သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီတာခမေဆာင္ရင္ မီးျဖတ္မယ္လို႔ EPC သတိေပး


Myanmar

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ျပည္သူအမ်ားက ကန္႔ကြက္ဆႏၵျပတဲ့အေနနဲ႔ မီတာခ၊ ေရခ အပါအဝင္ အစိုးရဘ႑ာျဖစ္ေစမယ့္ ဝန္ေဆာင္ခေတြ မေပးေဆာင္ဘဲ အသံတိတ္ဆႏၵျပေနၾကပါတယ္။ လ ွ်ပ္စစ္မီတာခေတြ မေပးေဆာင္သူ ေတာ္ေတာ္ေလးမ်ားေနတဲ့အတြက္ မီတာခမေဆာင္ရင္ လွ်ပ္စစ္မီးျဖတ္ေတာက္ခံရမယ္လို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက သတိေပးေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္မွာ အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ အစိုးရဝန္ထမ္းေတာ္ေတာ္မ်ားမ်ား အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္႐ွားမႈမွာ ပါဝင္ခဲ့ၾကပါတယ္။

အဲဒီထဲမွာ လ ွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ဝန္ထမ္းေတြလည္း ပါဝင္ၾကတဲ့အတြက္ လုပ္ငန္းလည္ပတ္မႈေတြ ထိခိုက္ခဲ့ၿပီး ပံုမွန္ မီတာခေကာက္ခံတာကအစ ေႏွာင့္ေႏွာင္းခဲ့ပါတယ္။

ျပည္သူအမ်ားစုကလည္း စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတာကုိ ကန္႔ကြက္တဲ့အေနနဲ႔ မီတာခအပါအဝင္ အစိုးရကိုေပးေဆာင္ရတဲ့ ဝန္ေဆာင္ခေတြကို မေပးဘဲ လ်စ္လ်ူ႐ႈထားၾကပါတယ္။

ဒါေၾကာင့္ လွ်ပ္စစ္ဓာတ္အား သုံးစြဲသူေတြအေနနဲ႔ သတ္မွတ္ထားတဲ့ ရက္အတြင္းမွာ မီတာခမေပးေဆာင္ဘူးဆိုရင္ လွ်ပ္စစ္ဥပေဒအရ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္ အေရးယူခံရမယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ဇန္နဝါရီလမွာ က်သင့္တဲ့မီတာခေတာင္းတဲ့စာ႐ြက္ကို ၿပီးခဲ့တဲ့ ရက္ပိုင္းကမွရခဲ့တဲ့ ရန္ကုန္ၿမိဳ႕က အိမ္႐ွင္မတေယာက္ကေတာ့ မီတာခ မေဆာင္ေသးဘဲ ေစာင့္ၾကည့္ဦးမယ္လို႔ ေျပာပါတယ္။

“မီတာစာ႐ြက္က ၿမိဳ႕နယ္လွ်ပ္စစ္မန္ေနဂ်ာ ဆိုတဲ့ေနရာမွာ အရင္တုန္းက လက္မွတ္ထိုးတယ္၊ အခုဟာက ဘာမွလက္မွတ္မထိုးဘူး။ လက္မွတ္ထိုးထားတာလည္း မရွိဘူး၊ ၃ လပိုင္း ၂၅ ရက္ေန႔ ေနာက္ဆုံးထားၿပီး ေဆာင္ရမယ္ဆိုတဲ့ မီတာခကို အခု ၅ လပိုင္းမွ လာေပးတယ္။ ညက သတင္းနားေထာင္လိုက္ရတယ္၊ မီတာခကို က်သင့္သေလာက္ေပး၊ တကယ္လို႔ မေပးဘူးဆိုရင္ သူတို႔ဘက္ကျဖတ္မယ္ဆိုရင္ သူတို႔အေနနဲ႔ကေတာ့ ၾကားထဲကေန အသိေပးတယ္ဆိုတဲ့ သေဘာမ်ိဳးေပါ့။ ဒါေပမဲ့ မီတာခ မေဆာင္ေသးဘူး။”

ဇန္နဝါရီလအတြက္ ေမလထဲမွာမွရတဲ့ မီတာေဆာင္ရမယ့္ စာ႐ြက္အတိုင္း သြားေဆာင္သူေတြ ရက္လြန္ေၾကးေပးခဲ့ရတယ္လို႔ ႀကံဳေတြ႔ခဲ့ရသူတေယာက္က ေျပာျပပါတယ္။

“ဘုန္းႀကီးေက်ာင္း ႏွစ္က်ာင္းက မီတာခသြားေဆာင္တယ္။ သြားေဆာင္ေတာ့ ရက္ေက်ာ္ခဆိုၿပီးေတာ့ ၂,၀၀၀ ထပ္ေကာက္ထားေသးတယ္။ မီတာစာ႐ြက္မွာ ေရးထားတာက်ေတာ့ ဇန္နဝါရီလအတြက္ ဆိုၿပီးေတာ့ စာမွာပါတယ္။ ဒါေပမဲ့ သူက ဒီလပိုင္းမွ လာၿပီးေပးတယ္။ သူတို႔ေပးၿပီး ေနာက္ထပ္ သံုးရက္ေလာက္မွာ သြားေဆာင္ေတာ့ ရက္ေက်ာ္ေၾကးဆိုၿပီး ေတာင္းတာ။ ရပ္ကြက္ကလူေတြကေတာ့ သိပ္မေဆာင္ၾကဘူး၊ ေဆာင္တဲ့သူ တခ်ိဳ႕တဝက္ပဲရွိတယ္။ ေတာ္ေတာ္မ်ားမ်ားက မေဆာင္ၾကဘူး။ မီးျဖတ္မယ္ဆိုလည္း အျဖတ္ခံၿပီးေတာ့ မေဆာင္ၾကတာ။”

CDM လႈပ္႐ွားမႈမွာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးလုပ္ငန္း EPC ႐ုံးဝန္ထမ္းအမ်ားစု ပါဝင္ခဲ့ၾကၿပီး တခ်ဳိ႕ဆို ဝန္ထမ္းအျဖစ္ကေန ထုတ္ပယ္ခံခဲ့ၾကရပါတယ္။ EPC ႐ုံးေတြမွာ CDM လုပ္ေနတဲ့ ဝန္ထမ္းေတြေနရာမွာ လူသစ္ေတြနဲ႔ အစားထုိးခန္႔တာေတြလည္း႐ွိပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕အိမ္ေတြက မီတာေဆာင္ဖုိ႔ ေတာင္းခံစာေတာင္ မရဘူးလို႔ ေျပာပါတယ္။

“မီတာစာရင္း လာေကာက္တဲ့ေကာင္ေလးကလည္း CDM ဝင္ထားတယ္။ မီတာစာ႐ြက္ေတြလည္း ေရာက္မလာေသးဘူး။ ဒီေန႔ေတာ့ Facebook မွာေတာ့ ေတြ႕လိုက္တယ္ ... မီတာခေဆာင္ရမယ္ေပါ့။ အန္တီကေတာ့ မေဆာင္ခ်င္ဘူး။”

CDM ဝင္ထားတဲ့ EPC ဝန္ထမ္းေတြကလည္း စစ္ေကာင္စီ ဝင္ေငြရေစမယ့္ မီတာခေတြ မေဆာင္ၾကပါနဲ႔လို႔ တုိက္တြန္းေနၾကပါတယ္။

စစ္တပ္အုပ္ခ်ဳပ္ေနတာကို ကန္႔ကြက္တဲ့အေနနဲ႔ လွ်ပ္စစ္႐ုံးက ေကာက္ခံတဲ့ မီတာခအျပင္၊ စည္ပင္သာယာကေကာက္တဲ့ အိမ္ခြန္၊ ေရခြန္နဲ႔ အညစ္အေၾကးခြန္တို႔ကိုလည္း မေပးေဆာင္ဘဲ အသံတိတ္ သပိတ္ေမွာက္ေနၾကသူေတြ ႐ွိပါတယ္။ ဒါ့အျပင္ စားေသာက္ကုန္ ဝယ္ယူရာမွာလည္း အခြန္မေပးေဆာင္ရတဲ့ ဆိုင္ေတြကိုသာ ဦးစားေပးစားၾကဖုိ႔ တုိက္တြန္းမႈေတြလည္း ႐ွိေနပါတယ္။

...................................

မီတာခမေဆာင္ရင္ မီးျဖတ္မယ္လို႔ EPC သတိေပး
please wait

No media source currently available

0:00 0:03:33 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူအများက ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မီတာခ၊ ရေခ အပါအဝင် အစိုးရဘဏ္ဍာဖြစ်စေမယ့် ဝန်ဆောင်ခတွေ မပေးဆောင်ဘဲ အသံတိတ်ဆန္ဒပြနေကြပါတယ်။ လ ျှပ်စစ်မီတာခတွေ မပေးဆောင်သူ တော်တော်လေးများနေတဲ့အတွက် မီတာခမဆောင်ရင် လျှပ်စစ်မီးဖြတ်တောက်ခံရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက သတိပေးနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အစိုးရဝန်ထမ်းတော်တော်များများ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီထဲမှာ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတွေလည်း ပါဝင်ကြတဲ့အတွက် လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်ခဲ့ပြီး ပုံမှန် မီတာခကောက်ခံတာကအစ နှောင့်နှေးခဲ့ပါတယ်။

ပြည်သူအများစုကလည်း စစ်အာဏာသိမ်းအုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မီတာခအပါအဝင် အစိုးရကိုပေးဆောင်ရတဲ့ ဝန်ဆောင်ခတွေကို မပေးဘဲ လျစ်လျူရှုထားကြပါတယ်။

ဒါကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ရက်အတွင်းမှာ မီတာခမပေးဆောင်ဘူးဆိုရင် လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အား ဖြတ်တောက် အရေးယူခံရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလမှာ ကျသင့်တဲ့မီတာခတောင်းတဲ့စာရွက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှရခဲ့တဲ့ ရန်ကုန်မြို့က အိမ်ရှင်မတယောက်ကတော့ မီတာခ မဆောင်သေးဘဲ စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“မီတာစာရွက်က မြို့နယ်လျှပ်စစ်မန်နေဂျာ ဆိုတဲ့နေရာမှာ အရင်တုန်းက လက်မှတ်ထိုးတယ်၊ အခုဟာက ဘာမှလက်မှတ်မထိုးဘူး။ လက်မှတ်ထိုးထားတာလည်း မရှိဘူး၊ ၃ လပိုင်း ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရမယ်ဆိုတဲ့ မီတာခကို အခု ၅ လပိုင်းမှ လာပေးတယ်။ ညက သတင်းနားထောင်လိုက်ရတယ်၊ မီတာခကို ကျသင့်သလောက်ပေး၊ တကယ်လို့ မပေးဘူးဆိုရင် သူတို့ဘက်ကဖြတ်မယ်ဆိုရင် သူတို့အနေနဲ့ကတော့ ကြားထဲကနေ အသိပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ မီတာခ မဆောင်သေးဘူး။”

ဇန်နဝါရီလအတွက် မေလထဲမှာမှရတဲ့ မီတာဆောင်ရမယ့် စာရွက်အတိုင်း သွားဆောင်သူတွေ ရက်လွန်ကြေးပေးခဲ့ရတယ်လို့ ကြုံတွေ့ခဲ့ရသူတယောက်က ပြောပြပါတယ်။

“ဘုန်းကြီးကျောင်း နှစ်ကျာင်းက မီတာခသွားဆောင်တယ်။ သွားဆောင်တော့ ရက်ကျော်ခဆိုပြီးတော့ ၂,၀၀၀ ထပ်ကောက်ထားသေးတယ်။ မီတာစာရွက်မှာ ရေးထားတာကျတော့ ဇန်နဝါရီလအတွက် ဆိုပြီးတော့ စာမှာပါတယ်။ ဒါပေမဲ့ သူက ဒီလပိုင်းမှ လာပြီးပေးတယ်။ သူတို့ပေးပြီး နောက်ထပ် သုံးရက်လောက်မှာ သွားဆောင်တော့ ရက်ကျော်ကြေးဆိုပြီး တောင်းတာ။ ရပ်ကွက်ကလူတွေကတော့ သိပ်မဆောင်ကြဘူး၊ ဆောင်တဲ့သူ တချို့တဝက်ပဲရှိတယ်။ တော်တော်များများက မဆောင်ကြဘူး။ မီးဖြတ်မယ်ဆိုလည်း အဖြတ်ခံပြီးတော့ မဆောင်ကြတာ။”

CDM လှုပ်ရှားမှုမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း EPC ရုံးဝန်ထမ်းအများစု ပါဝင်ခဲ့ကြပြီး တချို့ဆို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ကြရပါတယ်။ EPC ရုံးတွေမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနေရာမှာ လူသစ်တွေနဲ့ အစားထိုးခန့်တာတွေလည်းရှိပါတယ်။ ဒါကြောင့် တချို့အိမ်တွေက မီတာဆောင်ဖို့ တောင်းခံစာတောင် မရဘူးလို့ ပြောပါတယ်။

“မီတာစာရင်း လာကောက်တဲ့ကောင်လေးကလည်း CDM ဝင်ထားတယ်။ မီတာစာရွက်တွေလည်း ရောက်မလာသေးဘူး။ ဒီနေ့တော့ Facebook မှာတော့ တွေ့လိုက်တယ် ... မီတာခဆောင်ရမယ်ပေါ့။ အန်တီကတော့ မဆောင်ချင်ဘူး။”

CDM ဝင်ထားတဲ့ EPC ဝန်ထမ်းတွေကလည်း စစ်ကောင်စီ ဝင်ငွေရစေမယ့် မီတာခတွေ မဆောင်ကြပါနဲ့လို့ တိုက်တွန်းနေကြပါတယ်။

စစ်တပ်အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ လျှပ်စစ်ရုံးက ကောက်ခံတဲ့ မီတာခအပြင်၊ စည်ပင်သာယာကကောက်တဲ့ အိမ်ခွန်၊ ရေခွန်နဲ့ အညစ်အကြေးခွန်တို့ကိုလည်း မပေးဆောင်ဘဲ အသံတိတ် သပိတ်မှောက်နေကြသူတွေ ရှိပါတယ်။ ဒါ့အပြင် စားသောက်ကုန် ဝယ်ယူရာမှာလည်း အခွန်မပေးဆောင်ရတဲ့ ဆိုင်တွေကိုသာ ဦးစားပေးစားကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG