သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် လေယာဉ် အပိုင်းအစများ မြေထဲ ပင်လယ်ထဲ တွေ့ရှိ


 မြေထဲပင်လယ်ထဲမှာ ရှာဖွေရေးအဖွဲ့တွေ ပိုက်စိပ်တိုက် ရှာဖွေနေစဉ်။
မြေထဲပင်လယ်ထဲမှာ ရှာဖွေရေးအဖွဲ့တွေ ပိုက်စိပ်တိုက် ရှာဖွေနေစဉ်။

ပျက်ကျသွားတဲ့ EgyptAir လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၈၀၄ ခရီးသည် တင်လေယာဉ် က အပျက်အစီး အပိုင်းအစတွေကို မြေထဲ ပင်လယ်ထဲမှာ တွေ့ရပြီလို့ အီဂျစ်နိုင်ငံက ပြောပါတယ်။ ခရီးသည်တွေရဲ့ပစ္စည်းတွေနဲ့ လေယာဉ်အပျက်အစီး အပိုင်းအစတွေ ရေထဲမျောနေတာကို တွေ့ရပြီလို့ အီဂျစ်ကြည်းတပ် ပြောခွင့် ရ ဗိုလ်မှူးချုပ် Mohammed Samir က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ဒီကနေ့တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

ခန္ဓာကိုယ် အစိတ်အပိုင်းတခု၊ ထိုင်ခုံတလုံးနဲ့ ခရီးဆောင် လက်ဆွဲအိတ်တွေ ကို ရေဒါမြင်ကွင်းကနေ လေယာဉ်ပျောက်သွားတဲ့ နေရာရဲ့ တောင်ဘက် မလှမ်းမကမ်းမှာ အီဂျစ်အာဏာပိုင်တွေ တွေ့ထားပြီလို့ ဂရိတာဝန်ရှိသူတွေက အေသင်မြို့တော်မှာ ပြော ပါတယ်။

ကြာသပတေးနေ့ကပျက်ကျသွားတဲ့ EgyptAir ခရီးသည်တင်လေယာဉ်ရဲ့ အဓိကအပိုင်းအစတွေကိုတွေ့ရဖို့ မြေထဲပင်လယ်ထဲမှာ ရှာဖွေရေးအဖွဲ့တွေ ပိုက်စိပ်တိုက် ရှာနေကြတာပါ။ လူ ၆၆ ယောက်ပါသွားတဲ့ လေယာဉ်ဟာ ပါရီမြို့တော်ကနေ ကိုင်ရိုမြို့တော်ကို ပျံသန်းနေချိန်အတွင်း အီဂျစ်ကမ်းရိုးတန်းမြောက်ဘက်မှာ ရေဒါမြင်ကွင်းကနေ ပျောက်သွားတာပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။ လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ် စုံစမ်းစစ်ဆေးမှုမှာ ကူညီဖို့အတွက် ပြင်သစ် စုံစမ်းစစ်ဆေးရေးမှူး သုံးဦးနဲ့ Airbus လေယာဉ်ကုမ္ပဏီက ကျွမ်းကျင်ပညာရှင်တဦးတို့ ဒီကနေ့မနက်အစောပိုင်းက ကိုင်ရိုမြို့တော်မှာ ရောက်သွားပါပြီ။

ပျောက်ဆုံးလေယာဉ်ကိုရှာဖို့ အီဂျစ်နဲ့ ဂရိနိုင်ငံတွေက လေယာဉ်နဲ့ရေယာဉ်တွေကို လွှတ်ထားသလို ပြင်သစ်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ကလည်း ကင်းထောက်လေယာဉ်တစင်း ပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

အီဂျစ်လေယာဉ်ပျက် အပိုင်းအစ မတွေ့ရသေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG