သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၆)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To keep mum on, Kick off နဲ့ Mixed feelings တို့ကို တင်ပြထားပါတယ်။

(၁) To keep mum on

To keep (ဖြစ်စေတာ)၊ mum က ဂန္ဓဝင်စာရေးဆရာကြီး William Shakespeare က အလယ်ခေတ်က သူ့ရဲ့ Henry IV စတုတ္ထမြောက် ဟန်နရီဇာတ်လမ်း ရေးသားရာမှာ Momme ဆိုပြီးသုံးခဲ့တဲ့ ဝေါဟာရရဲ့ ဘန်းစကားဖြစ်ပြီး တိတ်ဆိတ်နေတယ်၊ နှုတ်ပိတ်နေတယ်၊ ထုတ်မပြောဘဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ On က တခုခုနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ဒါကြောင့် စကားတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတာ ဖြစ်ပါတယ်။ တကယ်လဲပဲ နှုတ်ခမ်းကိုစေ့ပြီး အသံထွက်ဖို့ ကြိုးစားကြည့်ရင် Mmmmm ဆိုတဲ့ အသံပဲ ထွက်တာမို့ To keep mum on ရဲ့ အီဒီယံအဓိပ္ပါယ်က ပါးစပ်က ဘာမှမထွက်ဘဲနေတာ၊ နှုတ်ဆိတ်နေတာကို ဆိုလိုပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က ၂၀၁၇ နှစ်တုန်းက Stock ဈေးတွေတက်ပြီး စီးပွားရေးအားကောင်းတာဟာ သူ့ကြောင့်လို့ ဂုဏ်ယူထုတ်ပြောခဲ့ပေမယ့် ၊ မကြာသေးမီကပဲ Stock ဈေးတွေ တရက်ထဲမှာ အဆိုးဝါးဆုံး ထိုးကျတဲ့အခါမှာတော့ သမ္မတက ငြိမ်နေတဲ့အတွက်ကြောင့် တက်တုန်းကတော့ သူ့ကြောင့်ဆိုပြီး ဂုဏ်ယူပြောတယ်။ အခုလို ကျတဲ့အခါကျတော့ ထူးထူးဆန်းဆန်း ဘာမှမပြောဘဲ နှုတ်ဆိတ်နေပါလားဆိုပြီး သတင်းမီဒီယာတွေမှာ Trump uncharacteristically mum on stock market as it tumbles လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Let’s keep mum on John’s surprise birthday party.

John ရဲ့ မွေးနေ့ပါတီကို သူ့အတွက် အံ့အားသင့်စေအောင် လုပ်ပေးမှာဖြစ်တဲ့အတွက် အဲဒီအကြောင်း တိတ်တိတ်ပဲ နေကြပါစို့။

(၂) Kick off

Kick (ကန်တာ)၊ off (အဝေးကိုပြတဲ့ ဝိဘတ် - Preposition) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဝေးကို ကန်လိုက်တာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေစရင် ဘောလုံးကို အရင်ကန်ခွင့်ရတဲ့အသင်းက ဘောလုံးကို စကန်ပြီး ပွဲစရတာ ဖြစ်တဲ့အတွက်ကြောင့်လဲ Kick off အီဒီယံအဓိပ္ပါယ်က ပွဲတွေ၊ အခမ်းအနားတွေ စသဖြင့်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို အခု တောင်ကိုရီးယားနိုင်ငံ မှာ Pyeongchang ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ဖေဖေါ်ဝါရီလ (၈) ရက်နေ့က စတင်လိုက်ရာမှာ Washington Post သတင်းစာကြီးက Olympics Day 1: Opening ceremonies kick off the Pyeongchang games အိုလံပစ်ပွဲတော် ပထမနေ့ မှာ ပွဲတော်ဖွင့်ပွဲအခမ်းအနားတွေနဲ့ Pyeongchang အားကစားပွဲတော်ကို စတင်လိုက်တယ် လို့ ရေးသားထားပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Independence Day celebrations kicked off with a huge military parade.

လွတ်လပ်ရေးနေ့အခမ်းအနားတွေကို အင်အားကြီးမားလှတဲ့ စစ်ရေးပြအခမ်းအနားနဲ့ စတင်လိုက်တယ်။

(၃) Mixed feelings

Mixed (ရောနေတာ)၊ feelings (ခံစားချက်တွေ) ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရောနေတဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တခုခုနဲ့ ပတ်သက်လို့ တချိန်တည်းမှာ ဝမ်းနည်းဝမ်းသာဖြစ်တာ၊ အဆိုးအကောင်း ခံစားရတဲ့သဘောမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို Pyeongchang ဆောင်းရာသီအိုလံပစ် ပွဲတော်ကို မြောက်ကိုရီးယား အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ရကြရာမှာ မြောက်ကိုရီးယားနိုင်ငံသား (၅၀၀) ခန့်က အဲဒီအဖွဲ့မှာ လိုက်ပါလာတဲ့အတွက်ကြောင့်မို့ ဒါဟာ ၂၀၀၂ BUSAN အာရှ အားကစားပွဲတော်အပြီးမှာ မြောက်ကိုရီးယားနိုင်ငံသားတွေ တောင်ကိုရီးယားမှာ ရောက်ရှိနေတာ အများဆုံး ဖြစ်ပါတယ်။ အခုလို ရောက်ရှိတာနဲ့ ပတ်သက်ပြီးတော့ တောင်ကိုရီးယားနိုင်ငံသားတွေကြားမှာ သဘောကျပြီးဝမ်းသာနေသူတွေ ရှိနေသလို၊ သံသယနဲ့ ရှုမြင်ပြီး စိတ်မချမ်းမသာဖြစ်နေကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့် Washington Post သတင်းစာကြီးက Mixed feelings in South Korea over North Korea Olympics visit လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John has mixed feelings about his recent promotion. It’s true his income will increase but he will have more responsibilities.

John က မကြာမီကသူရာထူးတိုးခဲ့တာနဲ့ပတ်သက်လို့ ဝမ်းနည်းဝမ်းသာ ဖြစ်နေတယ်။ လစာပိုရတာ တော့မှန်ပေမယ့်လို့ တာဝန်တွေ ပိုကြီးလာမှာ ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက To keep mum on, Kick off နဲ့ Mixed feelings တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG