သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဒေသန္တရရွေးကောက်ပွဲ အတိုက်အခံ ဦးဆောင်

အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu
အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu

တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မြို့တော်၀န်နဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ဒေသန္တရ ရွေးကောက်ပွဲတွေမှာ လူတွေ သန်းနဲ့ချီ မဲပေးခဲ့ကြပါတယ်။ လက်ရှိမဲရလာဒ်တွေမှာ တူရကီအစိုးရရဲ့ အတိုက်အခံ အဓိကပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP)က အဓိကမြို့ကြီးတွေကို ဆက်ထိန်းချုပ်ထားပါတယ်။ ရွေးကောက်ပွဲမှာ ပြန်ပြီးအနိုင်ရခဲ့တဲ့ စီးပွားရေးမြို့တော်အစ္စတန်ဘူလ် မြို့တော်၀န် Ekrem Imamoglu က လူတယောက်က အာဏာရှင်အဖြစ်အုပ်ချုပ်တဲ့ ခေတ်မဟုတ်တော့ဘူးလို့ အခုလို ပြောကြားခဲ့ပါတယ်။

"နိုင်ငံတော်ကိုယ်တိုင်ကပေးအပ်တဲ့ အမိန့်နဲ့ ညွန်ကြားချက်ဖြစ်ပြီး လူတဦးတယောက်တည်းက အမိန့်ပေးတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာ ပြလိုက်တာပါ။ အစိုးအရာရှိတွေကို တိုင်းပြည်က အမိန့်ပေးတာ ဖြစ်ပြီး တဦးတည်း တယောက်တည်း အုပ်ချုပ်တဲ့ ခေတ်ဟာ ပြီးဆုံး သွားပါပြီ"

တူရကီ အတိုက်အခံပါတီထောက်ခံသူများ ရွေးကောက်ပွဲကနဦးရလာဒ်ထွက်လာအပြီး အောင်ပွဲခံနေစဉ် (ဧပြီ ၁၊ ၂၀၂၄)
တူရကီ အတိုက်အခံပါတီထောက်ခံသူများ ရွေးကောက်ပွဲကနဦးရလာဒ်ထွက်လာအပြီး အောင်ပွဲခံနေစဉ် (ဧပြီ ၁၊ ၂၀၂၄)

လက်ရှိသမ္မတ Recep Tayyip Erdogan ရဲ့ ပါတီဘက်က မြို့ကြီးတွေမှာ အနိုင်ရဖို့ဆိုတဲ့မျှော်လင့်ချက်ကတော့ ဖြစ်မလာခဲ့ပါဘူး။ မဲအရေအတွက် ၉၀% ကျော်ကို ရေတွက်ပြီးချိန်မှာ လက်ရှိ အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu၊ ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP)ကနေ တူရကီနိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အချာကျတဲ့ မြို့ နေရာတွေမှာ ဦးဆောင်နေကြောင်း နိုင်ငံပိုင် Anadolu သတင်း အေဂျင်စီမှာ ဖေါ်ပြထားပါတယ်။ မြို့တော် အန်ကာရာရဲ့ မြို့တော်ဝန် Mansur Yavas (မန်ဆိုရာဗက်စ်) ကလည်း မဲအများဆုံးနဲ့ ရှေ့က ဦးဆောင်နေပါတယ်။

တူရကီ ဒေသန္တရရွေးကောက်ပွဲ အတိုက်အခံ ဦးဆောင်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG