သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ် အင်္ဂလန်နဲ့ တရုတ်နိုင် 


၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်အတွင်း တရုတ်အသင်းက ဟေတီအသင်းကို ပင်နယ်တီဂိုးသွင်းပြီးပြီးချင်း အောင်ပွဲခံနေတဲ့ တရုတ်ကစားသမားများ (ဇူလိုင် ၂၈၊ ၂၀၂၃)
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်အတွင်း တရုတ်အသင်းက ဟေတီအသင်းကို ပင်နယ်တီဂိုးသွင်းပြီးပြီးချင်း အောင်ပွဲခံနေတဲ့ တရုတ်ကစားသမားများ (ဇူလိုင် ၂၈၊ ၂၀၂၃)

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီကနေ့ အုပ်စု (D) က အသင်း ၄ သင်း ကစားကြတာမှာ ပထမပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ ဒိန်းမတ်ပွဲမှာ အင်္ဂလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု (D) ဒုတိယပွဲစဉ်ဖြစ်တဲ့တရုတ်နဲ့ ဟေတီတို့ ကစားကြတာမှာတော့ တရုတ်အသင်းက ၇၄ မိနစ်မှာ ပင်နယ်တီကန်ခွင့်ရပြီး ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်အတွင်း ယှဉ်ပြိုင်နေကြတဲ့ အင်္ဂလန် (အဖြူ)နဲ့ ဒိန်းမတ် (အနီ) ကစားသမားများ (ဇူလိုင် ၂၈၊ ၂၀၂၃)
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်အတွင်း ယှဉ်ပြိုင်နေကြတဲ့ အင်္ဂလန် (အဖြူ)နဲ့ ဒိန်းမတ် (အနီ) ကစားသမားများ (ဇူလိုင် ၂၈၊ ၂၀၂၃)

အုပ်စု (D) မှာ အင်္ဂလန်အသင်းက ကစားပြီးသမျှ ၂ ပွဲစလုံးကို အနိုင်ရထားတဲ့အတွက် ၆ မှတ်နဲ့ ရှေ့က ဦးဆောင်နေပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို တက်ရဖို့ သေချာသလောက် ရှိနေပါတယ်။ ဒိန်းမတ်နဲ့ တရုတ်အသင်းတို့ကတော့ ၂ ပွဲ ကစားပြီးတာမှာ တပွဲနိုင်၊ တပွဲရှုံးနဲ့ ၃ မှတ်စီ ရထားကြပါတယ်။ ဟေတီအသင်းဟာ ၂ ပွဲ ရှုံးထားပြီးဖြစ်တာကြောင့် နောက်ဆုံးကစားမယ့်ပွဲစဉ်မှာ နိုင်နိုင် ရှုံးရှုံး ထွက်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းဟာ ဒီနှစ်မှာလည်း အနိုင်ရလိမ့်မယ်လို့ တစ်ပေးခံထားရပေမယ့် လောလောဆယ်မှာ တပွဲနိုင်၊ တပွဲသရေနဲ့ ၄ မှတ်ရထားပါတယ်။ ၂၀၁၁ ခုနှစ်က ချန်ပီယံဆုရထားတဲ့ ဂျပန်အသင်းဟာ ကစားပြီးသမျှ ၂ ပွဲစလုံးမှာ အနိုင်ရထားပြီး ၆ မှတ်ရထားပြီး အုပ်စု (C) မှာ ပထမနေရာအတွက် စပိန်အသင်းနဲ့ အမှတ်တူနေပါတယ်။

ဒီနှစ်အတွက် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ သြစတြေးလျနဲ့ နယူးဇီလန်အသင်းတွေကတော့ တပွဲနိုင်၊ တပွဲရှုံးနဲ့ ၃ မှတ်စီ အသီးသီး ရထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG