်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ပဲ သိရပါတယ်။ ”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်အထူးသံတမန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ရုံးဖွင့်တာနဲ့ပတ်သက်ပြီး မလိုလားတဲ့သဘောမျိုး ဆွေးနွေးတာတွေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဦးညီရန်းကတော့ ဒီအချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတာရှိ၊ မရှိ မသိရကြောင်း ပြောပါတယ်။
“ အဲလို ကိစ္စမျိုးတွေတော့ ကျနော်လည်း အသေးစိတ်မသိရဘူးနော်။ ”
ဦးညီရန်းက အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ပြောဆိုပေမဲ့ NDAA မိုင်းလား၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ MNDAA ကိုးကန့်၊ ULA/AA ရခိုင်တပ်တော် စတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊ မပြီးကိုတော့ မသိရသေးပါဘူး။ မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) နဲ့ UWSA ဝတပ်ဖွဲ့တွေ့ဆုံတဲ့အချိန်နဲ့ နေရာကိုတော့ သူက ပြောပြခြင်း မရှိပါဘူး။ ဒီလ ၁၈ ရက်နေ့ကတော့ တရုတ် အထူးသံတမန်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာကို ရောက်ရှိခဲ့ကြောင်းနဲ့ ၂ ဘက် ဆွေးနွေးခဲ့တဲ့ အကြောင်းကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလို ပြောပြပါတယ်။
“ အဓိကကတော့ သူက မိတ်ဟောင်းဆွေဟောင်းတွေပေါ့။ သူက လာကြည့်တာ။ သူလည်း အသစ်တက် တာဝန်ထမ်းဆောင်တယ်ဆိုတော့ မိတ်ဆက်တဲ့သဘောနဲ့လာတွေ့တာ။ အဲဒါ တချက်ပါတယ်။ ဒုတိယအချက်ကတော့ ကိုဗစ်နဲ့ပတ်သက်တာပေါ့။ ကိုဗစ်ရောဂါအခြေအနေ အခုနယ်စပ်ဒေသမှာ ဘယ်လိုရှိသလဲပေါ့နော်။ အဲဒါတွေ ဆွေးနွေးသွားတာ။ နံပတ် ၃ အချက်ကတော့ ကိုဗစ်ရောဂါတုံးက ကျနော်တို့ ပိတ်ထားတဲ့ ဒီ ဂိတ်တွေပေါ့။ ဂိတ်ပေါက်ဝတွေ ပြန်ဖွင့်လို့ ရမလားပေါ့နော်။ ဒါမျိုးတွေ လာကြည့်တာပါ။ တခြားကိုဗစ်ရောဂါတွေ နယ်စပ်ဒေသ ပြည်သူလူထုတွေရဲ့ ကျန်းမာရေး ဘယ်လိုရှိလဲ။ လိုအပ်တဲ့ဟာတွေ သူက လာကြည့်တာပါ။ ကျနော် ကြားသိရတာကတော့ အဲလောက်ပဲ သိပါတယ်။ ”
TNLA ပလောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကလည်း မနေ့က မိုင်းလားမှာ တွေ့ဆုံခဲ့ကြောင်းနဲ့ ဆွေးနွေးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
“ မနေ့က သွားတွေ့တာဖြစ်တယ်။ မိုင်းလားမှာနော်။ ဒါပေမဲ့ ဘာတွေ ဆွေးနွေးလဲ၊ ဘယ်သူတွေ တက်ရောက်လဲ အသေးစိတ်ကတော့ ကျနော်တို့ မသိရသေးဘူး။ ”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ တရုတ်အထူးသံနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးမှုမှာ NUG က ဝါရှင်တန်မှာ ရုံးဖွင့်တဲ့ ကိစ္စပါဝင်နိုင်သလို အခြားအချက်တွေလည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။
“ နောက်တစ်ချက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မကြာသေးခင်က တွေ့ထားတာရှိတယ်။ တွေ့ထားပြီးတဲ့အခါကျတော့ အာဆီယံထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ 5 Point Consensus အကောင်အထည်ဖော်ဖို့ ကိစ္စ ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာကိုး တရုတ်က သူက အားပေးထောက်ခံတယ်ဆိုတာ ပြောတယ်လို့ သိရတယ်။ အဲလိုဆိုတော့ အဲဒါနဲ့ ဒီဟာနဲ့ သူတို့ ချိန်ကိုက်ပြီးတော့ တပြိုင်တည်း လုပ်ပုံရတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံတမန်ကလည်း နယ်စပ်မှာရှိတဲ့ သူ သြဇာညောင်းတဲ့အဖွဲ့အစည်းတွေကို သွားပြီးတော့ အဲဒါကို သွားတိုက်တွန်းတာဖြစ်ပုံရတယ်။ ”
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ပါဝင်ပတ်သက်လာမှုကို တရုတ်နိုင်ငံဘက်က သတိထား ဆောင်ရွက်နေပုံရကြောင်းလည်း သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ကို အရင်အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း (Sun Guoxiang) နေရာမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြောင်းလဲခန့်ထားလိုက်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကတော့ မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။