သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမုိကေရစီစံႏႈန္း အဆိုးဆံုးက်ဆင္းတဲ့ သံုးႏုိင္ငံထဲ ျမန္မာႏုိင္ငံပါဝင္ 


Top 10 best and worst performers (Index score out of 10, 10 being best)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီစံႏႈန္းေတြ အဆိုး႐ြားဆုံးက်ဆင္းသြားတဲ့ ထိပ္ဆုံး သံုးႏိုင္ငံထဲမွာ ပါဝင္တယ္လို႔ လန္ဒန္ၿမိဳ႕အေျခစိုက္ ကမာၻေက်ာ္ The Economist မဂၢဇင္းႀကီးရဲ႕ စီးပြားေရး ဆန္းစစ္အကဲျဖတ္အဖြဲ႔ EIU က ဒီကေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ကမာၻတဝန္း ႏုိင္ငံေပါင္း ၁၆၇ ႏုိင္ငံကို စစ္တမ္းေကာက္ထားတဲ့ထဲ ဒီမိုကေရစီ အဆိုးဆံုးက်ဆင္းတဲ့ သံုးႏုိင္ငံထဲမွာ တူနီးရွား၊ အာဖဂန္နစၥတန္ႏုိင္ငံတို႔နဲ႔တန္းတူ ထည့္သြင္းသတ္မွတ္ခံရတာပါ။ ဒါ့အျပင္ The Economist က ျပဳစုထုတ္ျပန္တဲ့ ဒီမုိကေရစီစံႏႈန္း အၫႊန္းကိန္းသတ္ခ်က္မွာလည္း ျမန္မာႏုိ္င္ငံဟာ အဆင့္ ၁၆၆ နဲ႔ ေျမာက္ကိုရီးယား၊ အာဖဂန္နစၥတန္တို႔နဲ႔အတူ အၫႊန္း ကိန္းအနိမ့္ဆံုး သံုးႏိုင္ငံထဲမွာ ပါဝင္ပါတယ္။
ေနာ္ေဝ၊ နယူးဇီလန္နဲ႔ ဖင္လန္ သံုးႏိုင္ငံကို ကမာၻေပၚမွာ ဒီမိုကေရစီစံႏႈန္း အျမင့္ဆုံးရွိတဲ့ႏိုင္ငံေတြအျဖစ္ EIU က သတ္မွတ္ထား ပါတယ္။ ကမာၻ႔ထိပ္တန္း ဒီမုိကေရစီႏုိင္ငံႀကီးေတြထဲမွာ ၿဗိတိန္ႏုိ္င္ငံက အၫႊန္းကိန္း က်သြားေပမယ့္ ဒီမုိကေရစီ အျပည့္အဝ ရွိတဲ့ႏုိင္ငံအျဖစ္ ဆက္သတ္မွတ္ခံရၿပီး အဆင့္ ၁၈ ေပးထားပါတယ္။ အေမရိကန္ျပည္ေထာင္စုကေတာ့ အျပစ္အနာအဆာမကင္းတဲ့ ဒီမုိကေရစီ ႏိုင္ငံတခုအျဖစ္ သတ္မွတ္ခံရၿပီး အဆင့္ ၂၆ မွာရွိပါတယ္။
ကမာၻတဝန္း ကိုဗစ္ကပ္ေဘးနဲ႔ အာဏာရွင္စနစ္ကို ေထာက္ခံသူေတြ ပိုမ်ားလာတာေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ဒီမိုကေရစီစံႏႈန္းေတြ ပိုမို က်ဆင္းသြားခဲ့တဲ့အေၾကာင္း EIU စစ္တမ္းမွာ ေဖာ္ျပပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္တြင္း ဒီမိုကေရစီစနစ္ေအာက္ ေနခြင့္ရသူက ကမာၻ႔လူဦးေရ ရဲ႕ ၄၅% ေက်ာ္႐ုံေလးပဲရွိတယ္လို႔ ဒီအဖြဲ႕က ေျပာပါတယ္။ ဒါဟာျဖင့္ ဒီ့အရင္ ၂၀၂၀ ျပည့္ႏွစ္က ကမာၻ႔လူဦးေရ ထက္ဝက္ဝန္းက်င္ေလာက္ ဒီမိုကေရစီစနစ္ေအာက္မွာ ေနခဲ့ရတဲ့အေျခအေနထက္ ပိုၿပီး ဆိုး႐ြားသြားခဲ့တာျဖစ္တယ္လို႔လည္း သုေတသနအဖြဲ႕ EIU ရဲ႕ ႏွစ္ပတ္လည္ ဒီမိုကေရစီ စစ္တမ္းမွာ ေထာက္ျပထားပါတယ္။
၂၀၂၁ ခုႏွစ္အတြင္း ကမာၻတဝန္း ဒီမိုကေရစီစံႏႈန္းေတြ ဆုတ္ယုတ္က်ဆင္းမႈဟာ ၂၀၁၀ ျပည့္ႏွစ္ကစလို႔ ရာခိုင္ႏႈန္းအားျဖင့္ အမ်ားဆုံးျဖစ္သလို ခုလို စစ္တမ္း ႏွစ္စဥ္ထုတ္ျပန္လာခဲ့တဲ့ ၂၀၀၆ ခုႏွစ္က စၿပီးၾကည့္ရင္လည္း အဆိုး႐ြားဆုံး ဆုတ္ယုတ္မႈ ျဖစ္တယ္လို႔ဆိုပါတယ္။
ဥေရာပမွာေတာ့ စပိန္ႏိုင္ငံမွာ တရားစီရင္ေရးဆိုင္ရာ သီးျခားလြတ္လပ္ခြင့္အေျခအေန က်ဆင္းလာတာေၾကာင့္ ဒီမိုကေရစီ စံႏႈန္းေတြ အရင္ကထက္ က်ဆင္းလာတယ္လို႔ ေဖာ္ျပထားပါတယ္။ အလားတူ ခ်ီလီႏိုင္ငံမွာလည္း ဒီမိုကေရစီလြတ္လပ္ခြင့္ေတြ ဆုတ္ယုတ္လာတယ္လို႔ ေဖာ္ျပပါတယ္။
ကမာၻ႔လူဦးေရရဲ႕ သုံးပုံတပုံေက်ာ္ အာဏာရွင္စနစ္ေအာက္ ေနေနၾကရတာမွာ အမ်ားစုက တ႐ုတ္ႏိုင္ငံမွာျဖစ္တယ္လို႔ဆိုၿပီး တ႐ုတ္ဟာ ဒီမိုကေရစီစံႏႈန္းေတြ တိုးတက္မလာတဲ့အျပင္ လြတ္လပ္ခြင့္ေတြ ပိုၿပီးဆုတ္ယုတ္လာတယ္လို႔ EIU အဖြဲ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဒီမိုကရေစီစံနှုန်း အဆိုးဆုံးကျဆင်းတဲ့ သုံးနိုင်ငံထဲ မြန်မာနိုင်ငံပါဝင်

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစံနှုန်းတွေ အဆိုးရွားဆုံးကျဆင်းသွားတဲ့ ထိပ်ဆုံး သုံးနိုင်ငံထဲမှာ ပါဝင်တယ်လို့ လန်ဒန်မြို့အခြေစိုက် ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးရဲ့ စီးပွားရေး ဆန်းစစ်အကဲဖြတ်အဖွဲ့ EIU က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို စစ်တမ်းကောက်ထားတဲ့ထဲ ဒီမိုကရေစီ အဆိုးဆုံးကျဆင်းတဲ့ သုံးနိုင်ငံထဲမှာ တူနီးရှား၊ အာဖဂန်နစ္စတန်နိုင်ငံတို့နဲ့တန်းတူ ထည့်သွင်းသတ်မှတ်ခံရတာပါ။ ဒါ့အပြင် The Economist က ပြုစုထုတ်ပြန်တဲ့ ဒီမိုကရေစီစံနှုန်း အညွှန်းကိန်းသတ်ချက်မှာလည်း မြန်မာနိုင်ငံဟာ အဆင့် ၁၆၆ နဲ့ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်တို့နဲ့အတူ အညွှန်း ကိန်းအနိမ့်ဆုံး သုံးနိုင်ငံထဲမှာ ပါဝင်ပါတယ်။
နော်ဝေ၊ နယူးဇီလန်နဲ့ ဖင်လန် သုံးနိုင်ငံကို ကမ္ဘာပေါ်မှာ ဒီမိုကရေစီစံနှုန်း အမြင့်ဆုံးရှိတဲ့နိုင်ငံတွေအဖြစ် EIU က သတ်မှတ်ထား ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးတွေထဲမှာ ဗြိတိန်နိုင်ငံက အညွှန်းကိန်း ကျသွားပေမယ့် ဒီမိုကရေစီ အပြည့်အဝ ရှိတဲ့နိုင်ငံအဖြစ် ဆက်သတ်မှတ်ခံရပြီး အဆင့် ၁၈ ပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အပြစ်အနာအဆာမကင်းတဲ့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၂၆ မှာရှိပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကပ်ဘေးနဲ့ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ ပိုများလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကျဆင်းသွားခဲ့တဲ့အကြောင်း EIU စစ်တမ်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင်း ဒီမိုကရေစီစနစ်အောက် နေခွင့်ရသူက ကမ္ဘာ့လူဦးရေ ရဲ့ ၄၅% ကျော်ရုံလေးပဲရှိတယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ ဒါဟာဖြင့် ဒီ့အရင် ၂၀၂၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ ထက်ဝက်ဝန်းကျင်လောက် ဒီမိုကရေစီစနစ်အောက်မှာ နေခဲ့ရတဲ့အခြေအနေထက် ပိုပြီး ဆိုးရွားသွားခဲ့တာဖြစ်တယ်လို့လည်း သုတေသနအဖွဲ့ EIU ရဲ့ နှစ်ပတ်လည် ဒီမိုကရေစီ စစ်တမ်းမှာ ထောက်ပြထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း ဒီမိုကရေစီစံနှုန်းတွေ ဆုတ်ယုတ်ကျဆင်းမှုဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်သလို ခုလို စစ်တမ်း နှစ်စဉ်ထုတ်ပြန်လာခဲ့တဲ့ ၂၀၀၆ ခုနှစ်က စပြီးကြည့်ရင်လည်း အဆိုးရွားဆုံး ဆုတ်ယုတ်မှု ဖြစ်တယ်လို့ဆိုပါတယ်။
ဥရောပမှာတော့ စပိန်နိုင်ငံမှာ တရားစီရင်ရေးဆိုင်ရာ သီးခြားလွတ်လပ်ခွင့်အခြေအနေ ကျဆင်းလာတာကြောင့် ဒီမိုကရေစီ စံနှုန်းတွေ အရင်ကထက် ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။ အလားတူ ချီလီနိုင်ငံမှာလည်း ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ဆုတ်ယုတ်လာတယ်လို့ ဖော်ပြပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံကျော် အာဏာရှင်စနစ်အောက် နေနေကြရတာမှာ အများစုက တရုတ်နိုင်ငံမှာဖြစ်တယ်လို့ဆိုပြီး တရုတ်ဟာ ဒီမိုကရေစီစံနှုန်းတွေ တိုးတက်မလာတဲ့အပြင် လွတ်လပ်ခွင့်တွေ ပိုပြီးဆုတ်ယုတ်လာတယ်လို့ EIU အဖွဲ့က ပြောပါတယ်။
===========

XS
SM
MD
LG