သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုန္ေစ်းႏႈန္းႀကီးျမင့္မႈေၾကာင့္ ၾကံဳေနရတဲ့ အခက္အခဲမ်ား


ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈ စုိးရိမ္စရာအဆင့္ ေရာက္ရွိ

စစ္တပ္အာဏာသိမ္းၿပီး ျမန္မာႏိုင္ငံမွာ လူေတြသန္းခ်ီ ရိကၡာမလုံေလာက္တဲ့ အခက္အခဲကို ရင္ဆိုင္ရႏိုင္တယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ႕ သတိေပးထားခ်ိန္မွာပဲ လက္လုပ္လက္စား မိသားစုေတြရဲ႕ေန႔စဥ္အသုံးစာရိတ္နဲ႔ အစားအေသာက္ေတြ အဘက္ဘက္က ေလွ်ာ့လာေနရပါတယ္။ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္ က ေျပာျပပါ့မယ္။

ကုန္ေစ်းႏႈန္းႀကီးျမင့္မႈေၾကာင့္ ၾကံဳေနရတဲ့ အခက္အခဲမ်ား

{{Zawgyi/Unicode}}
စစ္တပ္အာဏာသိမ္းၿပီး အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ လူေတြ သန္းခ်ီ ရိကၡာမလုံေလာက္တဲ့ အခက္အခဲကို ရင္ဆိုင္ရႏိုင္တယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ႕ သတိေပးထားခ်ိန္မွာပဲ လက္လုပ္လက္စား မိသားစုေတြရဲ႕ေန႔စဥ္အသုံးစာရိတ္နဲ႔ အစားအေသာက္ေတြ အဘက္ဘက္က ေလွ်ာ့လာေနရပါတယ္။ ကုန္ေဈးႏႈန္းႀကီးျမင့္မႈနဲ႔ အလုပ္အကိုင္ရွားပါးမႈဟာ အဓိက အခက္အခဲလို႔ ေျပာၾကပါတယ္။ ရန္ကုန္က လာတဲ့ သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္ က ေျပာျပပါ့မယ္။

ဒီလပိုင္း က်ပ္ေငြတန္းဖိုး က်ဆင္းလာတာ၊ ကုန္ေဈးႏႈန္း ျမင့္တက္လာေနတာေၾကာင့္ ဝင္ေငြထြက္ေငြ ကာမိေအာင္ အတတ္ႏိုင္ဆုံး ၿခိဳးၿခံ ေနရတယ္လို႔ ရန္ကုန္တိုင္း ကမာ႐ြတ္ၿမိဳ႕နယ္ အိမ္ရွင္မတဦးက ေျပာပါတယ္။

အခုဆိုရင္ ေန႔စဥ္အသုံးစရိတ္ေတြအတြက္ အခက္အခဲ ျဖစ္လာတဲ့အတြက္ အစစ ေလ်ာ့သုံးေနရတဲ့ အေၾကာင္း VOA ကို ေျပာျပပါတယ္။

“ကိုယ္က တစ္ေသာင္းေလာက္ ပိုက္ဆံကိုင္ထားတယ္ဆိုလို႔ရွိရင္ အရင္ကဆို ဝက္သားေလး ငါးဆယ္သားေပါ့ေနာ္၊ က်န္တဲ့ ဘာေတြညာေတြနဲ႔ ေနာက္အသားေလးတမ်ိဳးေပါ့၊ ၃ရက္စာ ၂ရက္စာေလာက္ ဟင္းစားႀကီးပဲ အသီးအ႐ြက္၊ ဆီတို႔ ဆန္တို႔မပါဘူး၊ အဲ့လိုမ်ိဳးေလး ဝယ္လို႔ရေသးတယ္။ အခုဟာေတာ့ တစ္ေသာင္းဆိုလို႔ရွိရင္ အတည္ ဝယ္လိုက္လို႔ရွိရင္ ဘာမွကိုဝယ္လို႔မရ ဥပမာဝက္သား ငါးဆယ္သားေလာက္ ဝယ္လိုက္ၿပီး ပိုက္ဆံဘယ္ေလာက္မွ မက်န္ေတာ့ဘူး။ အၾကမ္း ဆပ္ျပာတစ္ပိုင္းကို ၂၅၀ ၊ ၃၀၀ အလြန္ဆုံးဝယ္ရတာ အခု ၇၀၀၊ ၇၅၀ ဝယ္ရတယ္။ အဲ့လိုမ်ိဳးေတြေတာ့ ဘယ္လိုေခြၽတာမလဲဆို စဥ္းစားၾကည့္ေတာ့၊ အကုန္ေလွ်ာ့ရတယ္။ ဥပမာဆပ္ျပာဆိုလည္း ေခြၽေပါ့ေနာ္။ ကိုယ့္ဝင္ေငြနဲ႔ေပါ့ေနာ္၊ သတိထားၿပီးေတာ့ ဝယ္ရျခမ္းရတာေပါ့။ ဝယ္ရျခမ္းရတာ ေလာက္ငွေအာင္ အဆင္ေျပေအာင္ေပါ့ေနာ္။ စုံစုံလင္းလင္းခ်က္ျပဳတ္ဆိုတာတို႔ အင္မတန္ ဧည့္သည္လာမယ္ဆိုလို႔ရွိရင္ ေတာ္ေတာ္ စဥ္းစားရတဲ့ အေျခအေနမ်ိဳးေတြေပါ့ေနာ္။”

အရင္က အိမ္စရိတ္ တစ္ရက္ကို ေငြက်ပ္ တေသာင္းေလာက္ ကုန္က်ေပမဲ့ အခု ႏွစ္ေသာင္းေလာက္ သုံးမွ ရတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အလုပ္အကိုင္အခြင့္အလမ္းေတြ ရွားပါးေနသလို တခ်ိဳ႕က ဝင္ေငြက နည္းပါးၿပီး ထြက္ေငြပိုမို သုံးေနရတာမို႔ အခက္ႀကဳံလာၾကတာလို႔ ေျပာပါတယ္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က တပိုင္တႏိုင္ ထမင္းဆိုင္ေရာင္ေနသူတဦးကလည္း စားေသာက္သူေတြ အရင္ကလို ဟင္း အစုံအလင္မွာစာတာမ်ိဳး မလုပ္ႏိုင္ၾကေတာ့ဘူးလို႔ ေျပာပါတယ္။ မဟုတ္ေတာ့ဘဲ လူ ၅ ဦးဆိုရင္ ဟင္း သုံးပြဲေလာက္ မွာၿပီး ေလွ်ာ့စားလာၾကတာကို သတိထားမိတယ္လို႔ အခုလိုေျပာပါတယ္။

“ဒီကုန္ေဈးႏႈန္းတက္လာေတာ့ ထမင္း ဟင္းေဈးႏႈန္းလည္း နည္းနည္းေလး ေဈးတက္ရတာေပါ့ေနာ္။ နည္းနည္းေလးတက္ရတဲ့အခါက်ေတာ့ ထမင္းစားတဲ့လူက အခုဆို ၅ေယာက္ဆိုင္ထဲဝင္လာမယ္ဆိုရင္ ဟင္းက ၅ပဲြးမမွာေတာ့ဘူး။ ဟင္းသုံးေလာက္ပဲ အဲ့လိုေတြျဖစ္လာတယ္ေပါ့ေနာ္။ အရင္က ကုန္ေဈးႏႈန္းက်တုန္းကဆိုရင္ ၅ေယာက္ဝင္လာရင္ ဟင္း ၅ပြဲးပဲ၊ အခုဆိုရင္ ၅ေယာက္ဝင္လာရင္ ဟင္း ၃ပြဲး၊ တခ်ိဳ႕ဆို ၃ေယာက္ဝင္လာရင္ ဟင္း ၂ပြဲး၊ တခါက်ရင္ လူ၂ေယာက္ဝင္လာတယ္။ ဟင္း ၁ပြဲးပဲ မွာေတာ့တယ္။ အဲ့လိုေတြ ေလွ်ာ့လာၾကတယ္။”

စားသုံးဆီတပိႆေဈးက က်ပ္ ၁ေသာင္း၊ ေ႐ႊဘို(အိုးဝင္) ေဈးက တျပည္ က်ပ္ ၃၅,၀၀ ၊ ၾကက္သြန္နီ တပိႆ က်ပ္ ၃၅,၀၀ အထိေဈးေပါက္ရွိေနၿပီး အရင္ကထက္စာရင္ ေဈးႏႈန္း ၂ဆေလာက္ ျမင့္တက္လာတာေၾကာင့္ ေန႔စဥ္ စားေသာက္ေရး ေျဖရွင္းေနရတာ ခက္ခဲလာတာလို႔ ေျပာပါတယ္။

“အရင္က ဆန္တစ္ျပည္မွ ၂,၂၀၀ ပဲရွိတယ္၊ အခု ၃,၀၀၀ နဲ႔ ၅၀၀ ေ႐ႊဘိုအိုးဝင္ဆန္ေပါ့ေနာ္၊ ၃,၅၀၀၊ ၃,၇၀၀၊ ၾကက္သြန္ဆို အခုဆို တစ္ပိႆ ၃,၅၀၀ အရင္က တစ္ပိႆကို ၁၂၀၀ ပဲ ၂ဆေက်ာ္ေလာက္တက္သြားတာ။ ကုန္ေဈးႏႈန္းမက်သ၍ကေတာ့ အကုန္ကေတာ့ ခက္ခဲေနပဲ၊ စားသုံးသူေရာ ေရာင္းဝယ္သူေရာ အေျခခံလူတန္းစားေတြေရာ အားလုံးခက္ခဲေနၾကတယ္။”

ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၄၀ ရခိုင္ႏႈန္းဟာ ဆင္းရဲႏြမ္းပါးတယ္လို႔ သတ္မွတ္ထားတဲ့ အဆင့္ေအာက္မွာ ေရာက္ေနတယ္လို႔ ကမာၻဘဏ္က သတ္မွတ္ပါတယ္။ ကိုဗစ္ ေရာဂါ ကူးစက္မႈေတြနဲ႔ ႏိုင္ငံေရးအၾကပ္အတည္းေတြရဲ႕ ႐ိုက္ခတ္မႈ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနတဲ့အတြက္လည္း လူေတြ သန္းနဲ႔ခ်ီ အငတ္ေဘး ရင္ဆိုင္ရႏိုင္တာကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ေထာက္ျပ သတိေပးေနၾကပါတယ္။

ကုန္ေဈးႏႈန္းႀကီးျမင့္လာတဲ့ၾကားမွာ စီးပြားေရးလုပ္ငန္းေတြ ရပ္ဆိုင္းၿပီး အလုပ္အကိုင္ရွာပါးတာေၾကာင့္လည္း လက္လုပ္လက္စား မိသားစုေတြရဲ႕ ရပ္တည္းေရးပိုၿပီး ခက္ခဲလာေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကြုံနေရတဲ့ အခက်အခဲများ

{{Zawgyi/Unicode}}
စစ်တပ်အာဏာသိမ်းပြီး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လူတွေ သန်းချီ ရိက္ခာမလုံလောက်တဲ့ အခက်အခဲကို ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ့ သတိပေးထားချိန်မှာပဲ လက်လုပ်လက်စား မိသားစုတွေရဲ့နေ့စဉ်အသုံးစာရိတ်နဲ့ အစားအသောက်တွေ အဘက်ဘက်က လျှော့လာနေရပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုဟာ အဓိက အခက်အခဲလို့ ပြောကြပါတယ်။ ရန်ကုန်က လာတဲ့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် က ပြောပြပါ့မယ်။

ဒီလပိုင်း ကျပ်ငွေတန်းဖိုး ကျဆင်းလာတာ၊ ကုန်ဈေးနှုန်း မြင့်တက်လာနေတာကြောင့် ဝင်ငွေထွက်ငွေ ကာမိအောင် အတတ်နိုင်ဆုံး ခြိုးခြံ နေရတယ်လို့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အိမ်ရှင်မတဦးက ပြောပါတယ်။

အခုဆိုရင် နေ့စဉ်အသုံးစရိတ်တွေအတွက် အခက်အခဲ ဖြစ်လာတဲ့အတွက် အစစ လျော့သုံးနေရတဲ့ အကြောင်း VOA ကို ပြောပြပါတယ်။

“ကိုယ်က တစ်သောင်းလောက် ပိုက်ဆံကိုင်ထားတယ်ဆိုလို့ရှိရင် အရင်ကဆို ဝက်သားလေး ငါးဆယ်သားပေါ့နော်၊ ကျန်တဲ့ ဘာတွေညာတွေနဲ့ နောက်အသားလေးတမျိုးပေါ့၊ ၃ရက်စာ ၂ရက်စာလောက် ဟင်းစားကြီးပဲ အသီးအရွက်၊ ဆီတို့ ဆန်တို့မပါဘူး၊ အဲ့လိုမျိုးလေး ဝယ်လို့ရသေးတယ်။ အခုဟာတော့ တစ်သောင်းဆိုလို့ရှိရင် အတည် ဝယ်လိုက်လို့ရှိရင် ဘာမှကိုဝယ်လို့မရ ဥပမာဝက်သား ငါးဆယ်သားလောက် ဝယ်လိုက်ပြီး ပိုက်ဆံဘယ်လောက်မှ မကျန်တော့ဘူး။ အကြမ်း ဆပ်ပြာတစ်ပိုင်းကို ၂၅၀ ၊ ၃၀၀ အလွန်ဆုံးဝယ်ရတာ အခု ၇၀၀၊ ၇၅၀ ဝယ်ရတယ်။ အဲ့လိုမျိုးတွေတော့ ဘယ်လိုချွေတာမလဲဆို စဉ်းစားကြည့်တော့၊ အကုန်လျှော့ရတယ်။ ဥပမာဆပ်ပြာဆိုလည်း ချွေပေါ့နော်။ ကိုယ့်ဝင်ငွေနဲ့ပေါ့နော်၊ သတိထားပြီးတော့ ဝယ်ရခြမ်းရတာပေါ့။ ဝယ်ရခြမ်းရတာ လောက်ငှအောင် အဆင်ပြေအောင်ပေါ့နော်။ စုံစုံလင်းလင်းချက်ပြုတ်ဆိုတာတို့ အင်မတန် ဧည့်သည်လာမယ်ဆိုလို့ရှိရင် တော်တော် စဉ်းစားရတဲ့ အခြေအနေမျိုးတွေပေါ့နော်။”

အရင်က အိမ်စရိတ် တစ်ရက်ကို ငွေကျပ် တသောင်းလောက် ကုန်ကျပေမဲ့ အခု နှစ်သောင်းလောက် သုံးမှ ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေသလို တချို့က ဝင်ငွေက နည်းပါးပြီး ထွက်ငွေပိုမို သုံးနေရတာမို့ အခက်ကြုံလာကြတာလို့ ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့က တပိုင်တနိုင် ထမင်းဆိုင်ရောင်နေသူတဦးကလည်း စားသောက်သူတွေ အရင်ကလို ဟင်း အစုံအလင်မှာစာတာမျိုး မလုပ်နိုင်ကြတော့ဘူးလို့ ပြောပါတယ်။ မဟုတ်တော့ဘဲ လူ ၅ ဦးဆိုရင် ဟင်း သုံးပွဲလောက် မှာပြီး လျှော့စားလာကြတာကို သတိထားမိတယ်လို့ အခုလိုပြောပါတယ်။

“ဒီကုန်ဈေးနှုန်းတက်လာတော့ ထမင်း ဟင်းဈေးနှုန်းလည်း နည်းနည်းလေး ဈေးတက်ရတာပေါ့နော်။ နည်းနည်းလေးတက်ရတဲ့အခါကျတော့ ထမင်းစားတဲ့လူက အခုဆို ၅ယောက်ဆိုင်ထဲဝင်လာမယ်ဆိုရင် ဟင်းက ၅ပွဲးမမှာတော့ဘူး။ ဟင်းသုံးလောက်ပဲ အဲ့လိုတွေဖြစ်လာတယ်ပေါ့နော်။ အရင်က ကုန်ဈေးနှုန်းကျတုန်းကဆိုရင် ၅ယောက်ဝင်လာရင် ဟင်း ၅ပွဲးပဲ၊ အခုဆိုရင် ၅ယောက်ဝင်လာရင် ဟင်း ၃ပွဲး၊ တချို့ဆို ၃ယောက်ဝင်လာရင် ဟင်း ၂ပွဲး၊ တခါကျရင် လူ၂ယောက်ဝင်လာတယ်။ ဟင်း ၁ပွဲးပဲ မှာတော့တယ်။ အဲ့လိုတွေ လျှော့လာကြတယ်။”

စားသုံးဆီတပိဿဈေးက ကျပ် ၁သောင်း၊ ရွှေဘို(အိုးဝင်) ဈေးက တပြည် ကျပ် ၃၅,၀၀ ၊ ကြက်သွန်နီ တပိဿ ကျပ် ၃၅,၀၀ အထိဈေးပေါက်ရှိနေပြီး အရင်ကထက်စာရင် ဈေးနှုန်း ၂ဆလောက် မြင့်တက်လာတာကြောင့် နေ့စဉ် စားသောက်ရေး ဖြေရှင်းနေရတာ ခက်ခဲလာတာလို့ ပြောပါတယ်။

“အရင်က ဆန်တစ်ပြည်မှ ၂,၂၀၀ ပဲရှိတယ်၊ အခု ၃,၀၀၀ နဲ့ ၅၀၀ ရွှေဘိုအိုးဝင်ဆန်ပေါ့နော်၊ ၃,၅၀၀၊ ၃,၇၀၀၊ ကြက်သွန်ဆို အခုဆို တစ်ပိဿ ၃,၅၀၀ အရင်က တစ်ပိဿကို ၁၂၀၀ ပဲ ၂ဆကျော်လောက်တက်သွားတာ။ ကုန်ဈေးနှုန်းမကျသ၍ကတော့ အကုန်ကတော့ ခက်ခဲနေပဲ၊ စားသုံးသူရော ရောင်းဝယ်သူရော အခြေခံလူတန်းစားတွေရော အားလုံးခက်ခဲနေကြတယ်။”

မြန်မာနိုင်ငံ လူဦးရေရဲ့ ၄၀ ရခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်အောက်မှာ ရောက်နေတယ်လို့ ကမ္ဘာဘဏ်က သတ်မှတ်ပါတယ်။ ကိုဗစ် ရောဂါ ကူးစက်မှုတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေရဲ့ ရိုက်ခတ်မှု လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက်လည်း လူတွေ သန်းနဲ့ချီ အငတ်ဘေး ရင်ဆိုင်ရနိုင်တာကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြ သတိပေးနေကြပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ကြားမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး အလုပ်အကိုင်ရှာပါးတာကြောင့်လည်း လက်လုပ်လက်စား မိသားစုတွေရဲ့ ရပ်တည်းရေးပိုပြီး ခက်ခဲလာနေတာဖြစ်ပါတယ်။

XS
SM
MD
LG