သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမည်းဘုရားကျောင်း လူသတ်မှုကျူးလွန်သူ သေဒဏ်စီရင်


အမေရိကန်ပြည်ထောင်စု တောင် Carolina ပြည်နယ် Charleston မြို့က သမိုင်းဝင် လူမည်းဘုရားရှိခိုးကျောင်းမှာ လူပေါင်း ၉ ယောက်ကို ပြစ်သတ်ခဲ့သူကို ပြည်ထောင်စု ဂျူရီအဖွဲ့က အင်္ဂါနေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။

လူဖြူကြီးစိုးရေးဝါဒီလို့ သူ့ကိုယ်သူပြောတဲ့ အသက် ၂၂ နှစ်အရွယ် Dylann Roof ဟာ 2015 ခုနှစ်တုန်းက Emanuel AME ဘုရားရှိခိုးကျောင်းမှာ African American တွေကို သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ပြိးခဲ့တဲ့ လကပဲ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။

အမျိုးသမီး ၁၀ ယောက် အမျိုးသား ၂ ယောက်ပါတဲ့ ဂျူရီအဖွဲ့က ၃ နာရီလောက်ကြာအောင် ခြင့်ချိန် နှိုင်းဆ စဉ်းစားခဲ့ကြပြီးနောက်မှာ သေဒဏ်အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အခုပြစ်ဒဏ်ကြောင့် စာနာစိတ်ကင်းမဲ့တဲ့ Roof ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ အသက်ပြန်ရှင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလို့ ရှေ့နေချုပ် Loretta Lynch ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ Charleston နဲ့ အမေရိကန်နိုင်ငံအတွက် ဖြစ်ခဲ့တာကို ပြည်ဖုံးကားချနိုင်ဖို့အထောက်အကူတချို့ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။

XS
SM
MD
LG