သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်အသင်း ၆ ဂိုး၊ ၁ ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ရ


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ဖြစ်တဲ့ အုပ်စု G ရဲ့ ဒုတိယ အုပ်စုပတ်လည် ပြိုင်ပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ ပနားမားအသင်းတိုှ့ ယှဉ်ပြိုင် ကစားခဲ့ကြတာမှာ အင်္ဂလန်အသင်းက ခြေစွမ်းပြပြီး ပြိုင်ဘက်အသင်းကို ၆ ဂိုး၊ ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။

အုပ်စု G ကဘဲ Belgium အသင်းဟာလည်း ၂ ပွဲ အနိုင်ရထားတာကြောင့် လက်ရှိမှာ အင်္ဂလန်နဲ့ Belgium တို့ ၂ သင်းစလုံးဟာ ၆ မှတ်စီနဲ့ အုပ်စု ပထမနေရာမှာ ရှိကြနေပါတယ်။

ဒီကနေ့အတွက် ဒုတိယ ပွဲစဉ်အဖြစ်နဲ့ အုပ်စု H က ဂျပန်နဲ့ Senegal တို့ မကြာခင် မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ဒီကနေ့အတွက် တတိပွဲကတော့ ပိုလန်နဲ့ ကိုလံဘီယာ အသင်းတို့ မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

အုပ်စု H က ဒုတိယပွဲစဉ်အဖြစ် ကစားကြမယ့် ဂျပန်နဲ့ Senegal အသင်းတို့ဟာ ပထမပွဲစဉ်တွေမှာ တပွဲစီ အနိုင် ရထားကြတာကြောင့် ၃ မှတ်စီနဲ့ အုပ်စု ပမထမနေရာမှာ ရှိနေကြပါတယ်။

မနေ့ စနေနေ့က ကစားသွားတဲ့ ပွဲစဉ်တွေထဲက တတိယ ပွဲစဉ်ဖြစ်တဲ့ လက်ရှိချံပီယန် ဂျာမနီနဲ့ ဆွီဒင်တို့ပွဲကတော့ ပရိတ်တွေ အာရုံစိုက်မှု အများဆုံးရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ဒီပွဲမှာမနိုင်ရင် ပြိုင်ပွဲက ထွက်ရဖို့ သေချာသလောက် ရှိနေပြီဖြစ်တာကြောင့် ပထမပိုင်းမှာ ဆွီဒင်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာကြောင့် ဂျာမန်ပရိတ်သတ်တွေအတွက် ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဂျာမနီက ချေပဂိုးသွင်းပြီး ပွဲပြီးခါနီး Injury Time အချိန်ပို ၅ မိနစ်ရဲ့ နောက်ဆုံး စက္ကန့် ၃၀ မှာ ပြစ်ဒဏ်ဘောနဲ့ အနိုင်ဂိုးကို ကပ်ပြီး သွင်းလိုက်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG