သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါမှာ ခရီးသည်တင်လေယာဉ် ပျက်ကျမှု ၁၈ ဦးသေဆုံး


နီပေါနိုင်ငံ ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့ Saurya လေကြောင်းပိုင် Bombardier CRJ 200 လေယာဉ်ပျက်ကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဇူလိုင် ၂၄၊ ၂၀၂၄)
နီပေါနိုင်ငံ ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့ Saurya လေကြောင်းပိုင် Bombardier CRJ 200 လေယာဉ်ပျက်ကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဇူလိုင် ၂၄၊ ၂၀၂၄)

နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့တော် Tribhuvan နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်သွားတဲ့ ခရီးသည်တင် လေယာဉ် ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပျက်ကျသွားပြီး လေယာဉ်ပေါ်ပါသူ ၁၈ ဦး သေဆုံးသွားပါတယ်။ ဒါပေမယ့်လည်း မီးလောင်နေတဲ့ လေယာဉ် အပျက်အစီးပုံကြားကနေ လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ခတ္တမန္ဒူရဲဌနက AFP ကို ပြောပါတယ်။ လေယာဉ်မှူး မျက်လုံးထိခိုက်သွားတာကြောင့် ခတ္တမန္ဒူ ကောလိပ်ဆေးရုံကို သယ်ဆောင်ပြီး ကုသပေးနေပါတယ်။

ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့ Saurya လေကြောင်းပိုင် Bombardier CRJ 200 လေယာဉ်မှာ ခရီးသည် ၁၇ ဦးနဲ့ အမှုထမ်း ၂ ဦး လိုက်ပါလာတာပါ။ လက်ရှိမှာ သေဆုံးသွားသူတွေကို သယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲမှာ ယီမင် နိုင်ငံသား တဦးလည်း ပါဝင်ကြောင်း နီပေါ ရဲဌာနက ပြောပါတယ်။

နီပေါနိုင်ငံ ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့ Saurya လေကြောင်းပိုင် Bombardier CRJ 200 လေယာဉ်ပျက်ကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဇူလိုင် ၂၄၊ ၂၀၂၄)
နီပေါနိုင်ငံ ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့ Saurya လေကြောင်းပိုင် Bombardier CRJ 200 လေယာဉ်ပျက်ကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဇူလိုင် ၂၄၊ ၂၀၂၄)

နေ့လည် ၁၁ နာရီမှာ လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီးပြီးချင်း မကြာခင်မှာပဲ ညာဘက်ကို ယိမ်းသွားပြီး လေယာဉ် ပြေးလမ်းရဲ့ အရှေ့ဘက်ကို ပျက်ကျခဲ့ကြောင်း လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ အသက်ရှင်ကျန်ခဲ့သူ လေယာဉ်မှူးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ဆိုပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ထပ်မံ ပေါက်ကွဲခဲ့သေးတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဟိမဝန္တာ တောင်တန်းပေါ်က နီပေါနိုင်ငံမှာ အသေးစားလေယာဉ်နဲ့ ရဟတ်ယာဉ်တွေ မကြာခဏ ပျက်ကျလေ့ရှိတာကြောင့် နီပေါ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေဟာ သိပ်ပြီး ဘေးကင်း လုံခြုံစိတ်ချရတာမျိုး မရှိဘူးလို့ အများက သတ်မှတ်ထားပါတယ်။

နီပေါမှာ ခရီးသည်တင်လေယာဉ် ပျက်ကျမှု ၁၈ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG