သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ကန် ရွေးကောက်ပွဲမှာ လူမဲအမျိုးသမီးတွေရဲ့ မဲ အရေးပါနိုင်


စကားစစ်ထိုးပွဲ (ဇွန်၊ ၂၆၊ ၂၀၁၉)
စကားစစ်ထိုးပွဲ (ဇွန်၊ ၂၆၊ ၂၀၁၉)

အသားအရောင်ရှိတဲ့ အမျိုးသမီးတွေဟာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်အောင်လုပ်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖလော်ရီဒါ၊ တက္ကဆက်၊ အာရီဇိုးနားနဲ့ ဂျော်ဂျီယာ စတဲ့ မဲဆန္ဒရှင်ဦးရေ သိသိသာသာများတဲ့ ပြည်နယ်တွေက မဲဆန္ဒရှင် လေးဦးတိုင်းမှာ တဦးက အသားအရောင်ရှိတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ၂၀၁၈ ကွန်ဂရက်လွှတ်တော် သက်တမ်းဝက်ရွေးကောက်ပွဲမှာ လူမဲအမျိုးသမီးတွေဟာ ဒီမိုကရက်တွေရဲ့ အပြာရောင်လှိုင်းတံပိုး လှုပ်ရှားမှုနဲ့ အောက်လွှတ်တော်အပေါ် ရီပတ်ဘလစ်ကင်တွေရဲ့ထိန်းချုပ်မှုကို လျှော့ချနိုင်ခဲ့ပါတယ်။ မဲပေးခွင့်ရှိသူ ၅၅ ရာခိုင်နှုန်းက ထွက်ပြီး မဲပေးခဲ့ကြတဲ့အတွက် မဲပေးသူအရေအတွက်ဟာလည်း ၆ ရာခိုင်နှုန်းအထိ တက်ခဲ့ပါတယ်။

သူတို့နဲ့ မတူကွဲပြားတဲ့ အခြားအမျိုးသမီး အုပ်စုတစုကလည်း ဒီအပတ်အတွင်း မိုင်ယာမီမှာ စုဝေးကြပြီး ဒီမိုကရက် စကားစစ်ထိုးပွဲကို စောင့်ကြည့်ခဲ့ကြတဲ့အတွက် သူတို့ကိုလည်း လျစ်လျှူရှုထားလို့ မရပါဘူး။ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ တခုကို တည်ထောင်သူ Amie Allison ကတော့ အသားအရောင်ရှိတဲ့ အမျိုးသမီးတွေရဲ့ ထောက်ခံမှု မပါဘဲ သမ္မတလောင်းအဖြစ် ဘယ်သူမှ အရွေးခံရမှာ မဟုတ်သလို ဖလော်ရီဒါမှာ အနိုင်မရရင် ဘယ်သူမှ သမ္မတဖြစ်မလာနိုင်ဘူးလို့ ဆိုပါတယ်။

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ဟာ ဟေတီ၊ ကျူးဘားနဲ့ ကမ္ဘာအနှံ့က ပြောင်းရွှေ့ဝင်ရောက်လာသူတွေ စုပေါင်းအခြေချနေတဲ့ မြို့ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီကတော့ လူနည်းစု မဲဆန္ဒရှင်တွေကို ထိတွေ့ စည်းရုံးရေးဟာ လာမယ့် ရွေးကောက်ပွဲကာလအတွက် ဦးစားပေးအစီအစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG