သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၄)


U.S. Coast Guard Cutter Penobscot Bay helps break free tug Stephanie Dann from the ice on the Hudson River near Kingston, New York, U.S. Photo/Handout via REUTERS
U.S. Coast Guard Cutter Penobscot Bay helps break free tug Stephanie Dann from the ice on the Hudson River near Kingston, New York, U.S. Photo/Handout via REUTERS
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Break the ice, Buy time နဲ့ Drive a wedge တို့ကို တင်ပြထားပါတယ်။

(၁) Break the ice

Break (ခွဲတာ၊ ချိုးတာ၊ ဖျက်တာ)၊ the ice (ရေခဲ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရေခဲကို ခွဲတာ ဖြစ်ပါတယ်။ အေးခဲနေတဲ့ ရေခဲတုံးကို အမြန်ပျော်စေချင်ရင်အလွယ်ဆုံးနည်း ကခွဲဖို့ဘဲ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလူတွေအချင်းချင်းကြားထိတွေ့ဆက်ဆံရာမှာ အစပိုင်းမှာ ခပ်စိမ်းစိမ်းဖြစ်နေတာ၊ စိတ်သဘောချင်း မတိုက်ဆိုင်လို့ မခေါ်မပြောဘဲ၊ အေးတိအေးစက် ဖြစ်နေတဲ့ အခြေအနေကို နွေးထွေးသွားအောင်လုပ်တာ၊ခင်ခင်မင်မင်နှင့် ပြောရဲဆိုရဲ ရှိစေဖို့ ကိုယ့်ဖက်က အလျှော့ပေး လိုက်လျောတာ၊ ရယ်စရာမောစာ ဟာသနှောပြီး ပြောဆိုလို့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ အနေအထားကနေ ခင်မင်တဲ့ နွေးထွေးမှု ရရှိလာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တခါတရံလဲ ပရိသတ်ရှေ့မှာ မိန့်ခွန်းပြောရတဲ့လူက ပထမ ကြောင်အန်းအန်း ဖြစ်နေပေမယ့်၊ ကိုယ်ပြောတဲ့ အကြောင်းအရာအစမှာ ရယ်စရာမောစရာ အရွှန်းဖောက် ပြောတဲ့အခါမှာ ကိုယ့်ပရိသတ်က စိတ်ဝင်စားလာပြီး ပြောသူနဲ့ ရင်းနှီးမှုရရှိပြီး နွေးထွေးလာတာအောင်လုပ်တာကိုလဲ Break the ice လို့ တင်စားပြောကြပါတယ်။

ဒီအသုံးကို ကမ္ဘာ့ရန် နှစ်နိုင်ငံဖြစ်တဲ့ တောင် နဲ့ မြောက်ကိုရီးယားကြား ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ ဆက်ဆံရေး နွေးထွေးမှု ရရှိစေဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က တောင်ကိုရီးယား Pyeongchang မှာ ဖေဖေါ်ဝါရီလမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော် မှာ မြောက်ကိုရီးယားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးမဲ့အပြင် ပွဲတော်မှာ မြောက်နဲ့တောင်ကိုရီးယားနှစ်သင်းတို့ ပြန်လည်ပေါင်းစည်းရေး အလံတော်အောက်မှာ ချီတက်လမ်းလျှောက်ဖို့အတွက် သဘောတူညီတဲ့ ကမ်းလှမ်းချက်တွေ ရှိခဲ့တာကြောင့် တောင်နဲ့မြောက်ကိုရီးယား အဆင်မပြေမှု လျော့စေပြီး နွေးထွေးမှုကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လဲ ရိုက်တာသတင်းတပုဒ်မှာ North, South Korea begin talks as Winter Olympics help break ice လို့ ခေါင်းကြီးရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Jim told a very funny joke. It really helped to break the ice at the party.

Jim က သိပ်ကိုရယ်စရာကောင်းတဲ့ ပျက်လုံးတခုကို ပြောလိုက်တာကြောင့် ပါတီပွဲမှာ ခပ်စိမ်းစိမ်းဖြစ်နေတဲ့ လူတွေကြား နွေးထွေးမှုကို ရရှိစေခဲ့တယ်။

(၂) Buy time

Buy (ဝယ်တာ)၊ time (အချိန်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အချိန်ကိုဝယ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတခုခု လုပ်တဲ့အခါမှာ အချိန်ပိုရလေအောင် အချိန်ဆွဲတာ ဖြစ်ပါတယ်။ ဒီအသုံးကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို မြောက်ပိုင်းက အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမဲ့အပြင် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု လျော့စေဖို့ တောင်နဲ့မြောက် အစိုးရအရာရှိတွေကြား ဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အတွက်ဒီခြေလှမ်းတွေဟာ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အကျပ်အတည်းဖြစ်နေတဲ့ သူ့ရဲ့ ဒုံးလက်နက် အစီအစဉ်လုပ်ဆောင်ရာမှာ အချိန်ပိုရစေဖို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့၊ ဂျပန်အပါအဝင် အမေရိကန် စစ်အရာရှိတချို့က သတိပေးခဲ့တဲ့အတွက်ကြောင့် သတင်းမီဒီယာမှာ North Korea WARNING: Kim's South Korea talks are a ploy to 'buy more time' to build nukes လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some ethnic groups in Myanmar want to buy time before signing the peace agreement.

မြန်မာနိုင်ငံမှာ တချို့တိုင်းရင်းသားအုပ်စုတွေက ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးမီ အချိန်ဆွဲထားချင်ကြတယ်။

(၃) To drive a wedge

To drive (ရိုက်သွင်းတာ)၊ a wedge သပ် (သို့မဟုတ်) စို့ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သပ်ရိုက်သွင်းတာ၊ စို့ရိုက်သွင်းတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က မြန်မာအသုံးမှာ သပ်လျှိုတယ်ဆိုတဲ့ စကားနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဆက်ဆံရေး ပျက်ပြားအောင်လုပ်တာ၊ စိတ်ဝမ်းကွဲအောင် လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို တောင်နဲ့မြောက်ကိုရီးယားကြား ၂နှစ်တာအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ (၉) ရက်နေ့က ဆွေးနွေးခဲ့တဲ့အပြင် ဆောင်းရာသီအိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယားအသင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး စသဖြင့်ကိုမြောက်ကိုရီးယားခေါင်းဆောင် က ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်စစ်ဘက်အရာရှိတချို့တို့က ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယားကြားစိတ်ဝမ်းကွဲစေဖို့ မြောက်ကိုရီးယားခေါင်းဆောင်က သပ်လျှိုတာ ဖြစ်နိုင်တယ်ဆိုပြီးတော့ သတိပေးခဲ့ကြတဲ့အတွက်ကြောင့် Washington Post သတင်းစာကြီးမှာ Yes, North Korea could drive wedge between the US and South Korea ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mistrust has driven a wedge between the two friends.

ယုံကြည်စိတ်ချရမှုကင်းမဲ့ခြင်းဟာ သူငယ်ချင်းနှစ်ဦးကြား စိတ်ဝမ်းကွဲစေခဲ့တဲ့အချက်ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Break the ice, Buy time နဲ့ Drive a wedge တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG