သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်းသံတမန် နှင်ထုတ်တဲ့ မြန်မာစစ်ကောင်စီကို အရှေ့တီမောရှုတ်ချ


အရှေ့တီမောသမ္မတ Jose Ramos Horta
အရှေ့တီမောသမ္မတ Jose Ramos Horta

အရှေ့တီမောနိုင်ငံ ထိပ်တန်းသံတမန်တဦးကို မြန်မာစစ်အစိုးရက မောင်းထုတ်လိုက်တဲ့အတွက် အရှေ့တီမောအစိုးရက မြန်မာစစ်ခေါင်းဆောင်တွေကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာဘက်ကတော့ ဒီအတွက် တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

အရှေ့တီမောအစိုးရက "မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုအားလုံးကို ထောက်ပံ့ကူညီဖို့ အရေးတကြီးလိုအပ်ကြောင်း ထပ်မံပြောဆိုလိုက်ပြီး မြန်မာပြည်သူတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ဖော်ပြလိုက်သလို မြန်မာစစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးကိုလေးစားပြီး ငြိမ်းချမ်း၍ အပြုသဘောဆောင်တဲ့အဖြေရှာဖို့ပဲ တိုက်တွန်းထားပါတယ်။

အရှေ့တီမောနိုင်ငံရေးခေါင်းဆောင်တွေဟာ မြန်မာစစ်အစိုးရကို ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိပြီး သမ္မတ Jose Ramos Horta စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ NUG ထိပ်တန်းခေါင်းဆောင်တွေကိုလည်း တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံး ယာယီတာဝန်ခံဟာ စက်တင်ဘာ (၁) ရက်မှာ မြန်မာနိုင်ငံက ထွက်ခွါရမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

 ထိပ်တန်းသံတမန် နှင်ထုတ်တဲ့ မြန်မာစစ်ကောင်စီကို အရှေ့တီမောရှုတ်ချ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG