သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၃)


Chinese fan websites for Donald Trump are displayed on a computer with the words "Donald J. Trump super fan nation, Full and unconditional support for Donald J. Trump to be elected U.S. president" in Beijing, China, May 18, 2016. China features prominentl
Chinese fan websites for Donald Trump are displayed on a computer with the words "Donald J. Trump super fan nation, Full and unconditional support for Donald J. Trump to be elected U.S. president" in Beijing, China, May 18, 2016. China features prominentl
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Caught red handed, Close call နဲ့ No big deal တို့ကို တင်ပြထားပါတယ်။

(၁) Caught red handed

Caught က (ဖမ်းမိတာ) ၊ red (အနီရောင်)၊ handed (လက်နဲ့လုပ်ဆောင်တာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနီရောင်လက်နဲ့ လုပ်ဆောင်နေတုံးဖမ်းမိတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ (၁၅) ရာစု Scotland က လို့ဆိုပါတယ်။ လက်မှာသွေးပေကျံနေတုန်း ဖမ်းမိတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခု လုပ်နေတုန်း လက်ပူးလက်ကြပ် သက်သေအထောက်အထားနဲ့မိတာ ဖြစ်ပါတယ်။ ဒီအသုံးကို နျူကလီးယားအစီအစဉ်တွေကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်စို့မှု ချမှတ်ထားတဲ့ မြောက်ကိုရီးယားကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်ဘက်ကနေ ရေနံကို ပင်လယ်ပြင်မှာ သင်္ဘောတစင်းကနေတစင်း လွှဲပြောင်းရောင်းချပေးနေတာကိုတောင်ကိုးရီးယားကထောက်လှမ်းသိရှိခဲ့ တဲ့သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က Twitter ပေါ်မှာ တရုတ်ကို လက်ပူးလက်ကြပ်မိပြီ Caught red handed လို့ ရေးသားခဲ့တဲ့အတွက် PBS သတင်းဌာနက Trump says China 'caught red handed' selling oil to North Korea ခေါင်းကြီးနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John tried to cheat in the exam, but the teacher caught him “red handed”.

John က စာမေးပွဲမှာ ခိုးချဖို့ ကြိုးစားနေတာကို ဆရာက လက်ပူးလက်ကြပ် မိသွားခဲ့တယ်။

(၂) Close call

Close (နီးကပ်တာ)၊ call က အဓိပ္ပါယ်အမျိုးမျိုးရှိပြီး ဒီနေရာမှာ နာမ် (Noun) အဖြစ် အသုံးပြုထားတာ ဖြစ်တဲ့အတိုင်း အော်ပြီးသတိပေးချက် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နီးတဲ့ အော်ပြီး သတိပေးချက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အန္တရာယ်ကနေ သီသီလေး ကပ်ပြီးလွတ်သွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးက ဇန်နဝါရီလ (၄) ရက်နေ့က အမေရိကန်အရှေ့ဘက်အခြမ်းမှာ Bomb storm လို့ တင်စားခေါ်ဝေါ်တဲ့ ဗုံးကွဲသလိုပြင်းထန်တဲ့နှင်းမုန်တိုင်းကြီး ကျရောက်ရာမှာ ဝါရှင်တန်မြို့တော်တဝိုက်ရှိ ဒေသတွေကတော့ ဒီ နှင်းမုန်တိုင်း တိုက်တဲ့ လမ်းကြောင်းကနေ သီသီလေး ကပ်လွတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေက နှင်းမုန်တိုင်းကြီး လမ်းကြောင်းကနေ ဝါရှင်တန်ဒီစီ သီသီလေး ကပ်လွတ်သွားတယ်ဆိုပြီး ခန့်မှန်းချက်တွေ ရေးသားရာမှာ Fox News သတင်းဌာနက Close call: Massive snow storm may graze D.C. Thursday morning ဆိုပြီး၊သီသီလေး ကပ်လွတ်သွားမယ် ၊ ကြာသပတေးနေ့ နှင်းမုန်တိုင်းက DC တဝိုက် ကပ်ပြီးဖြတ်တိုက်နိုင်တယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a “close call”. I nearly hit a deer that ran in front of my car this morning.

သီသီလေး ကပ်လွတ်သွားခဲ့တယ်။ ဒီမနက် ကျနော့်ကားရှေ့ ဖြတ်ပြေးခဲ့တဲ့ သမင်ကို ကျနော် တိုက်မိတော့မလို ဖြစ်ခဲ့တယ်။

(၃) No big deal

No (မဟုတ်တာ)၊ big deal (အကြီးအကျယ် ဖြစ်ရပ်တခု ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အကြီးအကျယ်ဖြစ်ရပ် မဟုတ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အသုံးအမျိုးမျိုး ရှိပါတယ်။ ကျမတို့မြန်မာမှာ အနီးစပ်ဆုံး ပြောရရင်၊ တခုခုနဲ့ ပတ်သက်လို့သိပ်ကိစ္စမရှိတာ၊ အသေးအဖွဲဖြစ်တာ၊ သိပ်အရေးမကြီးတာ၊ အဲဒီလောက်တော့ ခံနိုင်ရည်ရှိတာမျိုးဖြစ်တာ၊ အသာလေးပဲဖြစ်တာ၊ သိပ်ဂရုမစိုက်တာ၊ သိပ်ပြဿနာ မရှိတာ၊ စိတ်ပူစရာမလိုတာ စသည်ဖြင့်တို့ကို ရည်ညွှန်းရာမှာ No big deal ကို သုံးနိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာသေးမီက ကျရောက်ခဲ့တဲ့ နှင်းမုန်တိုင်းကြီးနဲ့ ပတ်သက်လို့ပဲ သတင်းမီဒီယာတွေက ရည်ညွှန်းရေးသားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မြောက်ဘက်ခြမ်းရှိ ပြည်နယ်တွေကတော့ နှင်းမုန်တိုင်းကြီးတွေ နှစ်စဉ်ကျရောက်လေ့ ရှိတဲ့အတွက်ကြောင့် ခံနိုင်ရည်ရှိပြီး သိပ်ဂရုမစိုက်ကြပါဘူး။ ဒါကြောင့်လဲ အဲဒီမြောက်ပိုင်းသားတွေအတွက်က ဒီလောက်နှင်းမုန်တိုင်းကြီးကတော့ အပျော့ပေါ့ဆိုပြီးတော့ ပြဿနာ မဟုတ်ဘူးလို့ ပြောလေ့ရှိရာမှာ No big deal ကိုသုံးခဲ့ကြတာ ဖြစ်ပါတယ်။ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တွေကတော့ နှင်းမုန်တိုင်းကြီးကျပြီဆိုရင် အအေးဒဏ်ကိုကြောက်ပြီး အဖြစ်သည်းလေ့ရှိတာကြောင့် မြောက်ပိုင်းသားတွေရဲ့ ခနဲ့မှုကို မကြာခဏ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီတခါ ရေခဲမှတ်အောက် အတော်လေး ကျခဲ့တဲ့ အေးခဲမှုကြောင့် ဝါရှင်တန်မြို့တော်တဝိုက် ရင်ဆိုင်နေရတဲ့ အဖြစ်သည်းမှုကို မြောက်ပိုင်းသားတွေက မကဲ့ရဲ့ဖို့ Washington Post သတင်းစာကြီးကနေ မြောက်ပိုင်းသားတွေအတွက် ဒီရာသီက အပျော့ဖြစ်ပေမယ့်လို့ မလှောင်ပါနဲ့ ပါးစပ်ပိတ်ထားကြပါဆိုပြီးတော့ Dear Northerners: We get that this weather is no big deal for you. Now please shut up လို့ စိတ်မရှည်ဘဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It's “no big deal” to set up a Facebook account.

Facebook အကောင့် ဖွင့်ဖို့က သိပ်မခက်ပါဘူး။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Caught red handed, Close call နဲ့ No big deal တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG