[Zawgyi/Unicode]
ျမန္မာႏိုင္ငံဟာ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးနဲ႔ဆိုင္တဲ့ ကမာၻလံုးဆိုင္ရာအဆင့္မွာ တျခားႏုိင္ငံ ၂၅ ႏုိင္ငံနဲ႔အတူ တိုးတက္လာတဲ့ႏိုင္ငံတခုအျဖစ္ ႏုိင္ငံတကာ ပြင့္လင္းျမင္သာမႈအဖြဲ႔ (Transparency International) ရဲ႕ အခုေနာက္ဆံုးထြက္လာတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
၂၀၁၂ ခုႏွစ္ကတည္းကစၿပီး TI အဖြဲ႔က ႏွစ္စဥ္ သုေတသနျပဳစုလာတာအရ ျမန္မာႏုိင္ငံဟာ ၁၃ မွတ္အထိ တိုးလာၿပီး စုစုေပါင္း ၂၈ မွတ္နဲ႔ ႏိုင္ငံေပါင္း ၁၈၀ ထဲမွာ အဆင့္ ၁၃၇ အျဖစ္ တျခားႏိုင္ငံေလးခုနဲ႔အတူ အတူပူးတြဲ သတ္မွတ္ခံရပါတယ္။ ႏုိင္ငံေပါင္း ၁၈၀ ကို အဆင့္သတ္မွတ္ထားတာမွာ အျမင့္ဆံုး အဆင့္ ၁ အျဖစ္ သတ္မွတ္ခံရတဲ့ႏုိ္င္ငံေတြက ၈၈ မွတ္ရၿပီး အနိမ့္ဆံုး သတ္မွတ္ခံရတဲ့ႏုိင္ငံေတြက ၁၂ မွတ္စီရၾကပါတယ္။
ျမန္မာႏိုင္ငံက လူအမ်ားအေနနဲ႔ လက္ရွိအရပ္သားအစိုးရလက္ထက္မွာ အဂတိလိုက္စားမႈေလ်ာ့က်လာတယ္လို႔ ခံစားၾကရေပမဲ့ အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ေရးလုပ္ငန္းေတြကို အဟန္႔အတားျဖစ္ေစတဲ့ ဥပေဒေရးရာနဲ႔ ဖြဲ႔စည္းမႈပိုင္း ကြာဟခ်က္ေတြ ရွိေနတယ္လုိ႔ TI အဖြဲ႔က ေထာက္ျပထားပါတယ္။
ဒါ့အျပင္ စစ္ဘက္က က်ဴးလြန္တဲ့ ျပစ္မႈေတြအတြက္ အျပစ္ေပးအေရးယူမခံရဘဲ ကင္းလြတ္ေနဆဲျဖစ္သလို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ စုေဝးခြင့္ေတြအပါအဝင္ လူ႔အခြင့္အေရးေတြကိုကာကြယ္ဖို႔ အစိုးရက ဘာမွမလုပ္သေလာက္ဘဲလို႔လည္း အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။
ဒီႏွစ္ အစီရင္ခံစာမွာ အထူးေဖာ္ျပထားတာကေတာ့ အဂတိလိုက္စားမႈ အနည္းဆံုးႏိုင္ငံေတြအေနနဲ႔ ကိုဗစ္ဒဏ္ေၾကာင့္ က်န္းမာေရးနဲ႔ စီးပြားေရး စိန္ေခၚခ်က္ေတြကို ရင္ဆိုင္ေျဖရွင္းရာမွာ ပိုအေနအထားေကာင္းတယ္ ဆိုတာပဲျဖစ္ပါတယ္။
တနည္းအားျဖင့္ အဂတိလိုက္စားမႈ နည္းေလေလ၊ COVID-19 ေရာဂါတိုက္ဖ်က္ေရးမွာ အားေကာင္းေလေလပဲလို႔ ၂၀၂၀ ျပည့္ႏွစ္အတြက္ ႏုိ္င္ငံတကာ အက်င့္ပ်က္ျခစားမႈအေျခအေနဆိုင္ရာ TI အဖြဲ႔က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
မြန်မာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး တိုးတက်လာကြောင်း အစီရင်ခံစာသစ်မှာပါရှိ
မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ တခြားနိုင်ငံ ၂၅ နိုင်ငံနဲ့အတူ တိုးတက်လာတဲ့နိုင်ငံတခုအဖြစ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ အခုနောက်ဆုံးထွက်လာတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၂ ခုနှစ်ကတည်းကစပြီး TI အဖွဲ့က နှစ်စဉ် သုတေသနပြုစုလာတာအရ မြန်မာနိုင်ငံဟာ ၁၃ မှတ်အထိ တိုးလာပြီး စုစုပေါင်း ၂၈ မှတ်နဲ့ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၃၇ အဖြစ် တခြားနိုင်ငံလေးခုနဲ့အတူ အတူပူးတွဲ သတ်မှတ်ခံရပါတယ်။ နိုင်ငံပေါင်း ၁၈၀ ကို အဆင့်သတ်မှတ်ထားတာမှာ အမြင့်ဆုံး အဆင့် ၁ အဖြစ် သတ်မှတ်ခံရတဲ့နိုင်ငံတွေက ၈၈ မှတ်ရပြီး အနိမ့်ဆုံး သတ်မှတ်ခံရတဲ့နိုင်ငံတွေက ၁၂ မှတ်စီရကြပါတယ်။
မြန်မာနိုင်ငံက လူအများအနေနဲ့ လက်ရှိအရပ်သားအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုလျော့ကျလာတယ်လို့ ခံစားကြရပေမဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေရေးရာနဲ့ ဖွဲ့စည်းမှုပိုင်း ကွာဟချက်တွေ ရှိနေတယ်လို့ TI အဖွဲ့က ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်ဘက်က ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးအရေးယူမခံရဘဲ ကင်းလွတ်နေဆဲဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေအပါအဝင် လူ့အခွင့်အရေးတွေကိုကာကွယ်ဖို့ အစိုးရက ဘာမှမလုပ်သလောက်ဘဲလို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒီနှစ် အစီရင်ခံစာမှာ အထူးဖော်ပြထားတာကတော့ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံတွေအနေနဲ့ ကိုဗစ်ဒဏ်ကြောင့် ကျန်းမာရေးနဲ့ စီးပွားရေး စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ပိုအနေအထားကောင်းတယ် ဆိုတာပဲဖြစ်ပါတယ်။
တနည်းအားဖြင့် အဂတိလိုက်စားမှု နည်းလေလေ၊ COVID-19 ရောဂါတိုက်ဖျက်ရေးမှာ အားကောင်းလေလေပဲလို့ ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံတကာ အကျင့်ပျက်ခြစားမှုအခြေအနေဆိုင်ရာ TI အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။