သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ပြောဆိုခဲ့တဲ့ အီဒီယံအသုံးအနှုန်းများ (၂)


Republican presidential nominee Donald Trump speaks during a campaign rally at the NH Sportsplex in Bedford, New Hampshire, Sept. 29, 2016.
Republican presidential nominee Donald Trump speaks during a campaign rally at the NH Sportsplex in Bedford, New Hampshire, Sept. 29, 2016.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English-American Style Idioms ကဏ္ဍမှာ နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီးလည်နီးကပ်လာပြီမို့၊ ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလင်ကန် ပါတီသမ္မတလောင်း Donald Trump တို့ အကြိတ်အနယ် မဲဆွယ်လှုပ်ရှားနေကြ ပြီဖြစ်တဲ့အတွက်ကြောင့်လည်း ဒီသတင်းပတ်မှာ Donald Trump က Arizona ပြည်နယ် Phoenix မြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးတချို့ကို တင်ပြထားပါတယ်။

(၁) Trojan Horse

Trojan က ဘီစီ (၁၂) ကနေ (၁၄) ရာစုအထိ Asia Minor အနောက်မြောက်အနီးရှိ Troy မြို့တော်ကို ရှေးဂရိစစ်သားတွေ ဝင်ရောက်သိမ်းပိုက် ဖျက်ဆီးခဲ့တဲ့ Trojan စစ်ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Horse (မြင်း) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ Trojan မြင်း ဖြစ်ပါတယ်။ Trojan မြင်းလို့ ဆိုရာမှာ ဂရိတွေအနေနဲ့ နံရံမြင့်ကြီးတွေကာရံထားတဲ့Troy မြို့တော်ကို သိမ်းပိုက်ချင်တဲ့အတွက်ကြောင့်ဂရိစစ်သားအများကြီး ခိုအောင်းလိုက်ပါလာနိုင်တဲ့အထဲမှာဟောင်းလောင်းပေါက်ကြီးပါတဲ့ဧရာမသစ်သားမြင်းရုပ်ကြီးကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီသစ်သား မြင်းရုပ်ကြီးကို လက်ဆောင်အနေနှင့် Troy မြို့တော်ကိုဆက်သခဲ့ရာမှာ အထဲမှာ ခိုအောင်းပြီးလိုက်ပါလာတဲ့ ဂရိစစ်သားတွေအနေနဲ့ Troy မြို့တော်ကို ရောက်တာနဲ့ ညအချိန်မှာမြင်းရုပ်ကြီးထဲကနေထွက်ပြီး မြို့ကိုသိမ်းပိုက်ခဲ့တဲ့ ရာဇဝင် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Trojan Horse ဆိုတဲ့ အသုံးက ရန်သူ ဒါမှမဟုတ် ပြိုင်ဘက် ကျဆုံးရမယ့်အကြံနဲ့ ရန်သူ့နယ်မြေထဲ တိတ်တဆိတ် ခိုးဝင်လာတဲ့လူကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဒီခေတ်မှာတော့ ရန်သူ့လက်ပါးစေမျိုး၊ မိတ်ဆွေဟန်ဆောင်ပြီးနောက်ကျောဒါးနှင့်ထိုးမဲ့ လူမျိုးနဲ့ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းတော့ကိုယ့်နယ်မြေထဲကို မိတ်ဆွေဟန်ဆောင်ပြီးကြိတ်ကြံမဲ့ရန်သူ ဖြစ်ပါတယ်။ Trojan Horse ကို Donald Trump က အမေရိကန်နိုင်ငံတွင်း ကိုတရားမဝင်ရောက်ရှိလာကြတဲ့ လူတွေဟာ ကိုယ့်နိုင်ငံကိုလာပြီး ဖျက်ဆီးကြမှာဖြစ်တယ်လု့ို့ ပြောခဲ့ရာမှာ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ Donald Trump ပြောခဲ့တာကိုလေ့လာကြည့်ကြရအောင်ပါ။

We have no idea who these people are ? Where they come from? I always say Trojan horse.

ဒီလူတွေဟာ ဘယ်သူတွေ ဖြစ်ကြတယ်။ ဘယ်က လာကြတယ်ဆိုတာကို မသိကြဘူး။ ဒါကြောင့် ကျနော် အမြဲပြောခဲ့တာက သူတို့တွေဟာ ဒီနိုင်ငံကို မိတ်ဆွေဟန်ဆောင်ပြီး ဒုက္ခပေးကြမယ့်လူတွေ ဖြစ်တယ်လို့ Donald Trump က ပြောသွားတာ ဖြစ်ပါတယ်။

Trojan Horse အသုံးနှင့်ပတ်သက်တဲ့ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

The rebels planned to use the peace deal as a Trojan horse to help them take back their area.

သူပုန်တွေအနေနှင့်ငြိမ်းချမ်းရေးသဘောတူညီမှုကိုဘန်းပြပြီးသူတို့နယ်မြေပြန်ရအောင်လုပ်ဖို့ကြိတ် ကြံစည်တာဖြစ်တယ်။

(၂) Put up with

Put up (ခံနေရတာ)၊ with (နှင့်) ဆိုတော့ စကားစုတစုလုံးရဲ့ တစ်ခုခုကို ခံနေရတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့မြန်မာမှာ အနီးစပ်ဆုံးကသည်းခံနေရတာ၊ စိတ်ရှည်ရှည်ထားနေရတာကို ဆိုလိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက တရားမဝင် ရောက်ရှိလာကြတဲ့ ဒုစရိုက်သမားတွေ ဗိုလ်ကျနေတာကို နိုင်ငံတွင်းရှိ ဒေသခံရဲတွေက ထိထိရောက်ရောက် အရေးယူခွင့် မရှိကြတဲ့ အနေအထားနှင့်ပတ်သက်လို့Donald Trump ပြောခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

There is no great mystery to it. They’ve put up with it for years!

ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိစရာ၊ နားမလည်စရာမရှိပါဘူး။ ဒေသခံရဲတွေအနေနဲ့ ဒီဥပဒေ ချိုးဖောက်တဲ့လူတွေရဲ့ဒဏ်ကိုသည်းခံခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ။

Put up with အသုံးနှင့်ပတ်သက်တဲ့ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

John has a lot of patience! He has put up with his friend’s attitude for a long time.

John က သိပ်ကို စိတ်ရှည်တာဘဲ။သူ့သူငယ်ချင်းရဲ့ အပေါ်စီးနှင့်ဆက်ဆံတာကိုသူသည်း ခံခဲ့တာကြာပြီ ။

(၃) Turn the tables

Turn (လှည့်တာ၊ လှန်တာ)၊ the tables (စားပွဲတွေ) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စားပွဲတွေကို လှည့်လိုက်တာ ဒါမှမဟုတ် စားပွဲတွေကိုလှန်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ Backgammon ဆိုတဲ့ ကစားနည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒိုးပြားလေးတွေသုံးပြီး အံစာတုံးနဲ့ ကစားရတဲ့နည်း ဖြစ်ပါတယ်။ ကစားသူနှစ်ဦး မျက်နှာချင်းဆိုင်ထိုင်ပြီး အံစာတုံးပစ်ပြီး ကစားတဲ့အခါ တဘက်ကပဲ ဖိနိုင်နေတဲ့အခြေအနေကနေ၊ အမြဲရှုံးနေတဲ့ဘက်က ပြန်ကံထလာပြီး အနိုင်ရတဲ့ အနေအထားမျိုးကို Turn the tables လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေ ဆိုးနေရကာနေ မမျှော်လင့်ဘဲ ကောင်းလာတာ၊ ရှုံးနေရကာနေ မမျှော်လင့်ဘဲ အနိုင်ရလာတာ၊ ကံမကောင်းရကာနေ ကံကောင်းလာတဲ့ အခြေအနေမျိုး၊ နိမ့်ရကာနေ မြင့်ရာအခြေအနေမျိုး ။အောက်မှာ နေရတဲ့ဘဝကနေ အသာစီးရလာတဲ့အခြေအနေမျိုး ကိုTurn the tables လို့ နေ့စဉ်ဘဝမှာ ရည်ညွှန်းသုံးတာဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ ကြွေတလှည့် ၊ ကြက်တခုန်၊ ငါးပျံတလှည့်၊ဗုံလုံတလှည့် လိုဆိုရိုးစကားတွေနှင့်ဆင်တူတယ်လို့ိ့ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်လို့ Donald Trump ပြောခဲ့တာကတော့ …

Now finally, we will turn the tables and law enforcement and our police will be allowed to clear up this dangerous and threatening mess!

ကျနော်တို့အနေနဲ့ နောက်ဆုံးမှာတော့ အခြေအနေဆိုးကနေ ကောင်းတဲ့အခြေအနေကို ရောက်မှာ ဖြစ်ပါတယ်။ ဥပဒေ ထိန်းသိမ်းရေး အရာရှိတွေနဲ့ ကျနော်တို့ရဲတွေ အနေနဲ့ အန္တရာယ်ရှိပြီး ခြိမ်းခြောက်နေတဲ့ ဖြစ်ချင်ရာ ဖြစ်နေတဲ့ ကိစ္စတွေကို ရှင်းခွင့်ရကြတော့မှာ ဖြစ်ပါတယ်လို့ Donald Trump ပြောခဲ့တာဖြစ်ပါတယ်။

Turn the tables အသုံးနှင့်ပတ်သက်တဲ့ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

Now the tables have turned in Myanmar’s politics.

အခုမြန်မာနိုင်ငံရေးအခြေအနေတွေဟာအရင်ကနှင့်မတူတော့ဘူး ။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Trojan horse, Put up with နဲ့ Turn the tables တို့ဖြစ်ပါတယ်။

XS
SM
MD
LG