သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့ စီးပြားေရး လုပ္ငန္းေတြ ေရရွည္ ရပ္တည္ေရး နည္းလမ္းရွာ


(Zawgyi/ Unicode)

ကုန္ၾကမ္းနဲ႔ ကုန္ထုတ္လုပ္မႈ စာရိတ္စက တက္လာၿပီး ၀ယ္လိုအား က်မႈနဲ႔ ရင္ဆိုင္ေနရတဲ႔ ျမန္မာျပည္တြင္းက အေသးစားနဲ႔ အလတ္စား စီးပြားေရး လုပ္ငန္း တခ်ိဳ႕ကေတာ့ လုပ္ငန္း ဆက္လက္ ရွင္သန္ေရး အတြက္ ႀကိဳးစားေနၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပေပးထားပါတယ္။

ေကာ္ဖီ စိုက္ပ်ိဳးေရး ကေန ေကာ္ဖီ တခြက္ ထြက္လာတဲ႔ အထိ တေနရာတည္းမွာ ၀န္ေဆာင္မႈ ေပးေနတယ္လို႔ ေျပာလာသူကေတာ့ Coffee Couple လုပ္ငန္းရွင္ ကိုမ်ိဳးသက္ထြန္းက ေျပာျပပါတယ္။ အရည္အေသြးကို ျမႇင့္ႏုိင္ဖို႔ ေနာက္ ၀န္ထမ္းေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္း ပိုခုိင္မာေစဖို႔ ရည္ရြယ္ လုပ္ေနတာ ျဖစ္ေၾကာင္း သူက ေျပာပါတယ္။

“ ၿခံကေန ေကာ္ဖီ တခြက္ ရတဲ႔ အထိ က်ေနာ္တို႔ လုပ္တယ္။ လုပ္ၿပီးေတာ့ ဒီ ၀န္ထမ္းေတြကိုဘဲ က်ေနာ္တို႔ ဗဟုသုတလည္း ေသခ်ာ က်က်နန ေပးႏုိင္မယ္၊ ေနာက္ အရည္အေသြးပိုင္းကိုလည္း ဦးစားေပးတဲ႔ အပိုင္းလည္း ျဖစ္သြားတာေပါ့။ က်ေနာ္တို႔ကေတာ့ အဲဒါကို ဦးတည္သြားတယ္။ ဒီကို ဦးတည္သြားတဲ႔ အေလ်ာက္ တကယ္ေရာ ေခတ္ အေျခအေနက တိုးတက္ ေျပာင္းလဲမႈ ျဖစ္တဲ႔ အခ်ိန္ က်ေနာ္တို႔ အရည္အေသြးပိုင္းကို လုပ္ျခင္းအားျဖင့္ က်ေနာ္တို႔ လုပ္ငန္းကိုလည္း ေရရွည္ ရပ္တည္သြားႏုိင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ”
ကပ္ေဘးေရာဂါနဲ႔ ႏုိင္ငံေရး အေျခအေန အခက္အခဲ ကာလ အတြင္း လုပ္ငန္း နယ္ပယ္ အသီးသီးမွာ အလုပ္အကိုင္ေတြ ဆံုးရံႈးၾကရသလိုဘဲ ကိုမ်ိဳးသက္ထြန္းတို႔လည္း အလားတူ ႀကံဳေတြ႔ ရတာပါ။ မရွိမျဖစ္ ၀န္ထမ္းေတြ ဆက္လက္ ထားရွိႏုိင္ေရး စီမံခန္႔ခြဲဖို႔ လုပ္ငန္းရွင္ေတြ အခက္ေတြ႔ၾကပါတယ္။ Coffee Couple လုပ္ငန္းရွင္ ကိုမ်ိဳးသက္ထြန္း ဘယ္လုိ ေဆာင္ရြက္ေနပါသလဲ။

“ ဟုတ္ကဲ႔ ခင္ဗ်။ အခက္အခဲကေတာ့ ပိုၿပီး ရွိတာေပါ့။ က်ေနာ္တို႔ အရင္တုန္းက ဆိုရင္ ဆိုင္ကယ္ ဆီေပါ့ က်ေနာ္တို႔ ၀န္ထမ္းေတြကို ၁,၀၀၀ ေပးတယ္ေပါ့။ အခုဆိုရင္ ၁,၀၀၀ မရေတာ့ဘူး။ ဒီႏွစ္က စၿပီး ၂,၀၀၀ ေပးရတဲ႔ အေနအထား ျဖစ္သြားတာေပါ့။ အဲလို ဟာမ်ိဳးေတြ မ်ားလာတယ္။ ေနာက္တခုက က်ေနာ္တို႔ ဒီေပါ့ ၀န္ထမ္းေတြကို လခ တိုးေပးရမယ့္ ဟာေလးေတြ ရွိတယ္။ သို႔ေသာ္လည္း အရင္ကထက္ ပိုၿပီး တိုးေပးႏုိင္ဖို႔ အားနည္းသြားတယ္။ ေနာက္ ၀န္ထမ္း အေရအတြက္ေပါ့။

တစိတ္တေဒသ ေလ်ာ့နည္းတာေတြလည္း ရွိတာေပါ့။ သို႔ေသာ္လည္း ျခံေတြမွာေတာ့ ေကာ္ဖီ သီး ရာသီ ျဖစ္တဲ႔ အတြက္ ထုတ္လုပ္တဲ႔ ရာသီ ျဖစ္တဲ႔ အတြက္ မရွိမျဖစ္ ၀န္ထမ္းေတြကို က်ေနာ္တို႔ ဆက္ၿပီးေတာ့ ထိန္းထားရတာေပါ့ေနာ္။

လစာပိုင္း ဆိုင္ရာေတြလည္း ပံုမွန္ လည္ပတ္ေပးႏုိင္ေအာင္ တခါတေလေတာ့လည္း ရွိၿပီးသား ကုန္ၾကမ္းကို ထုတ္ေရာင္းရတာေပါ့။ မကိုက္ေပမဲ႔လည္း ဒီ ၀န္ထမ္းေတြလည္း အဆင္ေျပေအာင္ က်ေနာ္တို႔ လုပ္ငန္းလည္း လည္ပတ္လို႔ ရေအာင္ ဒီလိုဟာမ်ိဳးေပါ့။ က်ေနာ္တို႔ တႏွစ္က ရွိထားတဲ႔ ကုန္ၾကမ္း မေရာင္းရေသးဘူးဆိုရင္လည္း အဲဒါမ်ိဳး ကုန္ၾကမ္း ေရာင္းၿပီးေတာ့ ေပးေခ်ေနရတဲ႔ ဟာေတာ့ ရွိတယ္။ ”
စက္သံုးဆီေစ်း တက္သြားတာနဲ႔ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြဟာလည္း စီးပြားေရး လုပ္ငန္းရွင္ေတြ အခက္အခဲ တခု ထပ္တိုးလာေစပါတယ္။ စက္သံုးဆီ ေစ်းတက္တာနဲ႔ အတူ သယ္ယူပို႔ေဆာင္ေရး စရိတ္စကလည္း တက္လာပါတယ္။ ဒါေပမယ့္ တပိုင္တနုိင္ စီးပြားေရး လုပ္ေနသူ တဦးကေတာ့ သယ္ယူပို႔ေဆာင္ေရး စာရိတ္ စက သက္သာေရး အတြက္ နည္းလမ္းရွာၿပီး လုပ္ေနတယ္လို႔ ေျပာပါတယ္။

“ ပစၥည္း ပို႔တာမွာေတာ့ တန္ဆာခေတြက ေစ်းတက္လာတာေပါ့။ တန္ဆာခ ေစ်းတက္တယ္။ ဒါေပမယ့္ ၄-၅-၁၀ ေယာက္စာ တခါတည္း ေပါင္းၿပီး ပို႔တာ ဆိုေတာ့ အရမ္းႀကီး မသိသာဘူး။ ”
စက္သံုးဆီ ေစ်းတက္တာေၾကာင့္ တြက္ေခ်မကိုက္ ျဖစ္ၾကရသူေတြထဲမွာ အငွားယာဥ္ေမာင္းသူေတြလည္း ပါ၀င္ပါတယ္။ ရန္ကုန္ မီတာတကၠစီ ယာဥ္ေမာင္းမ်ားအသင္းက ကိုထူးခန႔္ေအာင္က ေျပာပါတယ္။
“ဆီေဈးႏႈန္းေတြ ျမင့္တက္လာေတာ့ ရွာသမွ်အကုန္လုံးကိုပဲ ဆီေဈးထဲပဲေရာက္ေနေတာ့၊ ဒီေန႔မနက္ျဖစ္တဲ့ 92 ဆီေဈးဆိုရင္ ၁,၉၁၀ အထိ ခုန္တက္သြားတယ္ဗ်။

အရင္တုန္းကဆိုရင္ က်ေနာ္တရက္ကို ၅၀,၀၀၀ ေလာက္ရွာတယ္ေပါ့။ ဆီကအမ်ားဆုံးကုန္မွ ၁၀,၀၀၀- ၁၂,၀၀၀ အလြန္ဆုံးေပါ့။ အခုက် က်ေနာ္တို႔ ၅၀,၀၀၀ ရွာတယ္ဆိုရင္ ဆီက ၂၅,၀၀၀ ဖိုးေလာက္ျဖစ္သြားၿပီ။ အုံနာေၾကး ႏုတ္လိုက္တယ္ဆိုရင္ ကိုယ့္အတြက္က ဘာမွမရွိေတာ့ဘူးေလ။ အုံနာေတြကလည္း ကားျပင္ဆင္စရိတ္ ျမင့္တက္တယ္ဆိုၿပီး တရက္ကို ၁၈,၀၀၀ အထိ ေတာင္းတဲ့သူေတြရွိတယ္ဗ်။”

တကၠစီ ငွားစီးသူ နည္းလာတယ္လို႔လည္း ကိုထူးခန႔္ေအာင္က ဗီြအိုေအကို ေျပာဆိုထားပါတယ္။ ကိုထူးခန္႔ေအာင္တို႔လို ၀န္ေဆာင္မႈ လုပ္ငန္းေတြ အတြက္တင္ မဟုတ္ပါဘူး။ စားေသာက္ကုန္ထုတ္ လုပ္ငန္းေတြမွာပါ အ၀ယ္ က်လာတာပါ။ တပိုင္တႏုိင္ စားေသာက္ကုန္ထုတ္ လုပ္ငန္းရွင္ အမ်ိဳးသမီးက အခုလို ရွင္းျပပါတယ္။

“ စားသံုးသူ အေနနဲ႔က်ေတာ့ ပံုမွန္ ၅,၀၀၀ ေရာင္းေနတဲ႔ ကုန္ပစၥည္းကို အခု ၆,၀၀၀ - ၇,၀၀၀ ေရာင္းမွ အဆင္ေျပေတာ့မွာ။ အဲလိုမ်ိဳးေလး ျဖစ္လာတာ။ အဲဒီ ၆,၀၀၀ - ၇,၀၀၀ ဆိုရင္လည္း ၀ယ္တဲ႔သူက အရင္တုန္းက ၁၀ ေယာက္ ၀ယ္ရင္ အခုဆိုရင္ ၃ ေယာက္ - ၄ ေယာက္ေလာက္ဘဲ ၀ယ္ႏုိင္ေတာ့မွာ။ အဲဒါမ်ိဳးေလးေတြ လူေတြမွာ ေငြမရွိဘူး ျဖစ္လာတာေလ။ ”

ကုန္ၾကမ္းေစ်းတက္လာၿပီး ထုတ္လုပ္မႈ ကုန္က်စာရိတ္ ျမင့္တက္လာၿပီး တဖက္မွာ ၀ယ္လိုအားက က်တယ္လို႔လည္း ျပည္တြင္း စားေသာက္ကုန္ထုတ္လုပ္ငန္းရွင္ေတြက ရွင္းျပပါတယ္။

“ ကုန္ေစ်းႏႈန္း အကုန္ အတက္အက် မ်ားတာေတြလည္း ရွိတယ္။ ကုန္ၾကမ္းပိုင္း ဆိုင္ရာေတြက အရမ္း ထိုးတက္လာေပမယ့္ ေစ်းကြက္ ၀ယ္လိုအား နည္းလာတဲ႔ အေနအထားမွာေတာ့ ရွိတာေပါ့။ ”

“အခုေတာ့ ငါးကလည္း ပင္လယ္မွာ ငါးရွားလာတဲ႔ အေနအထားက ရွိတာေၾကာင့္ ထြက္သေလာက္ မရဘူး။ သံုးစီးေလာက္ ထြက္တယ္။ တစီးစာ ေလာက္ေတာင္ မရဘူး ဆိုရင္ က်န္တဲ႔ ႏွစ္စီး က ဆီဖိုးက ပိုက္ဆံ ကုန္ေသးတယ္။ အရင္တုန္းက ေလွ သံုးစီး ရွိသူက သံုးစီး ထြက္ေပမယ့္ အခုအခ်ိန္မွာ တစီးေလာက္ဘဲ ထြက္တာမ်ိဳးေပါ့ေနာ္။ ”

Coffee couple လုပ္ငန္းရွင္ ကိုမ်ိဳးသက္ထြန္း တို႔လို ျပည္တြင္း အေသးစား အလတ္စား လုပ္ငန္းရွင္ေတြကေတာ့ အခက္အခဲေတြ ရွိေပမယ့္လည္း အေကာင္းျမင္ ေမွ်ာ္လင့္ခ်က္ထားၿပီး ၀န္ထမ္းေတြ အတြက္ေရာ လုပ္ငန္း အတြက္ပါ အေကာင္းဆံုး ႀကိဳးစားေနေၾကာင္း ေျပာျပၾကပါတယ္။

“ ကိုယ့္ ၀န္ထမ္းနဲ႔ ကိုယ့္အလုပ္နဲ႔ အခ်ိန္မွန္ လည္ပတ္ႏုိင္ေအာင္၊ ေနာက္တခုက က်ေနာ္တို႔က စိုက္ပ်ိဳးေရး ဘက္မွာလည္း ပါေနေတာ့ စိုက္ပ်ိဳးေရးက အခုအခ်ိန္က ေကာ္ဖီ ရာသီခ်ိန္လည္း ျဖစ္တဲ႔ အတြက္ေၾကာင့္ ထုတ္လုပ္တဲ႔ အပိုင္းကို ဦးစားေပးေနရတဲ႔ ကာလည္း ျဖစ္တာေၾကာင့္ ကုန္ၾကမ္းကိုဘဲ အဓိက ထားၿပီး ထုတ္လုပ္ေနရတဲ႔ အေနအထားေတာ့ ရွိတာေပါ့။ ”

“ အဓိက က တျခား လူသံုးကုန္ ပစၥည္း မဟုတ္ဘဲ အစားအေသာက္ ျဖစ္ေနတဲ႔ အခါက်ေတာ့ အစားအေသာက္ကေတာ့ တျခား ထက္စာရင္ လူတိုင္းကေတာ့ အစားအေသာက္ေလးကေတာ့ ၀ယ္စားေနၾကေသးတာ ဆိုေတာ့ အစားအေသာက္ကေတာ့ ေရာင္းေနရေသးတာ။ အေရာင္းေလးကေတာ့ ထိုင္းေတာ့ မသြားဘူးရယ္။ ဒါေပမယ့္ အျမတ္ နည္းလာတာေပါ့ေနာ္။ အရင္းက ပိုၿပီး မ်ားလာတယ္။ အျမတ္က နည္းလာတယ္။ ဒီထက္ ၾကပ္တည္းလာရင္ေတာ့ ဘာလုပ္ရမလဲ မေျပာတတ္ဘူး။ ”

တိုက္႐ိုက္ လင့္ခ္

(Unicode)
မြန်မာ့ စီးပွားရေး လုပ်ငန်းတွေ ရေရှည် ရပ်တည်ရေး နည်းလမ်းရှာ

ကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု စာရိတ်စက တက်လာပြီး ဝယ်လိုအား ကျမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်တွင်းက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း တချို့ကတော့ လုပ်ငန်း ဆက်လက် ရှင်သန်ရေး အတွက် ကြိုးစားနေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးထားပါတယ်။

ကော်ဖီ စိုက်ပျိုးရေး ကနေ ကော်ဖီ တခွက် ထွက်လာတဲ့ အထိ တနေရာတည်းမှာ ဝန်ဆောင်မှု ပေးနေတယ်လို့ ပြောလာသူကတော့ Coffee Couple လုပ်ငန်းရှင် ကိုမျိုးသက်ထွန်းက ပြောပြပါတယ်။ အရည်အသွေးကို မြှင့်နိုင်ဖို့ နောက် ဝန်ထမ်းတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုခိုင်မာစေဖို့ ရည်ရွယ် လုပ်နေတာ ဖြစ်ကြောင်း သူက ပြောပါတယ်။

“ ခြံကနေ ကော်ဖီ တခွက် ရတဲ့ အထိ ကျနော်တို့ လုပ်တယ်။ လုပ်ပြီးတော့ ဒီ ဝန်ထမ်းတွေကိုဘဲ ကျနော်တို့ ဗဟုသုတလည်း သေချာ ကျကျနန ပေးနိုင်မယ်၊ နောက် အရည်အသွေးပိုင်းကိုလည်း ဦးစားပေးတဲ့ အပိုင်းလည်း ဖြစ်သွားတာပေါ့။ ကျနော်တို့ကတော့ အဲဒါကို ဦးတည်သွားတယ်။ ဒီကို ဦးတည်သွားတဲ့ အလျောက် တကယ်ရော ခေတ် အခြေအနေက တိုးတက် ပြောင်းလဲမှု ဖြစ်တဲ့ အချိန် ကျနော်တို့ အရည်အသွေးပိုင်းကို လုပ်ခြင်းအားဖြင့် ကျနော်တို့ လုပ်ငန်းကိုလည်း ရေရှည် ရပ်တည်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ”
ကပ်ဘေးရောဂါနဲ့ နိုင်ငံရေး အခြေအနေ အခက်အခဲ ကာလ အတွင်း လုပ်ငန်း နယ်ပယ် အသီးသီးမှာ အလုပ်အကိုင်တွေ ဆုံးရှုံးကြရသလိုဘဲ ကိုမျိုးသက်ထွန်းတို့လည်း အလားတူ ကြုံတွေ့ ရတာပါ။ မရှိမဖြစ် ဝန်ထမ်းတွေ ဆက်လက် ထားရှိနိုင်ရေး စီမံခန့်ခွဲဖို့ လုပ်ငန်းရှင်တွေ အခက်တွေ့ကြပါတယ်။ Coffee Couple လုပ်ငန်းရှင် ကိုမျိုးသက်ထွန်း ဘယ်လို ဆောင်ရွက်နေပါသလဲ။

“ ဟုတ်ကဲ့ ခင်ဗျ။ အခက်အခဲကတော့ ပိုပြီး ရှိတာပေါ့။ ကျနော်တို့ အရင်တုန်းက ဆိုရင် ဆိုင်ကယ် ဆီပေါ့ ကျနော်တို့ ဝန်ထမ်းတွေကို ၁,၀၀၀ ပေးတယ်ပေါ့။ အခုဆိုရင် ၁,၀၀၀ မရတော့ဘူး။ ဒီနှစ်က စပြီး ၂,၀၀၀ ပေးရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဲလို ဟာမျိုးတွေ များလာတယ်။ နောက်တခုက ကျနော်တို့ ဒီပေါ့ ဝန်ထမ်းတွေကို လခ တိုးပေးရမယ့် ဟာလေးတွေ ရှိတယ်။ သို့သော်လည်း အရင်ကထက် ပိုပြီး တိုးပေးနိုင်ဖို့ အားနည်းသွားတယ်။ နောက် ဝန်ထမ်း အရေအတွက်ပေါ့။ တစိတ်တဒေသ လျော့နည်းတာတွေလည်း ရှိတာပေါ့။ သို့သော်လည်း ခြံတွေမှာတော့ ကော်ဖီ သီး ရာသီ ဖြစ်တဲ့ အတွက် ထုတ်လုပ်တဲ့ ရာသီ ဖြစ်တဲ့ အတွက် မရှိမဖြစ် ဝန်ထမ်းတွေကို ကျနော်တို့ ဆက်ပြီးတော့ ထိန်းထားရတာပေါ့နော်။
လစာပိုင်း ဆိုင်ရာတွေလည်း ပုံမှန် လည်ပတ်ပေးနိုင်အောင် တခါတလေတော့လည်း ရှိပြီးသား ကုန်ကြမ်းကို ထုတ်ရောင်းရတာပေါ့။ မကိုက်ပေမဲ့လည်း ဒီ ဝန်ထမ်းတွေလည်း အဆင်ပြေအောင် ကျနော်တို့ လုပ်ငန်းလည်း လည်ပတ်လို့ ရအောင် ဒီလိုဟာမျိုးပေါ့။ ကျနော်တို့ တနှစ်က ရှိထားတဲ့ ကုန်ကြမ်း မရောင်းရသေးဘူးဆိုရင်လည်း အဲဒါမျိုး ကုန်ကြမ်း ရောင်းပြီးတော့ ပေးချေနေရတဲ့ ဟာတော့ ရှိတယ်။ ”
စက်သုံးဆီဈေး တက်သွားတာနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေဟာလည်း စီးပွားရေး လုပ်ငန်းရှင်တွေ အခက်အခဲ တခု ထပ်တိုးလာစေပါတယ်။ စက်သုံးဆီ ဈေးတက်တာနဲ့ အတူ သယ်ယူပို့ဆောင်ရေး စရိတ်စကလည်း တက်လာပါတယ်။ ဒါပေမယ့် တပိုင်တနိုင် စီးပွားရေး လုပ်နေသူ တဦးကတော့ သယ်ယူပို့ဆောင်ရေး စာရိတ် စက သက်သာရေး အတွက် နည်းလမ်းရှာပြီး လုပ်နေတယ်လို့ ပြောပါတယ်။

“ ပစ္စည်း ပို့တာမှာတော့ တန်ဆာခတွေက ဈေးတက်လာတာပေါ့။ တန်ဆာခ ဈေးတက်တယ်။ ဒါပေမယ့် ၄-၅-၁၀ ယောက်စာ တခါတည်း ပေါင်းပြီး ပို့တာ ဆိုတော့ အရမ်းကြီး မသိသာဘူး။ ”
စက်သုံးဆီ ဈေးတက်တာကြောင့် တွက်ချေမကိုက် ဖြစ်ကြရသူတွေထဲမှာ အငှားယာဉ်မောင်းသူတွေလည်း ပါဝင်ပါတယ်။ ရန်ကုန် မီတာတက္ကစီ ယာဉ်မောင်းများအသင်းက ကိုထူးခန့်အောင်က ပြောပါတယ်။
“ဆီဈေးနှုန်းတွေ မြင့်တက်လာတော့ ရှာသမျှအကုန်လုံးကိုပဲ ဆီဈေးထဲပဲရောက်နေတော့၊ ဒီနေ့မနက်ဖြစ်တဲ့ 92 ဆီဈေးဆိုရင် ၁,၉၁၀ အထိ ခုန်တက်သွားတယ်ဗျ။ အရင်တုန်းကဆိုရင် ကျနော်တရက်ကို ၅၀,၀၀၀ လောက်ရှာတယ်ပေါ့။ ဆီကအများဆုံးကုန်မှ ၁၀,၀၀၀- ၁၂,၀၀၀ အလွန်ဆုံးပေါ့။ အခုကျ ကျနော်တို့ ၅၀,၀၀၀ ရှာတယ်ဆိုရင် ဆီက ၂၅,၀၀၀ ဖိုးလောက်ဖြစ်သွားပြီ။ အုံနာကြေး နုတ်လိုက်တယ်ဆိုရင် ကိုယ့်အတွက်က ဘာမှမရှိတော့ဘူးလေ။ အုံနာတွေကလည်း ကားပြင်ဆင်စရိတ် မြင့်တက်တယ်ဆိုပြီး တရက်ကို ၁၈,၀၀၀ အထိ တောင်းတဲ့သူတွေရှိတယ်ဗျ။”
တက္ကစီ ငှားစီးသူ နည်းလာတယ်လို့လည်း ကိုထူးခန့်အောင်က ဗွီအိုအေကို ပြောဆိုထားပါတယ်။ ကိုထူးခန့်အောင်တို့လို ဝန်ဆောင်မှု လုပ်ငန်းတွေ အတွက်တင် မဟုတ်ပါဘူး။ စားသောက်ကုန်ထုတ် လုပ်ငန်းတွေမှာပါ အဝယ် ကျလာတာပါ။ တပိုင်တနိုင် စားသောက်ကုန်ထုတ် လုပ်ငန်းရှင် အမျိုးသမီးက အခုလို ရှင်းပြပါတယ်။
“ စားသုံးသူ အနေနဲ့ကျတော့ ပုံမှန် ၅,၀၀၀ ရောင်းနေတဲ့ ကုန်ပစ္စည်းကို အခု ၆,၀၀၀ - ၇,၀၀၀ ရောင်းမှ အဆင်ပြေတော့မှာ။ အဲလိုမျိုးလေး ဖြစ်လာတာ။ အဲဒီ ၆,၀၀၀ - ၇,၀၀၀ ဆိုရင်လည်း ဝယ်တဲ့သူက အရင်တုန်းက ၁၀ ယောက် ဝယ်ရင် အခုဆိုရင် ၃ ယောက် - ၄ ယောက်လောက်ဘဲ ဝယ်နိုင်တော့မှာ။ အဲဒါမျိုးလေးတွေ လူတွေမှာ ငွေမရှိဘူး ဖြစ်လာတာလေ။ ”

ကုန်ကြမ်းဈေးတက်လာပြီး ထုတ်လုပ်မှု ကုန်ကျစာရိတ် မြင့်တက်လာပြီး တဖက်မှာ ဝယ်လိုအားက ကျတယ်လို့လည်း ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။

“ ကုန်ဈေးနှုန်း အကုန် အတက်အကျ များတာတွေလည်း ရှိတယ်။ ကုန်ကြမ်းပိုင်း ဆိုင်ရာတွေက အရမ်း ထိုးတက်လာပေမယ့် ဈေးကွက် ဝယ်လိုအား နည်းလာတဲ့ အနေအထားမှာတော့ ရှိတာပေါ့။ ”

“အခုတော့ ငါးကလည်း ပင်လယ်မှာ ငါးရှားလာတဲ့ အနေအထားက ရှိတာကြောင့် ထွက်သလောက် မရဘူး။ သုံးစီးလောက် ထွက်တယ်။ တစီးစာ လောက်တောင် မရဘူး ဆိုရင် ကျန်တဲ့ နှစ်စီး က ဆီဖိုးက ပိုက်ဆံ ကုန်သေးတယ်။ အရင်တုန်းက လှေ သုံးစီး ရှိသူက သုံးစီး ထွက်ပေမယ့် အခုအချိန်မှာ တစီးလောက်ဘဲ ထွက်တာမျိုးပေါ့နော်။ ”

Coffee couple လုပ်ငန်းရှင် ကိုမျိုးသက်ထွန်း တို့လို ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းရှင်တွေကတော့ အခက်အခဲတွေ ရှိပေမယ့်လည်း အကောင်းမြင် မျှော်လင့်ချက်ထားပြီး ဝန်ထမ်းတွေ အတွက်ရော လုပ်ငန်း အတွက်ပါ အကောင်းဆုံး ကြိုးစားနေကြောင်း ပြောပြကြပါတယ်။

“ ကိုယ့် ဝန်ထမ်းနဲ့ ကိုယ့်အလုပ်နဲ့ အချိန်မှန် လည်ပတ်နိုင်အောင်၊ နောက်တခုက ကျနော်တို့က စိုက်ပျိုးရေး ဘက်မှာလည်း ပါနေတော့ စိုက်ပျိုးရေးက အခုအချိန်က ကော်ဖီ ရာသီချိန်လည်း ဖြစ်တဲ့ အတွက်ကြောင့် ထုတ်လုပ်တဲ့ အပိုင်းကို ဦးစားပေးနေရတဲ့ ကာလည်း ဖြစ်တာကြောင့် ကုန်ကြမ်းကိုဘဲ အဓိက ထားပြီး ထုတ်လုပ်နေရတဲ့ အနေအထားတော့ ရှိတာပေါ့။ ”

“ အဓိက က တခြား လူသုံးကုန် ပစ္စည်း မဟုတ်ဘဲ အစားအသောက် ဖြစ်နေတဲ့ အခါကျတော့ အစားအသောက်ကတော့ တခြား ထက်စာရင် လူတိုင်းကတော့ အစားအသောက်လေးကတော့ ဝယ်စားနေကြသေးတာ ဆိုတော့ အစားအသောက်ကတော့ ရောင်းနေရသေးတာ။ အရောင်းလေးကတော့ ထိုင်းတော့ မသွားဘူးရယ်။ ဒါပေမယ့် အမြတ် နည်းလာတာပေါ့နော်။ အရင်းက ပိုပြီး များလာတယ်။ အမြတ်က နည်းလာတယ်။ ဒီထက် ကြပ်တည်းလာရင်တော့ ဘာလုပ်ရမလဲ မပြောတတ်ဘူး။ ”

XS
SM
MD
LG